ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

သာမိုစတက်( thermostat ) အကြောင်း

သာမိုစတက်( thermostat )
⚡⚡⚡⚡⚡

 ရေဆူရသော အကြောင်းရင်းများတွင်  သာမိုစတတ် အပြစ်သည် တစ်ခုအပါ အ၀င်ဖြစ်သည်။

   သာမိုစတတ်အလုပ် လုပ်ပုံမှာ အင်ဂျင်အတွင်းရှိရေနှင့် ရေတိုင်ကီအတွင်းရှိရေတို့ကို ခွဲခြားထားပေး ကာ အင်ဂျင်အတွင်းရှိရေကို သတ်မှတ် အပူချိန်ရောက်အောင် ထိန်းထားပေး၍ ရေတိုင်ကီအတွင်းရှိရေကို အေးစေပါသည်။

•    အင်ဂျင်အတွင်းရှိရေများ သတ်မှတ် အပူချိန်ရောက်သောအခါ အပူချိန်ကြောင့် သာမိုစတတ် ဘားစပရိန် ပျော့သွားကာ ရေပူများကို အပြင်သို့ထုတ်ပေးပြီး ရေတိုင်ကီအတွင်းရှိ ရေအေးများ ဘားစပရိန်ရောက်ချိန်တွင် ပြန်ပိတ်လိုက်ပါသည်။

ထိုသာမိုစတတ် မကောင်း၍ ဘားစပရိန် မဖွင့်ခြင်း၊ သတ်မှတ်အပူချိန်ထက်ကျော်မှ ဖွင့်ပါက ကားရေဆူ တတ်ပါသည်။
• ရေဆူရာတွင်လည်း သာမိုစတတ် အပြစ်ကို အများဆုံးတွေ့ရ ပါသည်။

* သာမိုစတတ်ကောင်း / မကောင်း စမ်းသပ်ပုံမှာ လျှပ်စစ်ရေနွေးအိုး အသေးလေး ထဲတွင် သာမိုစတတ်အားထည့်ပြီး သာမိုစတတ်နှင့်အတူ ရေအပူချိန်တိုင်း ဆင်ဆာကြိုးပါသော Digital Ohm Meter မှ အပူချိန်တိုင်း ဆင်ဆာကြိုးနှင့် အတူထည့်ပြုတ်ပါ။
)


 79ံC ဟုရေးထားသော သာမိုစတတ်သည် ဒီဂျစ်တယ် မီတာတွင် 79 Celcius ပြပါက သာမိုစတတ် အလုပ်လုပ်သံ ကိုကြားရပါသည်။
> 82ံC , 88ံC အစရှိသော သာမိုစတတ်တွင် ရေးထားသော အပူချိန်အတိုင်း အတိအကျ အလုပ်လုပ်မှသာ သာမိုစတတ် ကောင်းပါသည်။

 သတ်မှတ်ချက်ထက် အပူချိန်နည်း၍ ဖြစ်စေ များ၍ဖြစ်စေ အလုပ်လုပ်ပါက သာမိုစတတ် မကောင်းတော့သဖြင့် အသစ်လဲရပါမည်။ 

> အနည်းဆုံး (၃) ခါ စမ်းသပ်သင့်ပါသည်။
> သာမိုစတတ်အသစ်လဲချိန်တွင် သာမိုစတတ် အဟောင်းတွင်ပါသော အပူချိန် အတိုင်းသာ အတိအကျလဲပါ။
 သာမိုစတတ်(thermostat) ကို မထုတ်ပစ်ရပါ။
*** ထုတ်ပစ်ပါက ခရီးဝေးမောင်းနှင်းခြင်း၊ယာဉ်ကို အချိန်ကြာမြင့်စွာအသုံးပြုပါက ရေဆူကာ ဟက်/  ဂက်စကက်ပြတ် တတ်ပါသည်။


Credit》》..ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html