ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မီတာတစ်လုံးအား အခြေခံအသုံးပြုတိုင်းတာခြင်း သဘောတရားများ နှင့် Current Sense..Voltage drop တိုင်းနည်း

မီတာတစ်လုံးအား အခြေခံအသုံးပြုတိုင်းတာခြင်း သဘောတရားများ နှင့် Current Sense
Voltage drop တိုင်းနည်း


ဆားကစ်တစ်ခုမှာ Resistor တစ်လုံးကိုခွပြီး
ဗို့စကေးနဲ့တိုင်းကြည့်ပါ ပြတဲ့တန်ဖိုးသည် အဲဒီ
R မှာကျတဲ့ဗို့အား တစ်နည်းအားဖြင့် အဲဒီ R က
လျှော့ပေးတဲ့ဗို့အားဖြစ်ပြီးတော့ Volt drop ဆိုတာ အဲတန်ဖိုးကိုပြောတာပါ
ရိုးရိုး Volt တိုင်းနည်း
အဲလိုမတိုင်းဘဲနဲ့ မီတာအနက်တံကို GND သို့
ပုံသေထောက်ထားပြီး R ရဲ့ဟိုဘက်နဲ့ဒီဘက်ကို
မီတာတံအနီနဲ့
တိုင်းကြည့်တာက ရိုးရိုးဗို့တိုင်းနည်းဖြစ်ပြီး
တန်ဖိုး ၂မျိုးတွေ့ပါလိမ့်မယ်
(အဲတန်ဖိုးနှစ်ခုကို နှုတ်လိုက်ရင်လည်း Volt drop တန်ဖိုးကိုသိနိုင်ပါတယ်)
များတဲ့တန်ဖိုးကအ၀င်ဘက်က ဗို့အားကိုပြတာဖြစ်ပြီး တန်ဖိုးအနည်းဘက်က
R ကြောင့်ဗို့အားလျော့ကျသွားပြီး ကျန်ရှိတဲ့
အကျန်ဗို့အားဖြစ်ပါတယ်
Ohm check စနစ်ခေါ် ခုခံမှုတိုင်းတာခြင်း ( components )
R ကိုမီတာခွထောက်ပြီး အုမ်းစကေးနဲ့တိုင်းတာကတော့ ဆားကစ်အတွင်း
Components တွေကို ကောင်းမကောင်း
အကြမ်းဖျဉ်းတိုင်းကြည့်တဲ့နည်းပါ
ဗို့အားမပေးသွင်းထားရပါဘူး
အပြန်အလှန် ဘယ်ညာပြောင်းတိုင်းခြင်းအားဖြင့်
Circuit ခုခံမှုတန်ဖိုး နဲ့ component ရဲ့ခုခံမှုတန်ဖိုးနဲ့
ခွဲခြားတတ်မှရပါတယ်
Ohm check စနစ်ခေါ် ခုခံမှုတိုင်းတာခြင်း ( circuit )
Digital မီတာဆို အနီတံ GND ပုံသေထောက်ပြီး
မိမိသိလိုတဲ့ အပေါင်းလမ်းကြောင်း signal လမ်းကြောင်းတွေရဲ့
ပုံမှန်ခုခံမှုတန်ဖိုးရှိမရှိ (Normal circuit or close circuit)
ခုခံမှုမရှိတော့ဘူး မပြတော့ဘူးဆိုရင် ပတ်လမ်းကြောင်းပြတ်နေတာလား IC အောက်က ပင်ပြုတ်နေ
လွတ်နေတာလား component တစ်ခုခု High Open
ဖြစ်နေလို့လား Leakage ဖြစ်နေ board short ကျနေလား
စသဖြင့် circuit အပေါ် ခန့်မှန့်သုံးသပ်တဲ့တိုင်းနည်းပေါ့
(Open circuit short curcuit)
Analog မီတာဆိုရင်တော့ အနက်တံ GND မှာပုံသေထောက်ပြီး အနီတံနဲ့လိုက်ထောက်ရတာပါ
Digital နဲ့ ပြောင်းပြန်ပေါ့
ဒီလိုတိုင်းခြင်းဟာ အပေါ်ကပြောသလို ဆားကစ်ပြစ်ချက်ခန့်မှန်း
ရာမှာသုံးသလို တစ်ခါတစ်ရံ ဆားကစ်အကောင်းကို
အပေါင်းလမ်းကြောင်း အနှုတ်လမ်းကြောင်း မသဲကွဲလို့
(ဘက်ထရီကြိုး ဘယ်တပ်ရမှန်းမသိတဲ့အခါမျိုး)
ခွဲခြားတဲ့နေရာမှာလည်း သုံးပါတယ်
သဘောတရားက
Analog မီတာဖြင့် အပေါင်းအနှုတ် လမ်းကြောင်းကို
1ohm ဖြင့် ဗို့မပေးဘဲ ကြိုက်သလိုထောက်လိုက်ပါ
မီတာတံသည် တစ်ဖက်ပြ တစ်ဘက်မပြ ဖြစ်ရမည်
နှစ်ဘက်လုံးတူညီစွာ အတက်ပြပါက Short ဆားကစ်ပါ
မီတာတံတက်ပြသော အနေအထားတွင်
မီတာတံ အနက်ရောင်ထောက်ထားခြင်း ခံရသောပတ်လမ်းသည်
အနှုတ်လမ်းကြောင်း GND ဖြစ်ပါသည်
Testing with changing polarity
ဒီအခြေအနေကို အမြင်တစ်မျိုးဖြင့်ကြည့်မယ်ဆိုရင်တော့
မီတာလက်တံက ထွက်တဲ့ဗို့အားကို ဆားကစ်သို့
ပြောင်းပြန်ပေးသွင်းကြည့်ခြင်းပဲ ဖြစ်ပါတယ်
ဗို့အမှန်ကျွေးရင် မီတာကထွက်တဲ့ ဗို့အား အမ်ပီယာက ဆားကစ်
တစ်ခုလုံး အလုပ်လုပ်နိုင်လောက်အောင် မလောက်ငတဲ့အတွက်
မီတာတံအတက်မပြနိုင်ခြင်းဖြစ်ပြီး
ဗို့ပြောင်းပြန်ပေးသွင်းလိုက်တော့ မစီးသင့်တဲ့နေရာတွေကစီး
တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေက မှားယွင်းစွာလုပ်ဆောင်ကြပြီး
Error Current စီးဆင်းအလုပ်လုပ်ကုန်လို့
မီတာလက်တံ တက်ပြရတယ်လို့ ယူဆမိပါတယ်
(မီတာတံ အနက်တံ GND ထောက်တိုင်းသော အခြေအနေမှာ
အနက်တံက အပေါင်းဗို့ထွက်နေပါသည် )
ဒါကြောင့်မို့ မီတာလက်တံက ထွက်တဲ့ဗို့အားသည် ခုခံမှုတိုင်းတယ်ဆိုပေမယ့်လည်း
ဗို့အားသေးသေးလေးတွေနဲ့အလုပ်လုပ်တဲ့ ဖုန်းတို့လို့
CPU တို့လို Digital circuit တွေမှာ ဒုက္ခပေးနိင်တာမို့
Digital မီတာဖြင့် အသုံးပြုတိုင်းတာကြတာပါ
Location of voltage source
Volt drop တိုင်းနည်းဖြစ်သော R ကိုမီတာတံ
ခွထောက်တိုင်းတဲ့အခါ လားရာမှားထောက်မိရင်
အနီအနက်ပြောင်းပြန်ထောက်မိရင်
Analoug မီတာဆို မီတာလက်တံပြောင်းပြန်တက်မယ်
Digital မီတာဆို တန်ဖိုးကို အနှုတ်လက္ခဏာနဲ့
ပြလိမ့်မယ်
အဲဒါဆို မီတာတံအနက်ဘက်က ဗို့လာတာဖြစ်ပြီး
Ic ကဗို့ထုတ်ပေးတာဆို အဲဘက်မှာ IC ရှိတယ်ပေါ့ဗျာ
( တန်ဖိုးရိုးရိုးပြရင် အနီတံဘက်က ဗို့လာတာ )
သဘောက Volt drop တိုင်းရင်းနဲ့ Power Source ဘယ်ဘက်မှာရှိလည်း သိနိုင်မယ်
လက်ရှိတိုင်းနေတဲ့လမ်းကြောင်းဟာ
ဗို့ပြနေရှိနေပေမယ့် တကယ်အလုပ်လုပ်နေလား
အလုပ်မလုပ်တဲ့ဗို့အားပြသမှုမျိုးလား
(Volt drop တန်ဖိုး 0 ဆိုရင် အမ်ပီယာမစီးဘူး
အလုပ်မလုပ်ဘူးလို့ပြောတာ ဒါဆို ပတ်လမ်းပြတ်နေတာလား
ဒီလမ်းကြောင်း ဖွဲ့စည်းပုံအရ အလုပ်မလုပ်သေးတာလား တွေးဆသိရှိနိုင် )
ပြောချင်တာက တစ်ချို့သော ပါဝါဆပ်ပလိုင်းတွေဟာ
Load ဆွဲလို့ current စီးသွားမှ ဗို့အမှန်ပြပြီး
Load မရှိ အမ်ပီယာမစီးရင် ဗို့အားများနေတတ်တယ်
ဒါပေမယ့် နောက်ပိုင်းအဆင့်မြင့်လာတဲ့အခါ
Load ဆွဲဆွဲ မဆွဲဆွဲ ဗို့ကအမြဲတည်ငြိမ်စွာပြနေတော့
ဒီလမ်းကြောင်း အမ်ပီယာစီးနေလား အလုပ်လုပ်နေလား
ဆိုတာကို Volt drop တိုင်းခြင်းက ပိုပြီးသိမြင်စေနိုင်ပါတယ်
ပုံမှန်ကောင်းမွန်စီးဆင်းနေတဲ့ပတ်လမ်းပေါ်က
R တစ်လုံးကို ခွတိုင်းပြီး အလုပ်လုပ်နေချိန်
Volt drop တန်ဖိုးကို မှတ်သားထားမယ်ဆိုရင်
(အ၀င်ဗို့ Vcc ကလည်း ပုံမှန်အခြေအနေဆိုရင် )
အဲဒါ အမ်ပီယာစီးဆင်းမှုတန်ဖိုးကို တိုင်းပြီးမှတ်သားထားသလိုပါပဲ
ပြောချင်တာက အမ်ပီယာမီတာနဲ့တိုင်းပြီး amp
တန်ဖိုးမှတ်သားထားတာမဟုတ်ပေမယ့်
ပုံမှန် Volt drop သည် ပုံမှန် amp တန်ဖိုးပါပဲ
Vd တန်ဖိုးမရှိရင် အမ်ပီယာမစီးလို့
Vd တန်ဖိုးတိုးလာရင် အမ်ပီယာပိုများလာလို့
Vd တန်ဖိုးက supply Volt နီးပါးလောက်ဖြစ်လာရင် Short ဖြစ်နေလို့
စသဖြင့် Vd တန်ဖိုးသည် အမ်ပီယာမီတာဖြင့်
တိုင်းတာကြည့်ရှုသကဲ့သို့ သိနိုင်တာကြောင့်
အမ်ပီယာတန်ဖိုး အတိအကျမှတ်သားခြင်းမျိုးမဟုတ်ပေမယ့်
အမ်ပီယာမီတာဖြင့်တိုင်းတာသိရှိနိုင်သကဲ့သို့
ခန့်မှန်းသိရှိနိင်တယ်လို့ပြောချင်တာပါ
အဲမှာ သဘောတရားတစ်ခုတော့ရှိမယ်ဗျ
Volt drop တန်ဖိုး ပုံမှန်ထက် များနေတယ်
သို့မဟုတ် supply volt နီးပါးလောက်ကို
များနေတယ်ဆိုရင် Short ဆားကစ်လို့ပြောခဲ့တယ်နော်
ဒါပေမယ့် အဲအခြေအနေမှာ ဖြစ်နိုင်ခြေ ၂မျိုးရှိသေးတယ်ဗျ
အဲဒီ Resistor ကို လက်ဖြင့်ကိုင်ကြည့်ပါ
ပူနေရင် ကျိန်းသေတယ် Short ဖြစ်နေပြီ
လုံးဝမပူရင် Short ဖြစ်တာမဟုတ်ပါ
သိစေချင်တာက
Volt drop တန်ဖိုးက Supply ဗို့နဲ့ လုံးဝ
အတူတူပြနေရင် အဲဒီ R ကလမ်းကြောင်းပေါ်မှာ
Parallel တပ်ဆင်ထားတဲ့ R လည်းဖြစ်နိုင်သေးတယ်ဗျ
သဘောက GND ချထားတဲ့ R ပေါ့ဗျာ
အဲလိုဆိုလည်း Volt drop က Vcc နဲ့
အတူတူပဲ ပြလိမ့်မယ်ဗျ အဲတော့ သိချင်အလွယ်လေး အုမ်းစကေးနဲ့ R ရဲ့တစ်ဖက်က GND ဟုတ်မဟုတ်တိုင်းကြည့်ကြပေါ့ဗျာ
ပြီးရင် ခုခံမှုဘယ်လောက်ပဲကြီးမားတဲ့ R ဖြစ်ပါစေ
ပတ်လမ်းပြတ်နေရင်
သို့မဟုတ်
ဆားကစ်အမ်ပီယာစီးဆင်းမှုမရှိရင်
သို့မဟုတ် အပ်လွတ်နေရင်
အ၀င်ဗို့အတိုင်း ပြန်ထုတ်ပေးနေတယ်
ဗို့လျှော့ပေးတဲ့အလုပ်ကို R ကမလုပ်ပေးဘူးလို့ပြောတာ
ဖျုးစ်အတိုင်းပဲ
ပြောချင်တာက Volt drop တန်ဖိုး 0 ပဲ
ဒါကြောင့် Volt drop ကိုတိုင်းတာမှတ်သားထားခြင်း
တစ်နည်းအားဖြင့်
Resistor မှာကျတဲ့တန်ဖိုးကို စောင့်ကြည့်ခြင်း
တစ်နည်းအားဖြင့်
Resistor ကိုခွတိုင်းပြီး အမ်ပီယာကိုစောင့်ကြည်ခြင်း
Charing ပိုင်းတွေမှာ Power IC က
R200 ကိုခွထားတာ အဲ့သဘောတရားပါပဲ
Charging current ကို အာရုံခံထားတာပါ
အပူချိန်ပြောင်းလဲမှုကိုလိုက်ပြီး Volt drop
ပြောင်းလဲတတ်သော component တွေမှာ
အဲပစ္စည်းကို ခွတိုင်းပြီး Volt drop ကိုစောင့်ကြည့်ခြင်းဖြင့် အပူချိန်ကို အာရုံခံခြင်း
Thermal detect သဘော သုံးတတ်ကြပါတယ်
(Digital မီးဖိုတွေရဲ့ မီးချောင်းသံပြားအောက်က
အပူချိန်ကို အာရုံခံတဲ့ ဒိုင်အုတ်လေးဟာ ဒီသဘောပါပဲ )
ဒါက Volt drop ရဲ့ အသုံးဝင်မှုတွေပါပဲ
ကျေးဇူးတင်ပါတယ် credit
အသိပညာများ တိုးတက်ပွင့်လန်းကြပါစေ
နေ၀င်း အီလက်ထရောနစ်
(တတ်သိနားလည်သော ဆရာများ ကျွန်တော့်ကို ကွမ်းစားဆေးစား သဘောထားပြီး ကျော်သွားကြပါကုန် )

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html