ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျပ်စစ်မှာ ဘာ အရေးကြီး ဆုံးလဲဆိုတာမေးတတ်ပါတယ် ။ Earthing ဆိုရင် မိတ်ဆွေ တစ်မှတ်ရပါပြီ။

Basic Electrical / instrument Earthing system
Electrical interview သွားရင် လျပ်စစ်မှာ ဘာ အရေးကြီး ဆုံးလဲဆိုတာမေးတတ်ပါတယ် ။ 


Earthing ဆိုရင် မိတ်ဆွေ တစ်မှတ်ရပါပြီ။
အမှန်ပါပဲ ။
electrical မှာ safety က အရေးကြီးပါတယ် ။ အဲဒီ ထဲမှာ earthing က အရေးကြီး ဆုံးပါပဲ ။ တော်တော်များများ က earth ကြိုး ကို အရေး မထားပါဖူး ။ တော်တော်များများ က earth ကြိုးကို ဖြုတ်သွားတာနဲ့  မေ့ပြီးပြန် မတပ်တာနဲ့  ဖြတ်ပြစ်တာနဲ့  အမျိုး မျိုး ကြုံဖူး လို့ ပါ ။ တိုက်ရိုက် ပြသနာ မှ မပေးဖူးတာကိုး ။ နောက် မြန်မာပြည် က installation တော်တော် များများမှာ earth ကြိုး ကို စနစ်တကျ လုပ်ထားတာလဲရှားပါတယ် ။ electrical မှာ အရေးအကြီး ဆုံး က earth ပါပဲ ။ တကယ် ကြုံလာရင် လက်ခံလာ ပါလိမ့်မယ် ။အခုခောတ်မှာ နောက်ဆုံး လျပ်စစ်ပစ္စည်း တွေ မှာ function တွေ က earthing မရှိ မဖြစ်လိုအပ်လာပါ တယ် ။
Earthing လား Grounding လား
earth ကို အမျိုးမျိုး ခေါ်ကြပါတယ် ။ ground လို့လဲ ခေါ်ပါတယ် ။ အတူတူပါပဲ ။ IEC မှာက earth လို့ သုံးပါတယ် ။ ဘယ်လိုခေါ်ခေါ် အငြင်း ပွား စရာမရှိပါဖူး ။ US NEC က ground လို့သုံးပါတယ် ။
industrial မှာ earth ကို အမျိုးမျိုး ခေါ်သုံးပါတယ် ။ electrical earth, mechanical earth, bonding earth , instrument earth , telecom earth, body earth , frame earth , intrinsically safe earth , lightning earth , အစရှိသဖြင့် ပေါ့ ။
မည်သို့ပင် ဆိုစေကာမူ အားလုံးသော earth အပေါင်း တို့ဟာ တနေရာထဲမှာ အားလုံးပေါင်းစုံရတာပါ ။ အဲဒီ နေရာ ကို main earth pits တွေ ဖြစ်ပါတယ် ။ လျပ်စစ်ဆို တဲ့ ဥပဒေသ အရ မြင့်ရာမှ နိမ့်ရာ သို့ စီးဆင်း တယ် ဆိုသလိုပဲ ကမ္ဘာ မြေကြီးရဲ့  potential 0 ohm နီးပါး value ကိုအသုံးပြုထားတာပါ။
ရှိသင့်သော Earthing value ( ohms )
Earth ကို special earthing တိုင်းတဲ့ earth resister နဲ့ တိုင်းရပါတယ် ။ တိုင်းပုံ ကိုတော့ procedure တွေ တခါထဲ ရေး ထားတတ်ပါတယ် ။
Earthing resistance က အနည်းဆုံး 10 ohms ရှိရပါမယ် ။ နည်းလေ ကောင်းလေပါ။ သိပ်ပြီး အရေးကြီးတဲ့ နေရာတွေ မှာဆိုရင်တော့ 2 ohms အနည်းဆုံးရှိရ ပါမယ် ။
ရှိသင့် တဲ့  ohm တန်ဖိုး က 10 ohms အောက်ဆို လူနေအိမ်ခြေအတွက်အဆင်ပြေပါတယ် ။
2 ohms အောက်ဆို စက်ရုံ တွေအတွက်အဆင်ပြေပါတယ် ။
Earth က ဘယ်လို အကျိုး ရှိတာလဲ ။
လူတွေ ကို electric shock ကာကွယ်ပေးပါတယ်
Equipment တွေ ကို မပျက်စီး အောင် ကာကွယ်ပေးပါတယ်
မိုးကြိုး အန္တာရယ်မှ ကာကွယ်ပေးပါတယ်
ဥပမာ သံတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦ တခုမှာ cable ကပေါက်ပြီး သံနဲ့ ထိနေတယ်ဆိုပါ စို့။ အဲဒီ အဆောက်အ ဦ တခုလုံး က လျပ်စီးတွေ ပြန့်နေပြီ။ ကိုင်မိတဲ့ သူ က ဓါတ်လိုက်ပြီး သေသွားနိုင်ပါတယ် ။
တကယ်လို့ earth ချထားမယ်ဆိုရင် လျပ်စစ် က earth ကြိုး ကတဆင့် မြေကြီး ထဲ ကို အချိန်တို အတွင်း အများကြီးဖြတ် စီးသွားပြီး Breaker ပြုတ်ရင်ပြတ် fuse ဖြစ်ဖြစ် ပြတ် သွားမှာပါ။
နောက်တခုက instrument တွေ မှာဖြစ်ပေါ်တတ်တဲ့ voltage difference တွေ ကိုလည်း 0 ဖြစ်အောင် equal potential ဖြစ်အောင် လုပ်ပေးပါတယ်။
Static charge လို့ခေါ်တဲ့ လျပ်စစ်ဓါတ်တွေ လဲ ခြေဖျက်ပေးပါတယ်။
Surge current တွေ မိုးကြိုး တွေ ကိုလဲ အန္တာရယ် မဖြစ်အောင် မြေကြီးထဲ ကို လမ်းလွဲပေးပါတယ် ။
Power မရှိတဲ့ HV cable တွေ ကိုင် ရင်လဲ ကျန်နေတတ်တဲ့ capacitance voltage ( အလွန် အန္တာရယ် များပါတယ် ) တွေ ကိုလဲ သတ်ပေးထားပါတယ် ။
ဘယ်လို တည်ဆောက်ရမလဲ
မြေကြီးထဲ ကို earth rods များရိုက်သွင်းပြီး earth pit များ နဲ့တည်ဆောက်ရပါတယ် ။ အများဆုံး က ဒီလိုပဲ ဆောက်ကျပါတယ် ။ အချိ့ က အ၀ီစိ တွင်းတူးပြီး earth ချတတ်ပါတယ် ။ အဓိ က အကျ ဆုံး ကတော့ earthing value 2 ohms or 10 ohms ထက်နဲအောင် လုပ်ရပါမယ် ။ အခုခောတ်မှာတော့ earth မိအောင် လုပ်လို့ ရတဲ့ chemical များရှိပါတယ် ။စိုစွတ်တဲ့ နေရာတွေ မှာ resistance နဲလို့ တည်ဆောက်သင့်ပါတယ်။
အကောင်းဆုံး ကတော့ earth ring ကြီး ဖြစ်ရင်ပိုကောင်းပါတယ် ။ safe ပိုဖြစ်ပါတယ် ။ တခုပြတ်သွားရင် တခုကျန်တာပေါ့ ။အဆောက် အဦ တခုဆောက်တိုင်း earth pit တခုဆောက်ပြီး main earth နဲ့ ဆက်သင့်ပါတယ် ။
Earth ကြိုးများ ဆက်သွယ်ပုံ
မတူတဲ့ Earth ကြိုးများ ကို သေသေသပ်သပ် မတူ ညီတဲ့ earth bar များ သုံးပြီး ဆက်သွယ်ပါတယ် ။အဲ ဒီ earth bar များ ကို earth ကြိုးများ နဲ့ sub main earth bar ကို ပြန်ဆက် ပါတယ် ။ အဲဒီ sub main earth bar တွေ ကို main earth bar တွေနဲ့ ပြန် ဆက်ပါတယ် ။ မတူညီတဲ့ ကြိုး တွေ ကို တခါထဲ main earth ထဲ မပေါင်းသင့်ပါဖူး ။
ဥပမာ instrument panel တခုမှာ earth တွေ ကိုဆက်မယ်ဆိုရင် frame ( mechanical ) earth ကသတ်သတ် ။ Power supply earth ကသတ်သတ်။ shield earth ကသတ်သတ် earth bar အသေး တွေ တည်ဆောက်ပြီး သပ်သပ်စီ စာတန်းထိုးပြီး တပ်ဆင်ရပါမယ် ။နောက်မှ sub main earth bar ကို တခုချင်းဆက် ရပါမယ် ။ နောက် main earth pit တွေ ဆီ ဆက်ရပါမယ် ။
Earth ကြိုး အရွယ် အစားများ ။
Mian earth ကြိုးကို 50/70 /90 mm2 အများဆုံး သုံးကြပါတယ် ။ sub earth ကြိုးတွေ ကိုတော့ သင့်တော်တဲ့ အရွယ် အစား အမျိုးမျိုးသုံး ပါတယ် ။ မြေကြီးထဲ မှာ တော့ bare cable (insulation မပါသော ကြိုးကို သုံးသင့်ပါတယ် ) အဆောက် အဦ ထဲမှာတော့ insulation အစိမ်း။အ၀ါ အရောင်ပါတဲ့ standard earthing cable ကိုသုံးရပါမယ် ။
Erath ကြိုးတွေ ကို မြေကြီးထဲမှာ ဆက်တဲ့ အခါ welded joint ကို သုံးတာ အကောင်းဆုံပါ။ connection joint တွေ ကတော့ ကြာလာရင် ရေညိ တွေ တက်ပြီး connection တွေ မကောင်းဖြစ်တတ်ပါတယ် ။
Maintenance ဘယ်လိုလုပ်သလဲ။
တနှစ်တခါတော့ earth bar တွေ ကိုစစ်ရပါတယ် ။ earth bar တွေ ကို Grease သုတ်၇ပါတယ် ။ earth bar တခုနဲ့ တခု resistance တွေတိုင်းရပါတယ် ။ bolt, nut တွေ ကို ကျပ် ရပါတယ် ။ earth pitတွေ ကို တနှစ်တခါလောက် earth valve တွေ ကို resistance tester တွေ သုံးပြီး record တွေ ယူ ထားရပါမယ် ။ လိုအပ်တဲ့ earth value မရှိရင် earth pit တွေ ထပ်ဆောက်ရပါမယ် ။ earth pit တွေ ကို သန့်ရှင်းရေး လုပ်ပေးရပါမယ် ။

Earthing နှင့် ဆက်စပ်ဖတ်သင့်သည်များ
Neutral and earthing system arrangement (power distribution )
Earth leakage circuit breaker
Lightning protection system
Static charge electricity
Credit to : https://www.facebook.com/EiEngineering/posts/996605287048511

Cdcdcd---




lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html