ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Circuit Breaker

Circuit Breaker
***************

Circuit Breaker ၏ ဆောင်ရွက်နိုင်စွမ်းသည် Contact ထိပ်မှာ ဓာတ်အားရှိနေလျှက်ဖြင့် ဓာတ်အားပို့လွှတ်နိုင် ခြင်း၊ လျှပ်စစ်စီးဆင်းနေသည့် လမ်းကြောင်းကို ဓာတ် အား ဖြတ်တောက်နိုင်ခြင်း၊ Fault Current များ စီးဆင်း နေ သည့်အချိန်တွင် ဓာတ်အားဖြတ်တောက်နိုင်ခြင်းများ ဖြစ်ပါတယ်။ အပိတ်/အဖွင့် ပြုလုပ်ရာတွင် Control Circuitဖြင့် Remote/Local ဆောင်ရွက်နိုင်သလို Fault Currentများ စီးဆင်းသည့်အချိန်တွင်လည်း Protection Relayများ၏ Tripping Commandဖြင့် Open(Tripp -ing) လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။

CBများ ON/OFF ပြုလုပ်သည့်အခါ ၄င်းတို့၏ Contact ထိပ်တွင် ထွက်ပေါ်လာသည့် Arcingများကို ငြိမ်းသတ် ပေးသည့် Insulation အမျိုးအစားပေါ်မူတည်၍ နည်း ပညာအရ (၄)မျိုးခွဲခြားနိုင်ပါတယ်။ Mediumနှင့် High voltage Level အတွက်သာ ရည်ရွယ်ပါတယ်။
1. Vacuum Circuit Breaker(VCB)
    ( Vacuum ဖြင့် Arcing ကို ငြိမ်းသတ်ခြင်း)
2. Air Blast Circuit(ABCB)
    ( လေဖိအားဖြင့် Arcing ကို ငြိမ်းသတ်ခြင်း)
3. Oil Circuit Breaker(OCB)
    ( Insulation Oil ဖြင့် Arcing ကို ငြိမ်းသတ်ခြင်း)
4. SF6 Gas Circuit Breaker(GCB)
    ( Sulphur hexafluoride Gas SF6ဖြင့် Arcingကို ငြိမ်းသတ်ခြင်း)

Contact Chamber တည်ဆောက်သည့် အနေအထား ပေါ်မူတည်ပြီး  Dead Tank နဲ့ Live Tank ဆိုပြီး ရှိပါ တယ်။ Dead Tankက Contact Chamberကို အောက် ပိုင်းမှာထားပြီး Highvoltage Terminalများကို Bush-ing Insulatorဖြင့် တည်ဆောက်ပါတယ်။ Live Tankက Contact Chamberကို အပေါ်ပိုင်း Bushing Insulator မှာထားပြီး တည်ဆောက်ပါတယ်။ Vaccum Circuit Breaker ကို 36kV နှင့်အောက် Voltage Level တွေမှာ သာ အသုံးပြုပါတယ်။

Contact များ အပိတ်အဖွင့် ပြုလုပ်နိုင်ဖို့  Operation Mechanism (၃) မျိုးရှိပါတယ်။
1. Spring Type
2. Hydraulic Type
3. Pneumatic Type

CB ရဲ့ Operation Sequence နမူနာဖြစ်ပါတယ်။
O - 0.3sec - CO - 3mins - CO
where,     
t=0.3sec
T=3mins

O - t - CO - T - CO

CB က ''ON'' position ဖြစ်ပါတယ်။

O = Opening Operation of CB
Fault Signal ရသည့်အခါ Relay က Trip command ပေးသဖြင့် CB ''OPEN'' ဖြစ်မယ်။
t= Time between two operations which is necessary to restore the initial condition/ to prevent undue heating of conducting parts of CB
CB Contact နှစ်ခုအကြား ဖြစ်ပေါ်လာသည့် Arcing ကို ငြိမိးသတ်ပြီးနောက် Insulation Oil/ SF6 Gas စသည် တို့၏ ပုံမှန်အနေအထား ရရှိရန် လိုအပ်သည့်အချိန်နှင့် Contact များ အပူလျော့ကျရန် လိုအပ်သည့် အချိန် ဖြစ်ပါတယ်။

CO=Closing follow by Opening of CB
CB က Auto Recloser Function ဖြင့် ''CLOSE'' Operation ပြုလုပ်မည်။ Fault ရှိနေဆဲ ဆိုလျှင် ချက်ချင်း ''OPEN'' ပြန်ဖြစ်သွားမယ်။
[ CB Mechanism သည် နောက်တစ်ကြိမ် '' CLOSE'' Operation ပြုလုပ်ရန် Charging အနေအထားဖြင့် အဆင်သင့် ရှိနေမည် မဟုတ်ပါ။]

T=Time of required charge  mechanism of CB
CB Mechanism ကို Charging ပြန်လုပ်ရန်ကြာသည့် အချိန် ဖြစ်ပါတယ်။

CO=Closing follow by Opening of CB
CB က Auto Recloser Function ဖြင့် ''CLOSE'' Operation ကို နောက်တချိန် ပြုလုပ်မည်။ ဒီတချိန်တွင်လည်း Fault ရှိနေဆဲ ဆိုလျှင် ချက်ချင်း ''OPEN'' ပြန်ဖြစ်သွားမယ်။

CB က ''CLOSE'' Operation လုပ်ပြီး ချက်ချင်း '' OPEN'' ဖြစ်သွားသည် ဆိုသော်လည်း Relay ၏ Response Time =0.03sec ခန့် မပါဝင်ပါ။  ၄င်း Time ပါ ထည့်တွက်ပါက   အောက်အတိုင်း ဖြစ်ပါတယ်။
O - 0.3sec - C - 0.03sec - O - 3mins - C - 0.03sec - O
Credit by ပါဝါ စစ်စတန် Group

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html