ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Swirling method ဖြင့်ဆပ်ပြာ အလှပုံဖော်ခြင်း

Swirling method ဖြင့်ဆပ်ပြာ အလှပုံဖော်ခြင်း
🍨🍧🍦🍨🍧🍦🍦🍧🍨🍭🍧🍦🍦🍨🍧🍦

ဆပ်ပြာပြုလုပ်ခြင်းဆိုတာ chemical ပစ္စည်းတွေကို အတိအကျ တွက်ချက်ပြင်ဆင်ရတဲ့ science ပါ။
swirling ဆိုတာကတော့ အနုပညာပါ..soap swirling ကတော့ science and art ပေါင်းစည်းထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။
ကိုယ် #swirl ထားသော ဆပ်ပြာတုံးလေးကိုကြည့်ပြီး ပြောမပြနိုင်တဲ့ စိတ်ကျေနပ်မှုများ ခံစားရမယ်လို့ အာမခံပါတယ်။

CP နည်းနဲ့ လုပ်တဲ့ ဆပ်ပြာတုံးလေးတွေကို ပုံဖော်ရာမှာ နည်းလမ်းများစွာသုံးလို့ရပါတယ်။
နည်းမျိုးစုံထဲကမှ swirling နည်းနဲ့ပုံဖော်ရာမှာတော့ ကျွမ်းကျင်မှု၊ အကြိမ်ကြိမ်လေ့ကျင့်မှု၊ အမြင်စူးရှမှုတို့လိုအပ်ပါတယ်။
အမြင်စူးရှမှု ဆိုရာမှာ cold process တွင် မည်သို့မည်ပုံဆွဲလျှင် ပိုမိုလှပ လာမည် ဆိုသော အမြင်ကို ဆိုလိုတာပါ။

Swirling နည်းလမ်းတွေကတော့
-လှည့်နေသော အဝိုင်းပေါ်တွင် တင်၍ ပုံဖော်ခြင်း (spin swirl)
-မိမိနှစ်သက်ရာ အရောင်စပ်၍ အစက်များချပြီး တုတ်ဖြင့် ပုံဖော်ခြင်း (drop swirl)
-မိုလ်ထဲတွင် ချိတ်ဖြင့်ပုံဖော်ခြင်း ( hanger swirl)
-အိုးထဲတွင် အရောင်စပ်၍ ပုံစံခွက်ထဲ လောင်းချပုံဖော်ခြင်း( in-the-pot swirl)
စသည်ဖြင့် နည်းလမ်းများစွာရှိပါတယ်။

မည်သည့်နည်းဖြင့် ပုံဖော်ခြင်းမဆို အောက်ပါ အချက်များကို အဓိက သတိထားပေးပါ။

၁) swirl လုပ်ဖို့ ပစ္စည်းကိရိယာများကို အဆင်သင့်ပြင်ထားပါ။ အချိန်ဟာ key ဖြစ်ပါတယ်။
ဆပ်ပြာဖြစ်စဉ်၌ အချိန်ကြာကြာထားလျှင် swirl ဆွဲရ ခက်တတ်တာမို့ မိနစ်ပိုင်းသာ အချိန်ရပါတယ်။
အရောင်တွေ အဆင်သင့်စပ်ထားပါ အနံ့ဆီတွေ ချိန်ထားပါ ပြီးတော့ လိုအပ်မယ်ထင်သမျှအကုန် အနားမှာထားပါ။ ကြိုတင်ပြင်ဆင်ထားရင် ချောချောမွေ့မွေ့ ပုံဖော်နိုင်ပါလိမ့်မယ်။
မဆွဲခင် လိုအပ်တဲ့ ပစ္စည်းများကို တစ်နေရာမှတစ်နေရာ ရွှေ့ပြောင်းရန် လက်လှမ်းမှီတဲ့ နေရာတွင်ထားပါ။ လုပ်နေရင်းတန်းလန်းနဲ့ တခြားဇွန်းတစ်ချောင်းပြေးရှာရလောက်ဆိုးတဲ့ အဖြစ်မရှိပါဘူး။
အချိန်တိကျစွာ လုပ်ဖို့လိုပါတယ်။
trace (အနှစ်လို့ပဲ ပြောတော့မယ် ) ဟာ ဆီနဲ့ lye တို့ စတင်ပေါင်းစပ်ကာစအခြေအနေဖြစ်ပါတယ်။
cp နည်းနဲ့လုပ်တဲ့ swirl တွေဟာ ဆပ်ပြာအနှစ်သိပ်မပျစ်ခင်မှာသာ လုပ်လို့ရပါတယ်။
trace စဖြစ်ပြီဆိုတာနဲ့ တဖြည်းဖြည်းချင်း ဆပ်ပြာက ပျစ်လာတော့တာပါပဲ။
ဆပ်ပြာအနှစ်ကို ချက်ချင်းကြီးပျစ်မသွားစေဖို့ အချိန်လုံလုံလောက်လောက်ရအောင် 'slow moving' ဆီတွေကိုသာ များများသုံးပါ။
slow moving oil ဆိုတာကတော့ အခန်းအပူချိန်မှာထားရင် အလွယ်တကူခဲမသွားတဲ့ ဆီတွေကိုဆိုလိုတာဖြစ်ပါတယ်။
စားအုန်းဆီ၊ အုန်းဆီ၊ ထောပတ်၊ ပျားဖယောင်း၊ ကြက်ဆူဆီ စသဖြင့် အလွယ်တကူခဲတဲ့ဆီတွေကို သိပ်အများကြီး ထည့်မသုံးပါနဲ့။
သံလွင်ဆီ၊ နေကြာဆီ၊ ဖွဲနုဆီ စတဲ့ အလွယ်တကူခဲမသွားတဲ့ ဆီမျိုးကို 60 % လောက်သုံးပါ။

၂) အပူချိန်သိပ်မမြင့်တဲ့ အခြေအနေမှာ swirling လုပ်ပါ။
ပျမ်းမျှအပူချိန် 110 - 130 ဒီဂရီ ဖာရင်ဟိုက်ကြားရှိနေပါစေ။
**ဆပ်ပြာလုပ်သူတိုင်းလိုလို ကိုယ်တိုင်အဆင်ပြေတဲ့ စိတ်ကြိုက်အပူချိန်တစ်ခုခု ရှိတတ်ကြပါတယ်။ သုံးတဲ့ဆီတွေပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီးလဲ အပူချိန်ထားတတ်ကြတာ ကွဲပြားပါလိမ့်မယ်။
အပူချိန်မြင့်မြင့်မှာ ( 130 ဒီဂရီ အထက်) ဆိုရင် trace ပျစ်တာ ပိုမြန်ပါလိမ့်မယ်။
100 ဒီဂရီအောက်ဆိုရင်တော့ နှေးတတ်ပါတယ်။
အပူချိန်ကို 10 ဒီဂရီလောက်လေး လိုတိုးပိုလျှော့ ကစားပေးရင်တောင် ကိုယ့်ဆပ်ပြာရဲ့ ပုံစံကို အတော်လေးကွဲပြားခြားနားအောင် လုပ်နိုင်ပါတယ်။

၃) stick blender ကို သိပ်မသုံးမိပါစေနဲ့
stick blender တွေကတကယ်တော့ ဆပ်ပြာလုပ်ရာမှာ မရှိမဖြစ် တဲ့ ဟီးရိုးတွေပါ။ စက္ကန့်ပိုင်းအတွင်းမှာကို ဆီနဲ့ lye နဲ့ ပေါင်းစပ်သွားအောင် လုပ်ပေးနိုင်ပါတယ်။
ဒါပေမယ့် သူတို့ကိုသုံးတာများရင် ဆီနဲ့ lye မြန်မြန်ပေါင်း trace က ထူသထက်ထူသွားနဲ့ swirl လုပ်ဖို့ အဆင်မပြေတော့ပါဘူး။ stick blender ကိုလိုအပ်တာထက်ပိုသုံးမိရင်တော့ trace က ထူရာကနေ ပြန်ပါးသွားဖို့လမ်း မရှိတော့ဘူးလို့ပဲ ပြောပါရစေ။

၎) အနံ့ဆီ၊ essential oil တွေကို မှန်မှန်ကန်ကန်ရွေးတတ်ပါစေ
အနံ့ဆီ တွေဟာ cp soap တွေမှာတကယ့်ကို စိတ်ဝင်စားစရာကောင်းလောက်အောင် အလုပ်လုပ်ပါတယ်။
သူတို့ကို essential oil နဲ့ တခြားဓါတုပစ္စည်း တွေပေါင်းစပ်ပြီး လုပ်ထားတာဖြစ်လို့ ဆပ်ပြာလုပ်နေတုန်း သုံးမိရင် ရလာဒ်က အကောင်း/အဆိုး အမျိုးမျိုးထွက်လာနိုင်ပါတယ်။
တစ်ခါတစ်လေများ အနံ့ဆီထည့်လိုက်တာနဲ့ swirl လုပ်လို့ မရလောက်အောင်ကို trace ဟာ ထူထူကြီးဖြစ်သွားတတ်ပါတယ်။
စိတ်ဝင်စားရင် Bramble Berry website ရဲ့ each fragrance oil product page မှာတော့ အနံ့ဆီအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်ထားတဲ့ review တွေ သွားဖတ်ပြီးမှ စမ်းကြည့်လို့ ရပါတယ်။

၅) နောက်ဆုံးနဲ့ အဓိက အကျဆုံးအချက်
အရှုံးမပေးလိုက်ပါနဲ့!! အရှုံးထဲက သင်ခန်းစာယူပြီး ပိုလှတဲ့ swirl တွေဖန်တီးလို့ ရပါတယ်။

Cred..wi ki
REF; SOAPQUEEN WEBSITE






Websites .. blogger.. domain ရှိသူများအတွက် အလွယ်ဆုံးဝင်ငွေ ရှာနည်း အကောင့်  လျောက်ရန်


Blogger သို့မဟုတ်​ websites -- domain များမှာ ​ကြော်​ငြာထည့်​ပီး Online ဝင်​​ငွေရှာနည်း အ​ကောင့်​​လျောက်နည်း ​လေ့လာရန်​ ​အောက်​ကလင့်​ https://www-maharluthar.blogspot.com/2017/09/blogger-websites-domain.htmlြေ ကာ်​ငြာနမူနာ ​အောက်​ကပုံ နိုပ်​ကြည့်​​ပေးပါ အဆင်​​ပြေကြပါ​စေ Like share လုပ်​ခြင်းဖြင့်​ ကူကြပါ.. အား​ပေးမှုကို ​ကျေးဇူးတက်​လျက်​ပါ.. Supporting Myanpay---
For international paypal IF YOU WANT TO HELP US, SUPPORT HERE, THANK U FOR YOURS VISTORS...


SEE YOU AGAIN , GOOD LUCK,

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html