ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျပ်စစ်ကြောင့် မီးလောင် ခြင်း အကြောင်း တရား နဲ့ fail safe လျပ်စစ် ပစ္စည်းများ

လျပ်စစ်ကြောင့် မီးလောင် ခြင်း အကြောင်း တရား နဲ့ fail safe လျပ်စစ် ပစ္စည်းများ
================================================
တလော က လျိုင်သာ ယာ show room တခုမှာ မီး လောင်တာနဲ့ ပတ်သက်ပြီးတော့ ပြန်လည် ဖြေ ချင်း ချက်မှာ မီးအားတက်သွားပြီးတော့ ( ရေးထားချက် အရ ( တအား အဆမတန် ဆောင့်ဝင်သွားပြီးတော့ ) breaker ဘရိတ်ကာ အရည်ပျော် ပြီး မီးလောင်တယ်လို့ ပြန်လည် ဖြေရှင်းထား ပါတယ် ။
ဘရိတ်ကာ ဆိုတာ အဲသလို လျပ်စစ် မတော် မဆ မှုတွေ ကို တားဆီးပြီး နောက်ဆုံး အန္တာရာယ်  မီးလောင်ဖို့ ကို ကာကွယ်ဖို့ တပ်ထားတာပါ ။ ဘရိတ် ကာ ကနေတဆင့် မီးလောင် တယ်ဆိုတာ ကတော့ အလွန် ကိုရှားပါးတဲ့ ဖြစ်စဉ်ပါ ။  တော်တော် များများ ကလည် Haha လုပ်ကျပါတယ် ။
အဓိ က လျပ်စစ်ကြောင့် မီးလောင်တာ တွေ ကို ကြည့်လိုက်ရင် မီးပျက်လို့ မီးပြန်လာတဲ့ အချိန်မှာ ဖြစ်တာ များပါတယ် ။ ဒါ ကလဲ human error ကြောင့်ပါ။ လူဆိုတာ ကမေ့တတ်ပါတယ် ။ ကျွန်တော် ကိုယ်တိုင်လဲ ဟင်းချက်ပြီး မေ့လို့ ညှော်နံ့ ရမှ သိရတာတွေ ရှိခဲ့ပါတယ် ။ ( အခုနောက် ပိုင်းတော့ ဘာချကချက် timer သုံးတယ် )
မီးပြန်လာတဲ့ အချိန် မှာ အဓိ ကဖြစ်တတ် တာကတော့ ဇတ်လိုက်ကျော် manual မီးအားမြှင့်စက်တွေ ပါပဲ ။ မီးအားမြှင့်ထားတုန်း မီး ပျက် ပြီး ရင် မီးအားပြန်ချဖို့ မေ့တတ်ပါတယ် ။မီးလဲ လာရော voltage အဆပေါင်း များစွာ က ဖြစ်ပေါ်လာပြီး ဆက်ထားတဲ့ လျပ်စစ် ပစ္စည်းတွေ က ဗို့ဒါဏ် မခံ နိုင်ပဲ မီးလောင်ပေါက်ကွဲ ပါတယ် ။ ၁၀၀ ကနေ မီးမြင့်ထားလို့ ၂၀၀ ရှိရင် မီးလာလို့ ၂၀၀ ရှိရင် ၄၀၀ ဗို့ ဖြစ်သွားမှာပါ ။ အဲ ဒီ မှာ သုံးနေတဲ့ ဆက်ထားတဲ့ ပစ္စည်းတွေ က မီးလောင် သွားမှာပါ ။ နောက်တချက် က breaker ဆိုတာကတော့ လျပ်စစ် ကားရင့်  current  ကို သာ ထောက်လှမ်းတာပါ ။ဗို့ အား မြင့်လဲ မပြုတ်ပါဖူး။ အဲဒါ ကို သိထားရပါမယ်။
ဖြစ်နိုင်ခြေ နောက်တခု ကတော့ အပူ သုံးလျပ်စစ် ပစ္စည်း များပါပဲ ။ မီးပျက်တုန်း မှာ ပိတ်ဖို့မေ့နေရင် မီးပြန်လာရင် ပြန်ပြီး အလုပ်လုပ်ပါတယ် ။ မေ့နေရင်တော့ ဥပမာ ရေနွေး အိုးကြိုတာ ဆိုရင် ရေတွေ ခန်းပြီး အပူချိန် များပြီး အိုး ကနေတဆင့်ကြာရင်လောင်တတ်ပါတယ် ။လောင်တဲ့ ဥပမာတွေလဲ ရှိပါတယ် ။ လူဆိုတာ က ဘယ်လောက် သတိကောင်းတယ် ပြောပြော တကယ် ကျတော့ မေ့တတ်ပါတယ် ။ လူ အများကြီး သုံးရင် ပိုဆိုးပါတယ်။
အဲဒီ အတွက်နောက်ပိုင်း မှာလူသုံး  လျပ်စစ် ပစ္စည်းတွေ ကို  fail safe လို့ ဆိုတဲ့ မီး ပျက်ရင် လူကိုယ်တိုင် ပြန် ပြီး အနီး အနား ကနေ reset လို့ဆိုတဲ့ ပြန် နှိပ်မှ အလုပ်လုပ်တဲ့ ပစ္စည်းတွေ တီထွင် လာပါတယ် ။ ဒါ မှလဲ အဲဒီ ပစ္စည်း တခုခု ဖြစ်ရင်  လူက  သိနိုင်ပါတယ် ။
အခုခောတ် လျပ်စစ် မီးဖိုတွေ ဆိုရင် မီးပျက် ရင် ပိတ်သွားပါတယ် ။ လူ လာပြီး ပြန်ပြီး ဖွင့်မှ ပြန် အလုပ်လုပ်ပါတယ် ။ ဟင်းချက်ရင်လဲ အချိန်နဲ့ timer တွေနဲ့ ထားပြီး သုံးလို့ ရပါတယ် ။ ဘာမှ မဟုတ်ဖူး ထင်ရပေမဲ့ ဖြစ်လာ နိုင်တဲ့ မီးလာရင် လူ မသိပဲ အပူတွေ ဖြစ်နေတဲ့ အန္တာရာယ် ကို တော့ ကာကွယ်ပေးပါတယ်။ အလွန်ကောင်းတဲ့ safety စနစ်တခုပါ ။
ဥပမာပေးရရင် inferred hot plate တွေ က fail safe ပစ္စည်းတွေပါ ။ မီးပျက်ရင် OFF သွားတယ် ။ မီးပြန်လာလဲ လူ က ပြန်နှိပ်ပေးမှ ပြန် အလုပ်လုပ်ပါတယ် ။  အကောင်းဆုံး ကမေ့တတ်တယ်ဆိုရင် fail safe technology ပါတဲ့  လျပ်စစ် ပစ္စည်းတွေ က မြန်မာ နိုင်ငံ လို မီး ခဏခဏ လာတဲ့ တိုင်းပြည် နဲ့ ကသင့်တော်ပါတယ် ။
အရင် က gas မီးဖိုတွေ မှာဆို ရင် မီး မတောက်ရင် gas value ကို အလိုလို ပိတ်တဲ့  fail safe system value တွေ ပါပါတယ် ။ အခုနောက်ပိုင်း မတွေ့ ရတော့ပါဖူး။ အလွန် အန္တာရာယ် များပါတယ် ။
မီးပျက် ရင်လဲ ဘာတွေ ကို ပိတ် ရမဲ့ ဆိုတာ ကို သေချာစွာ ရေးထားသင့်ပါတယ် ။ ဒါပေမဲ့ မြန်မာပြည် မှာ က ဘယ်သူ မှ သေသေ ချာချာ မလိုက်နာ လောက်ပါဖူး။ အဲတော့ safe guard တခုဖြစ်တဲ့ fail safe electrical equipment တွေ ကို အဓိ ကနေရာတွေ မှာ သုံးသင့်ပါတယ်။
ဒီတော့ မိမိ တို့ အတွက် ကိုယ်တိုင်သာ ဆုံး ဖြတ်ပါ ။ မီးဘေးေ၇ှာင် ဖို့ မိမိ တို့ သင့်တော်ရာ ဘယ်လို ပစ္စည်း သုံး မလဲ ဆိုတာကို ။ သူခိုးခိုးတာ က မပြောင်ပါ ဖူး။ မီးလောင်တာ ကတော့ ကိုယ့် နဲ့ တကွ ပတ်ဝန်း ကျင် ကိုပါ ထိခိုက်စေမှာပါ ။
ဖတ်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။

A fail-safe in engineering is a design feature or practice that in the event of a specific type of failure, inherently responds in a way that will cause no or minimal harm to other equipment, the environment or to people.

Credit

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html