ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Auto choke နဲ့ Coil choke~~~~~~~~~~~~~~~~~

Auto choke နဲ့ Coil choke
~~~~~~~~~~~~~~~~~

အလုပ်​ကလဲ ဝင်​ခါစပါ။ မီးဆင်​​နေတာကလဲ အထည်​ချုပ်
စက်​ရုံဆို​တော့ coil choke နဲ့မီး​ချောင်း​တွေကို ရာနဲ့ချီ
ပြီးဆင်​ရတာပါ။ ဆင်​ပါများ​တော့လဲ ကျွမ်း​နေပြီး စကျွမ်း
ကြီးကိုဖြစ်​လို့။ မီး​ချောင်းဆို ​အေး​ဆေး​ပေါ့။
တစ်​​နေ့​တော့ ည​နေအလုပ်​သိမ်းပြီး သူ​ဌေးက ဝန်​ထမ်းတန်းယားမှာ မီးဆင်​​ပေးဖို့​ပြောလာပါတယ်​။ ဆင်​ရမှာကလဲ
တစ်​​ချောင်း နှစ်​​ချောင်းဆို​တော့ ကျ​နော့ကိုတစ်​​ယောက်
တည်းလွှတ်​လိုက်​ပါတယ်​။ တန်းယားက စက်​ရုံနဲ့ နဲနဲပဲ
ဝေးပါတယ်​။
ဟို​ရောက်​​တော့ ကြိုး​တွေဘာ​တွေရိုက်​ပြီး အဆင်​သင့်​​ပေါ့။
မီး​ချောင်းဆင်​ပြီး ကပ်​ရုံ ပဲကျန်​​တော့တယ်​။ မီး​ချောင်းဆင်
တော့ ချုပ်​က အဆန်းသားဗျ။ ​ရွှေ​ရောင်​ ချုပ်​​လေး။
ကြိုးနှစ်​ပင်​စီက ထိပ်​နှစ်​ဘက်​စီမှာ ထွက်​လို့။ ဘာရမလဲ
မီး​ချောင်း​တွေ ရာနဲ့ချီဆင်​လာတာ။ ဒီ​လောက်​က​တော့
အ​ပျော့​ပေါ့။ ဆင်​လဲပြီး​ရော မီးစမ်းတာ မလင်းဘူးဗျာ။
ဘေးမှာကလဲ ဝန်​ထမ်း​တွေက ဝိုင်းကြည့်​​နေုကတယ်​။
လူကလဲ ​ချွေး​တွေ​တောင်​ပြန်​လာတယ်​။
ဘယ်​လိုမှလဲ မကြံတတ်​​တော့ဘူး။ ဒါနဲ့ မီးမလင်း​သေးပဲ
ပြန်​လာခဲ့ရတာ​ပေါ့ဗျာ။
ရပ်​ကွက်​ထဲပြန်​​ရောက်​​တော့ အလုပ်​ထဲက စီနီယာ အကိုတစ်​​ယောက်​နဲ့​တွေ့လို့ သူ့ကို ​မေးရတယ်​။
မီး​ချောင်း​တွေ ဘာလို့မလင်းရလဲ​ပေါ့။ သူကကျ​နော့ကို
မေးတယ်​ မင်းဘယ်​လိုဆင်​ခဲ့လဲ ပုံပါဆွဲပြတဲ့။
ကျ​နော်​လဲ ဆွဲပြတာ​ပေါ့။ ပုံကြမ်း​လေး​ပေါ့ဗျာ။
သူက ကျ​နော့ပုံကြည့်​ပြီး ဟာကွာမင်းဟာက ဘယ်​လိုလုပ်
လင်းမလဲ ။ auto choke ကို coil choke လိုမျိုး
starter ​တွေဘာ​တွေနဲ့ ဆင်​ထားတာကိုးကွ။
အဲဒီ ​ရွှေ​ရောင်​ ချုပ်​​တွေက auto choke ​တွေ။
ဒီလိုဆင်​ရတယ်​ဆိုပြီး ပုံ​လေးဆွဲပြပါတယ်​။
ပြောပါတယ်​။ ကျ​နော်​က မီး​ချောင်း​တွေရာနဲ့ချီပြီး
ဆင်​လာတာပါလို့။


Credit
MyatMin Thuya Kyaw



lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html