ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ESE မိုးကြိုးလွှဲစနစ် ...

ကျနော် တပ်ဆင်ဖူးသော ESE မိုးကြိုးလွှဲစနစ် ......

Installation လုပ်ငန်းတိုင်းအား စနစ်တကျဖြစ်အောင်လေ့ကျင့်သင်ကြားပေးနေသော ကျွန်တော်တို့ လုပ်ငန်းခွင်မှ အတွေ့အကြုံတစ်ခုပါ

    INSTALLATION လုပ်ငန်းတွေ ကိုယ်တိုင်လုပ်ကိုင်ရတာ ၊ တခြားတယောက် အဖွဲ့အစည်းကို ခိုင်းရတာ ၊တခါတလေ  လုပ်ငန်းကို ကိုယ်တိုင်ကြီးကြပ်ရတာတွေက ကျနော်တို့အတွက်က  တကယ်ကို မလွယ်ကူသော ကိစ္စတခုပါ ။
   ဘာကြောင့်မလွယ်ကူလဲ ဆိုတာ က ကျွန်တော့်တို့ အများစု   တွေ့ဖူး ကြုံဖူးကျမှာပါ ။
     တခါတရံ BUILDING မှာ မိုးကြိုးလွှဲတပ်ထားတယ် ၊  တကယ်ဖြစ်လာရင် မိုးကြိုးပစ်ခံရတယ်။
     EARTHING ကို ချထားပါရဲ့ လိုအပ်သော EARTHING RESISTANCE မရဘူး၊ လျှပ်စစ်ဓာတ်လိုက်ခံရတာတွေရှိတယ်၊
     Lighting အနေနဲ့  မီးတော့ထွန်းထားတယ်  သတ်မှတ်အမြင့်  နဲ့ သက်ဆိုင်ရာ lighting fixture တွေကို စနစ်တကျမသုံးစွဲရင် လုပ်ငန်းလုပ်ကိုင်ရန်အတွက်  လိုအပ်သော အလင်းအားမရဘူး၊    ဒီလိုအကြောင်းတွေက INSTALLATION ပြုလုပ်ပေမယ့် စနစ်ကျသော မှန်ကန်သော INSTALLATION စနစ်ကို ဂရုမပြုမိ မလိုက်နာမိလို့ ဖြစ်ရတာပါ။
      ဒီတော့ INSTALLATION လုပ်ငန်းတွေကို လုပ်ရတော့မယ် စစ်ဆေးရတော့မယ် ဆိုရင် ကျနော့ အနေနဲ့ အရင်ဆုံးလုပ်မိတာတွေထဲက တချို့ပါ ....
သက်ဆိုင်ရာ INSTALLATION ရဲ့  DESIGN REFERENCE တွေကို ဖတ်ရပါတယ်။
သက်ဆိုင်ရာ REFERENCE STANDARD တွေ ၊ INSTALLATION REFERENCE DRAWING တွေ METHOD တွေကို အမိအရ စုဆောင်းရပါတယ်၊
လိုအပ်ရင် DETAIL  ENGINEERING  တွေ DETAIL CALCULATION တွေကို ရှာဖွေရတယ် အရင် လုပ်ဆောင်ဖူးသော လုပ်ငန်းများရှိရင် အရင် လုပ်ငန်းက အကျိုးအပြစ်တွေ  လုပ်ဆောင်တပ်ဆင်ပုံနည်းလမ်းတွေကို အသေအချာပြန်ဖတ်ရပါတယ်၊
            ဒီလို လုပ်နေပေမယ့် ကျနော့ရဲ့ နည်းပါးတဲ့ အတွေ့အကြုံ ၊ လေ့လာမှုအားနည်းခြင်းတွေ ၊ က တခါတရံမှာ မမျှော်လင့်သော အခြေအနေတွေကို ဖြစ်ပေါ်စေပြန်ပါတယ်။ ဒီတော့ သင်ခန်းစာတွေ လေ့လာစရာတွေက အမြဲကို မကုန်နိုင်မခန်းနိုင်ပါဘဲ၊
            ဒီ အထဲကမှ လက်ရှိ ဒီနောက်ပိုင်းမှာ အသုံးများလာသော မိုးကြိုးလွှဲ စနစ်ဖြစ်တဲ့ ESE LIGHTNING PROTECTION ကို NFC 17102, UNE 21186 STANDARD အရ တပ်ဆင်ပုံ တချို့ပါ။.......

စနစ်ကျ ကောင်းမွန်သော ESE  မိုးကြိုးလွှဲ စနစ်မှာ ပါဝင်သော အခြေခံ အစိတ်အပိုင်းများမှာ

၁။ ဖြစ်ပေါ်လာသော မိုးကြိုးကို ဖမ်းယူနိုင်သော AIR TERMINAL အပိုင်း

၂။AIR TERMINAL မှ ဖမ်းယူရရှိထားသော မိုးကြိုးလျှပ်စီးကို အဆောက်အဦး / သက်ရှိသတ္တဝါ များကို မထိခိုက်စေဘဲ မြေကြီးစီသို့ ဆွဲချပေးသော DOWN CONDUCTOR များ

၃။ DOWN CONDUCTOR မှ ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေသော EARTHING စနစ်များ

၎။မိုးကြိုး လျှပ်စီးကြောင့် တဆင့်ခံဖြစ်လာသော OVER VOLTAGE / SURGE VOLTAGE ကို အကာအကွယ်ပေးသော စနစ် ( internal surge protector ) တွေ အဓိကပါဝင်ပါတယ်။
ဒီတော့ ကျနော်တို့ သိရမှာက အထက်ဖော်ပြပါ စနစ် ( ၄ ) မျိုးထဲက တခု ခု မကောင်းရင် အချိတ် အဆက်မမိရင် မိုးကြိုးဒဏ်ကို ခံရမှာက အသေအချာပါ။

      ဒီတော့ ပုံမှန် တွေ့မြင်နေကျ ESE စနစ်ရဲ့ တပ်ဆင်ပုံ တချို့ ကို NFC 17102, UNE 21186 STANDARD အရ လိုအပ်သော တပ်ဆင်မှု အချို့ကို လုပ်ကိုင်ဖူးသမျှ  လေ့လာမိသမျှပါ။
တပ်ဆင်မည့်အမျိုးအစားပေါ်မူတည်၍ မူကွဲသတ်မှတ်ချက်တွေ ရှိနိုင်ပါတယ်။

o AIR TERMINAL ကို LIGHTNING PROTECTION ပြုလုပ်မည့် မည်သည့် အဆောက်အဦးထက် မဆို ၂  မီတာ ပိုမြင့်၍တပ်ဆင်ရမည်။AIR  TERMINAL သည် LIGHTING PROTECTION ပြုလုပ်မည့် အဆောက်အဦးထက် 2 METER အမြဲမြင့်၍တပ်ဆင်ရမည်။

o မိုးကြိုး လျှပ်စီးကို သယ်ဆောင်ပေးမည့် DOWNWARD  CONDUCTOR သည် AREA  အနေဖြစ် အနဲဆုံး 50 Sq - mm ရှိရမည်ဖြစ်သည်။ ROUND  CONDUCTOR နဲ့ FLAT CONDUCTOR တွင် CSA -  AREA ချင်းတူပါက SURFACE AREA ပိုမိုကျယ်ပြန့်သော FLAT CONDUCTOR ကိုပိုမိုရွေးချယ်အသုံးပြုကြပါသည်၊အထူးသဖြစ် TIN COATED COPPER FLAT WIRE ကို အသုံးပြုရန်လိုအပ်ပါသည်။

o DOWN CONDUCTOR  ကို ဖြစ်နိုင်သမျှ တဖြောင့်တည်းတပ်ဆင်ရမည်။ DOWN CONDUCTOR မှ ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေနိုင်ရန် EARTHING  POINT ဆီသို့ အတိုဆုံး အဖြောင့်ဆုံးလမ်းကြောင်းအတိုင်းတပ်ဆင်ရမည်။ သတိပြုရန်မှာ DOWN CONDUCTOR ဖြတ်သန်းရာလမ်းကြောင်းတွင် ( လျှပ်စစ်နည်းလမ်းအရ ညို့ဝင်နိုင်သော ) အခြားမည်သည့် ELECTRIC CABLE မှ မရှိစေရပါ။

o အကယ်၍  DOWNWARD  CONDUCTOR ကို အဆောက်အဦး ပြင်ပမှ သွယ်တန်းယူခြင်း မဖြစ်နိုင်ပါက DOWNWARD CONDUCTOR ဝင်ဆန့်သော အရွယ်ဖြစ်သည့် ( INSULATION ဖြစ်သော NON - FLAMMABLE DUCT ) ဖြစ် သွယ်တန်းနိုင်ပါသည်။ ဒီနေရာမှာ အဆောက်အဦး အတွင်းမှ သွယ်တန်းခြင်းသည် အဆောက်အဦး အပြင်မှDOWNWARD  CONDUCTOR သွယ်တန်းယူခြင်းထက်   နီးဆက်ရာ STRUCTURE/ELECTRICAL WIRE အတွင်းသို့ VOLTAGE SURGEများဝင်ရောက်နိုင်ခြေပိုများလာနိုင်ပါသည်။

o DOWNWARD CONDUCTOR ကို STRUCTURE တွင်တပ်ဆင်ပါက DOWN CONDUCTOR  ပြေးလမ်းတလျှောက် 1 မီတာ အကွာအဝေးတိုင်းတွင် FIXING CLAMP ဖြစ်သေချာစွာ တပ်ဆင်ရမည်။

o DOWNWARD CONDUCTOR ၏ အရှည် သည် 20 METER ထက်ပိုရှည်ပါက 20 METER အရှည်တိုင်းတွင် EXPANSION JOINT ( FLEXIBLE JOINT ) ကိုတပ်ဆင်ရမည် ဖြစ်သည်။

o DOWNWARD CONDUCTOR ကို တပ်ဆင်ရာတွင် မြေပြင်နှင့်နီးကပ်လာချိန် ( FLOOR / GROUND  LEVEL ) အထက် 2 METER ကို INSULATED GUARD TUBE ဖြစ် အကာအကွယ်ပြုတပ်ဆင်ရမည် ဖြစ်သည်၊ထိုမှသာ မိုးကြိုး CURRENT စီးဆင်းချိန်၌ လူနှင့်သက်ရှိတို့ မတော်တဆထိမိခြင်းမှ ကာကွယ်ရန် အတွက် မြေပြင်အထက် 2 METER အထိ DOWNWARD CONDUCTOR ကို INSULATED GUARD TUBE ဖြစ် ဖုံးအုပ်ကာကွယ်ထားရမည် ဖြစ်သည်။ ထို့အပြင် ထို GUARD TUBE မှ DOWNWARD CONDUCTOR အား MECHANICAL ပိုင်းဆိုင်ရာထိခိုက် ပျက်စီးမှု ကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

o DOWN CONDUCTOR မှ ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေနိုင်ရန် EARTHING  POINT ၏ EARTHING RESISTANCE ကိုတိုင်းတာနိုင်ရန် အတွက် EARTHING TEST LINK  BOX  ကို မြေပြင် အထက် 1.5 METER  တွင်တပ်ဆင်ထားခြင်းဖြစ် ESE စနစ် ၏ EARTHING  RESISTANCE ကို လိုအပ်သလို ခွဲခြားတိုင်းတာနိုင်မည်ဖြစ် ပြီး သီးခြားသတ်မှတ်ချက် မရှိပါက ၎င်း EARTHING RESISTANCE သည် 10 OHM  အနည်းဆုံးရှိရမည်ဖြစ်သည်။သီးခြားသတ်မှတ်ချက် ( ဥပမာ 2 OHM )  ဆိုပါက ထို OHM ရရှိသည် အထိ EARTHING စနစ်ကို ပြုလုပ်ရမည် ဖြစ်သည်။

o EARTH  CONDUCTOR  ကို မြေပြင်အောက် ( - 500 mm ) အောက်တွင်အနိမ့်ဆုံးမြုပ်နှံတပ်ဆင်ရမည်ဖြစ်ပြီး  တခြား  UNDER GROUND  တွင်မြုပ်နှံတပ်ဆင်ထားသော ELECTRICAL WIRE လမ်းကြောင်းများဖြစ် အနည်းဆုံး 1 METER CLEARANCE ထားရှိရမည်ဖြစ်ပြီး GAS PIPE LINE များပါဝင်ပါက ထို GAS PIPE LINE လမ်းကြောင်းမှ အနည်းဆုံး 3 METER CLEARANCE ထားရှိရမည်ဖြစ်သည်။

o ဒီနေရာမှာ DOWN CONDUCTOR ကို ALUMINIUM CONDUCTOR သုံးပါက မြေကြီးအတွင်းသို့ EARTHING  စနစ်ကို တိုက်ရိုက်ဆက်သွယ်မှုကို မပြုလုပ်ဘဲ BI METAL JOINT / CLAMP ကို သုံး၍ EARTHING  စနစ်ကို ဆက်သွယ်ရမည်ဖြစ်သည်။   ဖြစ်နိုင်ပါက DESIGN (conductivity, malleability , corrosion resistance and so on ) လိုအပ်ချက်အရ COPPER TAPE ( COPPER FLAT WIRE ) ကိုအသုံးပြုရမည် ဖြစ်သည်။

o အကယ်၍ ESE LIGHTNING  PROTECTION စနစ်၏ EARTHING SYSTEM ကို PLANT   COMMON EARTHING SYSTEM နှင့်ပေါင်းစပ်လိုပါက ထို EARTHING SYSTEM ၂ ခုကြားတွင် SPARK  GAP ကိုတပ်ဆင်အသုံးပြုပြီးပေါင်းစပ်ပါက ပို၍လုံခြုံစိတ်ချသော PROTECTION  စနစ်ကို ရရှိမည်ဖြစ်သည်။

o ESE LIGHTNING  PROTECTION စနစ်၏ EARTHING SYSTEM ကို သီးခြားတပ်ဆင်ရမည်ဖြစ်ပြီး EARTHING စနစ်ကို  VERTICAL ELECTRODE ( EARTH ROD  )  ကို Triangulated rods earthing system စနစ်ဖြစ်  အများဆုံးတပ်ဆင်ကျပြီး ထို TRIANGLE ၏ ပတ်လည်အလျားသည် အနည်းဆုံး 6 METER ရှိရမည်ဖြစ်သည်။အကယ်၍ လိုအပ်သော EARTHING RESISTANCE ကို မရရှိပါက ( HIGH OHM/high resistivity ) ဖြစ်နေပါက SOIL CONDUCTIVITY IMPROVER ကို အသုံးပြုရမည်ဖြစ်သည်။
o
ဒီလို ဆိုရင် ESE ( EARLY STREAMER EMISSION ) ကို တပ်ဆင်ပုံ တချို့ကို တစွန်းတစတော့ ကျနော်တို့ လေ့လာလို့ရမှာပါ။ဒီထက်ပိုပြီး DETAIL လေ့လာချင်ရင်တော့ REFERENCE ကတော့ NF C 17-100 for the protection of structures against lightning and NF C 17-102 for
the protection by ESE Lightning conductor on structures and open areas:  ဆိုတဲ့ STANDARD နှစ်ခုဖြစ်ပါတယ် ခင်ဗျာ။.....
        အတွေ့အကြုံအသစ်တွေ ရရှိလာတိုင်းမှာ သက်ဆိုင်ရာအလုပ်တိုင်းကို  စိတ်တိုင်းကျ လေ့လာလုပ်ကိုင်ခွင့်ပေးသော ဆရာသမားများ ကို  အထူးကျေးဇူးတင်လျှက်ပါခင်ဗျာ ။

Credit..
MyoZaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html