ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားဝယ်ဖို့အတွက်ငွေဘယ်လိုစုမလဲ

" ကားဝယ်ဖို့အတွက်ငွေဘယ်လိုစုမလဲ "


ကားတစ်စီးဝယ်ဖို့ဆိုတာမလွယ်ပါဘူး။ကိုယ်ကဝင်ငွေကောင်းတဲ့အလုပ်ဒါမှမဟုတ်လုပ်ငန်းလုပ်ကိုင်နေမှကားတစ်စီးကိုလွယ်လွယ်ကူကူဝယ်နိုင်တာပါ။ငွေအလုံးလိုက်အရင်လိုက်ဝင်လာဖို့ကတော့ အမွေရမှပဲဖြစ်နိုင်လိမ့်မယ်။ဒါလည်းကိုယ့်မိဘမှာပေးစရာအမွေရှိအုံးမှ။ဒါဆိုရင်ကားစီးနိုင်ဖို့မဖြစ် နိုင်တော့ဘူးလား။ကိုယ်သာစနစ်တကျငွေစုတတ်မယ်ဆိုရင်ကားတစ်စီးကိုအချိန်တိုအတွင်းဝယ်စီးနိုင် လာမှာပါ။


ကိုယ်ဝယ်မယ့်ကားနဲ့ဈေးနှုန်းကိုအရင်ရှာဖွေပါ


ကိုယ်ပိုက်ဆံမစုခင်မှာကိုယ်ကဘယ်လောက်ဈေးနှုန်းရှိတဲ့ကားမျိုးကိုဝယ်စီးနိုင်မလဲဘာကားအမျိုးအစားကိုဝယ်စီးချင်လည်းဆိုတာအရင်ဆုံးဖြတ်ပါရှာဖွေပါ။ဒါမှကိုယ်စုဖို့လိုအပ်မယ့်ငွေပမာဏ ကိုသေချာသိနိုင်မှာဖြစ်ပါတယ်။ကိုယ်ကကားကိုတစ်ခါတည်းဈေးအပြည့်ပေးပြီးဝယ်မှာလား ဒါမှမဟုတ်အရစ်ကျဝယ်မှာလားဆိုတာကိုလည်းအရင်ဆုံးဖြတ်ရပါမယ်။အပြည့်ပေးပြီးဝယ်မယ် ဆိုရင်တော့ကားတစ်စီးဖိုးလုံးရအောင်စုရမှာဖြစ်ပြီးအရစ်ကျဝယ်မယ်ဆိုရင်တော့ Down payment ကိုပဲအရင်စုရမှာပါ။ down payment နဲ့ အတိုးနှုန်းတွေကိုသေချာအရင်စုံစမ်းပြီးဝယ်သင့်မသင့် တန်မတန်အရင်စုံစမ်းဆုံးဖြတ်ပါ။


ငွေစုစာအုပ်သီးသန့်လုပ်ခြင်း သို့မဟုတ် စုကြေးစုခြင်း


ကားဖိုးအတွက်ဘဏ်စာအုပ်အသစ်တစ်ခုလုပ်ပြီးပုံမှန်ငွေသွင်းတာမျိုးလုပ်ပါ။ကိုယ်သုံးနေတဲ့အကောင့် နဲ့ခွဲခြားပြီးစုမှကိုယ်သုံးတဲ့အထဲမပါသွားတော့မှာပါ။အခုခေတ်မှာဘဏ်စနစ်တွေကောင်းမွန်လာပြီ ဖြစ်လို့ယုံကြည်စိတ်ချသွာငွေစုထားလို့ရနေပါပြီ။ဒီလိုမလုပ်ချင်ဘူးဆိုရင်စုကြေးငွေထည့်တာမျိုး လုပ်ပါ။ယုံကြည်ရတဲ့အုပ်စုမျိုးနဲ့စုတာအကောင်းဆုံးပါ။စုကြေးငွေတွေအလိမ်ခံရတယ်ဆိုတာတွေ အဖြစ်များလာလို့သတိထားသင့်ပါတယ်။


အချိန်တစ်ခုသတ်မှတ်ပါ


ဘယ်လောက်အကြာမှာငွေဘယ်လောက်စုမိရမယ်ဆိုတာမျိုးကိုသတ်မှတ်ပါ။ဖြစ်နိုင်ချေရှိတဲ့ ကာလတစ်ခုကိုသေချာချင့်ချိန်ပြီးသတ်မှတ်ပါ။၂နှစ်အတွင်းမှာကားဝယ်နိုင်ရမယ်ဆိုပြီး သတ်မှတ်မယ်ဆိုရင်တစ်လကိုဘယ်လောက်စုရမလဲဆိုတာကိုတွက်ချက်လို့ရသွားပါပြီ။ ဒီလိုစနစ်တကျသုံးသပ်ပြီးငွေကိုစုပါ။

လျှော့လို့ရသမျှအသုံးစရိတ်လျှော့ချပါ

ကိုယ်ကနေ့စဉ်ထမင်းဝယ်စားနေတယ်ဆိုရင်ချက်စားတဲ့သူထက်ငွေပိုသုံးနေတယ်ဆိုတာကျိမ်းသေ ပါတယ်။ဒီလိုဆိုရင်အကုန်အကျပိုနည်းလာအောင်မဝယ်စားတော့ပဲချက်ပြုတ်စားပြီးအသုံးစရိတ်ကို လျှော့ချတာမျိုးကိုဆိုလိုတာပါ။အငှားကားခနခနစီးတာမလုပ်ပဲဘပ်စ်ကိုသာအသုံးပြုတာမျိုး ဆေးလိပ်အရက်သောက်သူဆိုရင်ဒါတွေကိုယာယီဖြတ်ထားတာမျိုးလုပ်ပေးပါ။ဒီလိုသာချွှေတာစုဆောင်းရင်အချိန်တိုအတွင်းကိုယ်ပိုင်ကားဝယ်စီးနိုင်လာမှာပါ။

Writer by
==========================
Euro Nippon
Car Sale Center

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html