ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ရေ​ကြောင်းအင်​ဂျင်​နီယာများနှင့်​ စက်​ခန်းမှ မိတ်​​ဆွေများအတွက်​ Steering Gear System အ​မေးအ​ဖြေများ

မင်္ဂလာပါခင်​ဗျာ :)
ရေ​ကြောင်းအင်​ဂျင်​နီယာများနှင့်​ စက်​ခန်းမှ မိတ်​​ဆွေများအတွက်​ Steering Gear System အ​မေးအ​ဖြေများ လွယ်​ကူစွာ​လေ့လာနိုင်​​စေရန်​ ရည်​ရွယ်​မျှ​ဝေပါတယ်​ခင်​ဗျာ။
1, Hunting Gear Arrangement ဆိုတာဘာလဲ ? ဘယ်လိုအလုပ်လုပ်သလဲ ?
- Follow Up System တွင်သာပါရှိသည်။
- Steering Gear ၏ Feedback Mechanism ဖြစ်သည်။
- Tiller သည် Desire Position ရွေ့လျာပြီးသောအခါ Hyd; P/P ၏ Control Rod နှင့် ချိတ်ဆက်ထား
              သော Floating Lever ကို Reposition လုပ်ပေးသည်။
     -       Steering Wheel ရွေ့သောအခါ Hyd; P/P သည် Oil Deliver လုပ်သည်။
     - Steering Wheel Stop လုပ်သောအခါ Hunting Gear သည် Pump Control Rod ကို Neutral Position
           သို့ Return ဖြစ်စေပြီး Off Stroke ဖြစ်စေသည်။
     - ထို့ကြောင့် Wheel ကို နောက်တစ်ကြိမ်ပြန်မလှည့်မခြင်း Rudder ကိုရောက်သည့် Position တွင်
           Maintain လုပ်ထားသည်။
2, Double Shock v/v ဘယ်နားမှာ တပ်ထားလဲ ?
- Pump မှ Ram (သို့) Van သို့အဝင်၊ အထွက်တွင် Cross connection လုပ်ထားသော v/v ဖြစ်သည်။
- Shock v/v များကို Press; 100 Bar တွင် Lift ဖြစ်အောင် Setting လုပ်ထားသည်။
- Heavy Sea တွင် Rudder Shock ဖြစ်ခဲ့လျင် Power Unit Damage မဖြစ်အောင် ကာကွယ်ပေးသည်။
3, Heavy Sea မှာ ဘယ်လိုအလုပ် လုပ်သလဲ ?
• Heavy Weather တွင် Rudder Shock ဖြစ်သောအခါ Double Shock v/v Lift ဖြစ်ပြီး
Tiller ကြောင့် Hunting Gear ရွေ့ကာ Pump ကို အလုပ် လုပ်စေပြီး Rudder ကို မူလ
Poistion သို့ပြန်ရောက်စေသည်။
4, Steering Pump နှစ်လုံးသုံးပြီး ဘယ်အချိန်မှာ မောင်းသလဲ ?
1. Maneuvering လုပ်သောအချိန်
2. Narrow Channel ဖြတ်သောအချိန်
3. Heavy Weather ဖြတ်မောင်းသောအချိန် တို့ဖြစ်သည်။
5, Hunting Gear Arrangement တွင် ဘာတွေပါသလဲ ?
     1. Floating Lever
     2. Pump Control Rod
     3. Buffer Spring နှင့်
     4. Tiller တို့ပါဝင်သည်။
6, Buffer Spring ကဘာတွေလုပ်ပေးလဲ ?
     - Floating Lever နှင့် Tiller ကို ချိတ်ဆက်ထားသည်။
     - Control System Damage မဖြစ်အောင် ကာကွယ်ပေးသည်။
     -  Rudder တွင်ဖြစ်ပေါ်သော Vibration နှင့် Shock ကို Absorb လုပ်ပေးနိုင်သည်။
     - Rudder လည်သောအခါ ဖြစ်ပေါ်သော Control Lever Movement ကို Absorb လုပ်ပေးသည်
     - Order Speed နှင့် Follow Up Speed တို့ကြားမှ Difference ကို Absorb လုပ်ပေးနိုင်သည်။
     - Hydraulic P/P ရပ်သွားသောအခါ Mishandle ဖြစ်ခဲ့လျင် Steering Wheel ၏ Movement ကို Absorb
           လုပ်ပေးသည်။
7, Sterring Gear Safety Devices တွေကဘာတွေလဲ ?
    1. Motor Overload Alarm
    2. Buffer Spring
    3. Hydrauli Tank Low Level Alarm
    4. Double Shock v/v
    5. Relief v/v
    6. Hunting Gear
    7. Angle Adjusting Stopper ( Handover Position Lmit Switch )
8, Main Steering System Breskdown ဖြစ်လျင် ဘယ်လို Action ယူမလဲ ?
- Auto Pilot ကိုဖြုတ်ကာ Emergency Steering Gear အသုံးပြုမည်။
- Telemotor Receiver နှင့် ဆက်ထားသော Control Rod ၏ Change Over Pin ကိုဖြုတ်မည်။
- ထို Control Rod ကို Hand Gear ဖြင့်ပြန်ဆက်ပြီး Pin ထိုးမည်။
- Bridge နှင့် Communication လုပ်ကာ Bridge မှတောင်းသော Position အတိုင်း Local Rudder Angle
            Indicator ကိုကြည့်ပြီး လှည့်မည်။
            ( Hand Gear ကို Rudder ရောက်သည့် Position တွင် Set လုပ်မည်။ )
        နောက်တစ်နည်းဖြေရန် ------
 Bridge Control ကို Manual ပြောင်းမည်။
 Bridge နှင့် Communication ယူမည်။
 Port နှင့် Starboard မှ Solenoid Buttom ကို Pin ထိုးပြီးလှည့်မည်။
            ( သတ်မှတ်ထားသော Position ရောက်၊ မရောက်Rudder Angle Indicator ကိုကြည့်မည်။ )
9, Steering Gear Power Failure ဖြစ်ရင် ဘယ်လို Action ယူမလဲ ?
 Pump အဝင်၊ အထွက် v/v များကို ပိတ်မည်။
 Hand P/P v/v များဖွင့်မည်။
 Bridge နှင့် Communication လုပ်မည်။
 Rudder Angle Indicator ကြည့်မည်။
 Bridge မှတောင်းသော Position အတိုင်း Hand Pump ရိုက်မည်။
           ( မဆွဲနိုင်ခဲ့လျင် Chain Block ၂ ခုဖြင့် Rudder Tiller ကိုဆွဲမည်။ )
10, System အတွင်းမှာ လေရှိရင် လေဘယ်လိုချူမလဲ ?
 Air Vent မှ လေချူမည်။
 အကယ်၍ System အတွင်း လေပမာဏများစွာ ဝင်ရာက်နေခဲ့လျင် System Oil ကို Totally Empty
           လုပ်ပြီး Charging ပြန်လုပ်ပေးမည်။
11, Emergency Steering Test ဘယ်အချိန်တွေမှာ လုပ်သလဲ ?
     1. Every Voyage တိုင်းတွင်လုပ်သည်။
     2. ၃လ အတွင်း အနည်းဆုံး (၁) ကြမ် လုပ်သည်။
     3. Survey တွင်လုပ်သည်။  ( Test လုပ်လိုသောအခါ Auto Pilot ကိုဖြုတ်ပြီးမှ လုပ်သည်။)
12, System ထဲမှာ လေခိုနေရင် ဘယ်လိုလက္ခဏာတွေ ပြမလဲ ?
   - Irregular Operation ဖြစ်မည်။
     i. Tele-motor မရွေ့မီ Steering Wheel Excessive Movement ဖြစ်မည်။
     ii. Wheel လှည့်သောအခါ Initial Pressure မရဘဲ Wheel Slack ဖြစ်မည်။
   - Jerky Operation ဖြစ်မည်။
   - Pressure Gauge များ Jumping ဖြစ်မည်။
13, Steering Gear Control Test လုပ်ရတဲ့ ရည်ရွယ်ချက်ကို ပြေပြပါ။
     Port to Port ၊ Voyage to Voyage တွင် Safe Working Condition ဖြင့် သင်္ဘောမောင်းနှင်နိုင်
            ရန်ဖြစ်သည်။
14, Steering Gear Control Test လုပ်ပြပါ။
   1. Steering Gear Room သို့သွားကာ System နှင့် ပတ်သတ်သော Oil Line များ Leakage ရှိ၊ မရှိ
            စစ်ဆေးမည်။
   2. System Oil Level ကိုစစ်ဆေးမည်။
   3. Steering Test လုပ်ရန် Bridge သို့သတင်းပို့မည်။
   4. Power ON ပြီး Motor တစ်လုံးကို ဦးစွာမောင်းမည်။ Ampere စစ်မည်။
   5. Port – STBD _ Mid-ship စမ်းမည်။
   6. Satisfy ဖြစ်သောအခါ Running Motor ကိုရပ်မည်။ ထိုအချိန်တွင် Steering Gear Failure Alarm
           လာမည်။ Indicator Lamp မှမီးလင်းရမည်။
  7. ထို့နောက် ကျန် Motor ၁ လုံးမောင်းပြီး Ampere စစ်မည် Port ¬¬ STBD – Mid-ship  စမ်းမည်။
           Motor ရပ်သွားသောအခါ Alarm လာရမည်။
  8. နောက်ဆုံးတွင် Motor ၂လုံးကိုမောင်းကာ Test လုပ်မည်။အဆင့်တိုင်းတွင် Rudder Actual Position
           သည် Bridge မှ Angle Indicator နှင့်ကိုက်ညီမှု ရှိ၊ မရှိ Communication ယူကာစစ်ဆေးမည်။
           ( 12 Hr Before Departure အတွင်း Steering Gear ကို အလုံးစုံစစ်ဆေးကာ Test
          လုပ်ပေးသင့်သည်။ )
15, Ram Type နှင့် Vane Type အကြောင်း ကြိုက်ရာတစ်ခုကို ပြောပြပါ။ (သို့)
     မင်းစီးခဲ့တဲ့ သင်္ဘောပေါ်ကဟာကို ပြောပါ။
        Ram Type ----
   - Tiller ကို Rudder Stock ဖြင့် Fixed လုပ်ထားသည်။
   - Hyd; Rams များသည် Tiller ကို Swivel Block အားဖြင့် Operate လုပ်သည်။
   - Swivel Block သည် Ram ၏ Linear Movement  ကို Tiller & Rudder တွင် Rotary Movement
           သို့ပြောင်းပေးသည်။        
   - Ram တစ်စုံစီကို Botted Together လုပ်ထားပြီး Joint End များသည် Swivel Block ပေါ်တွင် Trunnion Arms
           အဖြစ်ဖွဲ့စည်းထားသည်။     
16, Tele-motor System နှစ်မျိုးရှိ ----
     1. Hydraulic System ( Ram Type & Vane Type )
     2. Electric System ( Ward Leonard System & Single Motor System )
17, Steering Gear Stuck ဖြစ်ရသော အကြောင်းများကိုပြောပြပါ။
     Steering Gear Stuck ဖြစ်နေိုင်သော အကြောင်းများမှာ -
   1. Steering Wheel မှ Command  က Control Box ကို မရောက်ခြင်း။
   2. Control Box ကနေ Directional Control Valve ကို Power မရောက်ခြင်း။
   3. Directional Control Valve ကပ်နေခြင်း။
   4. Rudder Carrier Bearing သည် Wear Down ဖြစ်နေခြင်း။ (ဆီမရှိခြင်းကြောင့် )
   5. အပြင်ဘက်မှနေ Rudder ကို ကြိုးများပတ်နေခြင်း။ တို့ကြောင့် Stuck ဖြစ်နိုင်သည်။
18, Steering Alarm များကိုပြောပြပါ။
   1. Signal Phasing Alarm
   2. Motor Over Load Alarm ( Over Current )
   3. Power Failure Alarm
   4. Hyd; Oli Low Level Alarm
   5. Steering Room Bilge Well High Level Alarm
   6. Auto Pilot Failure Alarm တို့ဖြစ်သည်။
19, Steering Room ထဲတွင် နေ့စဉ်ဘာတွေ စစ်မလဲ ?
 Pump များ၏ Pressure Gauge များ Jerking ဖြစ်၊ မဖြစ်စစ်မည်။
 Motor Ampere များပုံမှန် ရှိ၊ မရှိ စစ်မည်။ Motor ပု၊ မပူလက်ဖြင့် စမ်းကြည့်မည်။
 Noise နှင့် Vibration ရှိ၊ မရှိ စစ်မည်။
 Oil TK များရှိ Oil Level များကို စစ်မည်။
 System တွင် Leakage ရှိမရှိ စစ်မည်။
 Linkage များ Loose ဖြစ်၊ မဖြစ်စစ်မည်။
 Rudder Carrier Bearing ကို Grease ထိုးမည်။
 Bottom Gland Seal ကောင်း၊ မကောင်း စစ်မည်။
 Steering Room Bilge Level တက်၊ မတက် စစ်မည်။
20, C.P.P ဆိုတာ ဘာလဲ ? ရှင်းပြပါ။
- Controllable Pitch Propeller
-     Propeller Boss ပေါ်မှာတပ်ထားတဲ့ Propeller Blade တွေဟာအသေမဟုတ်ဘူး အရှင်ဖြစ်တယ်။
အဲဒီ Blade တွေကို Angle ပြောင်းလို့ရတယ်။ “O” Angle ထားရင် Shaft လည်နေပြီးတော့ Thrust မရှိဘူး
ဘယ် ညာ အလိမ်ပေးလို့ရတယ်။ ဘယ် ညာ အလိမ်ပေါ်မူတည်ပြီး ရှေ့သွားလို့ရမယ်၊ နောက်သွားလို့ ရမယ်။
Engine Speed ပြောင်းစရာ မလိုဘူး။ အဲဒါကို C.P.P လို့ခေါ်သည်။ ရိုးရိုး Propeller တွေက Fined Propeller
တွေပဲ ။
21, C.P.P ပေါက်ရင် ဘယ်လိုလုပ်မလဲ ?
 Ahead Position မှာထားပြီး Lock လုပ်ပြီးမောင်းမယ်။ Engine မှာ Reverse လုပ်ဖို့ Arrangement
တွေပါတယ်။
22, C.P.P ကို Emergency မှာ ဘာနဲ့ Control လုပ်မလဲ ?
- Spillo v/v နဲ့လုပ်မယ်။
23, Steering Gear System တွင် SOLAS Rule အရ လိုအပ်ချက်တွေက ဘာတွေလဲ ?
1. သင်္ဘောတိုင်းတွင် Main နဲ့ Auxiliary Steering Gear Service ရှိရမယ်။
2. Hydraulic System တွေမှာ Relief v/v ပါရမယ်။
3. Nax; Speed Ahead ဒဏ်ကိုခံနိုင်ရမယ်။
4. တစ်ဖက် 35° မှ အခြားတစ်ဖက် 35° လှည့်နိုင်ရပါမယ်။
5. Max; Ahead Speed နဲ့ တစ်ဖက် 35° မှ အခြားတစ်ဖက် 30° ကို 28 sec အတွင်းလှည့်နိုင်ရမည်။
6. Aux; Steering Gear ( Emergency Steering Gear မှာ 15° to 15° ကို 60 sec 7 Knot Ahead Speed
ဖြစ်ရမယ် )
7. GRT 10,000 ကျော် Tanker နဲ့ GRT 70,000 ကျော် သင်္ဘောတိုင်းမှာ Max; Steering Gear ကို
Power Unit နှစ်နေရာအထက်ကနေ ပေးနိုင်ရပါမယ်။
24, Electrical Hydraulic System ရှိတဲ့ Bridge နဲ့ Steering Room မှာ Wire ပြတ်နေလျင် ဘယ်လို
     Test  လုပ်မလဲ ?
- Voice Pipe နဲ့ Test လုပ်မယ်။
25, At Sea မှာ Tele-Motor System Pipe ပေါက်ရင် ဘာလုပ်မလဲ ?
 Emergency Steering Gear ကိုပြောင်းမယ်
 Steering Flat ထဲသွားမယ်။
 Tele-Motor ကနေ Change Over Pin ကို Emergency Steering Gear ကိုပြောင်းတပ်မယ်။
26, Rudder ဘယ်နှစ်မျိုးရှိသလဲ ?
1. Semi Balance Rudder          20% ( T/A ရှေ့)
2. Balance Rudder                  25% - 30% ( Tuming Axis ရဲ့ရှေ့မှာရှိ )
3. Unbalance Rudder              ( Area အားလုံး T/A ရဲ့နောက်မှာရှိ )
Credit...
All photo credit : Google Image
မေတ္တာဖြင့်
T.Y.M.M

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html