ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မော်တော်ကားများ ၏ အင်ဂျင်အထိုင်စနစ် ကွဲပြားပုံ

မော်တော်ကားများ  ၏ အင်ဂျင်အထိုင်စနစ် ကွဲပြားပုံ
---------------------------------------------------------

ယနေ့မှာတော့ ကျွန်တော်တို့က ကားတွေမှာ တပ်ဆင်ထားတဲ့ အင်ဂျင်တွေရဲ့ အထိုင်ပုံစံကွဲပြားပုံများ အကြောင်း ဖော်ပြလိုက်ရပါတယ်။

ပြည်တွင်းမှာ ရှိနေတဲ့ အိမ်စီး၊ ဇိမ်ခံ၊ လုပ်ငန်းသုံးကားတွေရဲ့ ၉၅ ရာခိုင်နှုန်း ဝန်းကျင်က အင်ဂျင်အရှေ့ထိုင်စနစ်နဲ့ ဖြစ်ပါတယ်။ ဒါဆို အင်ဂျင်ကို ကားတစ်စီးမှာ အရှေ့ပိုင်းတစ်ခုတည်းပဲ အထိုင်ထားနိုင်တာလားလို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး။ ကားတစ်စီးရဲ့ အင်ဂျင်အထိုင်တည်နေရာ သုံးခု ရှိပါတယ်။

၁.  အင်ဂျင် အရှေ့ထိုင်စနစ်
၂.  အင်ဂျင် အနောက်ထိုင်စနစ်
၃. အင်ဂျင် အလယ်ထိုင်စနစ်တွေ ဖြစ်ပါတယ်။

အင်ဂျင်အရှေ့ထိုင်စနစ်
---------------------------
အင်ဂျင်အရှေ့ထိုင်စနစ် သုံးရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ပထမ တစ်ချက်က ကားရဲ့ ရှေ့ဘက်အလေးချိန်ကို များစေချင်လို့ပါ။ ကားတစ် စီး ရှေ့ဘက်အလေးချိန် များနေစေတဲ့ တစ်ချက်က ရုန်းအားနဲ့ ပြေးနှုန်းကို ပုံမှန် ရစေပါတယ်။ ကားတစ်စီးရဲ့ ပြေးနှုန်း တည်ငြိမ်ဖို့ ရှေ့ဘက်မှာ အင်ဂျင်ကို ပုံသေ အလေးချိန် အဖြစ် အထိုင်ထားခြင်းဖြစ်ပါတယ်။

ဒုတိယအချက်က ရှေ့ဘီးယက်စနစ်တွေ ထုတ်လုပ်မှု များလာတာကြောင့်ပါ၊ အင်ဂျင်နဲ့ လည်ပတ်မှုစနစ် နီးကပ်လေ စွမ်းအင် လေလွင့်မှု လျော့နည်းလေ
ဖြစ်တာကြောင့် ရှေ့ဘီးယက်စနစ်တွေ ထုတ်လုပ်မှု များလာလေ ရှေ့ဘက် အင်ဂျင်အထိုင်စနစ် အသုံးများလာလေ ဖြစ်ပါတယ်။

တတိယအချက်က Exhaust ပါ၊ အသံထွက် ညင်သာဖို့  ပြွန်ပုံစံကို အလျားရှည်ရှည် ဖန်တီးရပါတယ်။

နောက်ဆုံး အချက်ကတော့ နေရာကျယ်ကျယ်ဝန်းဝန်း ရနိုင်တာကြောင့်ပါ၊ ကားအများစုရဲ့ အင်ဂျင်ခန်းနဲ့ နောက်ဘက် ၀န်တင်ခန်းမှာ အင်ဂျင်ခန်းက ပိုပြီး ကျယ်ကြပါတယ်၊ ဒါ့ကြောင့် နေရာပမာဏပိုရနိုင်မယ့် ရှေ့  ဘက်အခြမ်းမှာ အင်ဂျင်ထိုင်ကြတာ ဖြစ်ပါတယ်။

နောက်ဘက် အင်ဂျင်အထိုင်စနစ်
-------------------------------------
နောက်ဘက် အင်ဂျင်ထိုင်စနစ်ကတော့ ၁၉၅၀ ပြည့်နှစ်တွေက
မော်ဒယ်တွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း ရှေ့ဘက်ကနေ ပစ်ခတ်တဲ့ သေနတ်ကျည်ဆံတွေကို ကာကွယ်နိုင်အောင် အင်ဂျင်ခန်းကို နောက်ဘက် ပို့ထားတာ ဖြစ်ပါ တယ်။

ရှေ့ဘက် အင်ဂျင်အထိုင်စနစ်လောက် အားသာချက် များများစားစား မရှိတာကြောင့် အခု နောက်ပိုင်းမှာ ထုတ်လုပ်မှု နည်းသွားတာ ဖြစ်ပါတယ်။ လက်ရှိ နောက်ဘက်အင်ဂျင်ထိုင်စနစ်နဲ့  ထုတ်နေတဲ့ကားတွေကိုတော့ Porsche မော်ဒယ်တွေမှာ အများဆုံး တွေ့ နိုင်ပါတယ်။

နောက်ဘက်အင်ဂျင်အထိုင်စနစ်ရဲ့ အားသာချက်တွေကတော့

ရှေ့ဘီးယက်စနစ် မဟုတ်တဲ့ နောက်ဘီးယက်စနစ်၊ လေးဘီးယက် စနစ်လို မော်ဒယ်မျိုးတွေမှာ ဘီးတွေကို စွမ်းအင် ထောက်ပံ့နိုင်မှု ပိုကောင်း လာပါတယ်။

ကိုယ်ထည်ပိုင်းကို အလေးချိန် အချိုးကျအောင် အသေးစိပ် ဖန်တီးထားမယ် ဆိုရင် ရှေ့ဘက် အင်ဂျင်ထိုင်စနစ်ထက် စွမ်းဆောင်ရည်ကောင်းကို ပြသနိုင် ပါတယ်။

မော်တော်ယာဉ်တိုက်ခိုက်မှု ဖြစ်စဉ်တွေရဲ့  ၇၀ ရာခိုင်နှုန်း ၀န်းကျင် က ရှေ့ဘက်ကနေ တိုက်မိတာတွေ ဖြစ်တာကြောင့် မတော်တဆမှုတွေ မှာအင်ဂျင်ကို တိုက်ရိုက် ထိခိုက်စေမှု ရာခိုင်နှုန်းကို နည်းစေပါတယ်။

နောက်ဆုံး တစ်ချက်ကတော့ ကားသက်တမ်းကြာလာချိန်တွေမှာ ကြုံတွေရမယ့် မီးခိုး၊ အညှော်၊ အပူချိန် စတာတွေကို ရှောင်ရှားနိုင် မှာပဲ ဖြစ်ပါတယ်။

အင်ဂျင်အလယ်ထိုင်စနစ်
-----------------------------

ကားအစီးရေ တစ်ထောင်မှာ တစ်စီးမရှိတဲ့ အင်ဂျင်အထိုင်ပုံစံပါ။

Supercar လို့ ခေါ်တဲ့ အဆင့်မြင့် စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေမှာသာ သုံးတာ ဖြစ်ပါတယ်။ Lamborghini, Ferrari နဲ့ Bugatti လို မော်ဒယ်တွေ မှာ တွေ့နိုင်ပါတယ်။ ထုတ်လုပ်မှု အပိုင်းမှာ အင်ဂျင်စနစ်အနေနဲ့ ကားရဲ့ ကိုယ်ထည်အောက်ဘက်ထဲမှာ ရောက်နေလို့ အဆင့်မြင့် အထူးတလည် ဖန်တီး တပ်ဆင်မှ ဖြစ်နိုင်တဲ့ အနေအထားပါ။ ဒါကြောင့် ပုံမှန် အိမ်စီး မော် ဒယ်တွေမှာ ဒီလို အင်ဂျင်အထိုင်စနစ်ကို မတွေ့ရတာပဲ ဖြစ်ပါတယ်။

ဒီစနစ်ရဲ့ အားသာချက်ကတော့

လေးဘီးယက်စနစ်တွေမှာ အင်ဂျင်ကနေ ထွက်ရှိလာတဲ့ စွမ်းအားကို ဘီးလေးခုစလုံးကို အညီအမျှ တပြိုင်နက် ပေးပို့နိုင်တာကြောင့် မြန်နှုန်း
မြင့် မောင်းနှင်နိုင်စေပါတယ်။

အင်ဂျင်အလယ်ထိုင်စနစ်က နောက်ဘက်ဝန်ကိုလည်း မများစေသလို ရှေ့ ဘက်ဝန်ကိုလည်း မလေးစေပဲ ဟန်ချက်ညီတာကြောင့် မြေဆွဲအားကို အကောင်းဆုံး ချိန်ညှိပေးနိုင်တာတွေပဲဖြစ်ပါတယ်။

cd:JPM

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html