ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Location / Load Application ပေါ်မူတည်ပြီး LOAD ( ဝန်အမျိုးအစားပေါ် မူတည်ပြီး ) မှန်ကန်စွာ ရွေးချယ်နိုင်ဖို

LOAD  SIDE  PROTECTION အတွက် အခြေခံ  SWITCH & BREAKER အမျိုးအစားများရွေးချယ်ခြင်း
မှန်ကန်ကောင်းမွန်သော ELECTRICAL INSTALLATION နဲ့ တိကျမှန်ကန်စွာ ဖြတ်တောက်ပေးသော  PROTECTION  စနစ်ကို ရရှိနိုင်ရန် အတွက် လိုအပ်သော SWITCH များ၊ ISOLATORS များ၊ BREAKER  များ ၊MOTOR  STARTER  များကို  INSTALLATION  Location / Load Application  ပေါ်မူတည်ပြီး  LOAD ( ဝန်အမျိုးအစားပေါ် မူတည်ပြီး ) မှန်ကန်စွာ ရွေးချယ်နိုင်ဖို လိုအပ်ပါတယ်၊
လုပ်ငန်းခွင်မှာ အသုံးပြုထားသော ELECTRICAL DEVICE များ  SWITCH ELEMENTS  များသည်လည်း အသုံးပြုသော နေရာ ( INDOOR / OUTDOOR  ) ကိုမူတည်ပြီး ရွေးချယ်ရန်လိုအပ်သလို  / သီးခြားလိုအပ်ချက်များဖြစ်သော FLAME PROOF / EXPLOSION PROOF စသော နေရာများအတွက် လိုအပ်သလို သင့်လျှော်သော ELECTRICAL DEVICE များကို အသုံးပြုရမည် ဖြစ်ပါသည်။
အထူးသဖြစ် ကျနော် တို့ INDUSTRIAL ELECTRICAL INSTALLATION တွေ LIGHTING နဲ့ SWITCH / SOCKET / POWER WIRING တွေပြုလုပ်ရင် အများဆုံးဖြစ်ပေါ်လာနိုင်သော ELECTRICAL FAULT တွေက ဘာတွေဖြစ်မလဲ၊ ဒီ FAULT တွေကို ကာကွယ်နိုင်ရန်အတွက် လိုအပ်သော PROTECTION ( SWITCHING  DEVICES  )  တွေက ဘာတွေဖြစ်မလဲ၊ FAULT  ဖြစ်နေသော အပိုင်းကို ပိုင်းခြား ဖြတ်တောက်နိုင်ရန် အတွက် ဘယ်လို SWITCHING DEVICE ကိုသုံးမလဲ    ကိုယ်ရဲ့  လက်ရှိတပ်ဆင်ထားသော  FUSE / ISOLATOR / BREAKER တွေက ဘာ FAULT တွေကို အကာအကွယ်ပေးမှာလဲ၊ ဒီလို နည်းလမ်းအားဖြစ် ဖြစ်ပေါ်လာနိုင်သော FAULT များ နဲ့ ကြိုတင်ကာကွယ်နိုင်သော ELECTRICAL SWITCHING DEVICES တွေကို ကြိုတင်ရွေးချယ် တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်၊
ဒီနေရာမှာ  အများအားဖြစ် ဖြစ်ပေါ်လာနိုင်သော FAULT များမှာ
1.Over Current / Over Load
2.Short Circuit 
3.Over/Under Voltage
4.Single Phasing
5.Earth Fault  တွေဖြစ်ပါတယ် ။
ဒီလိုဘဲ ကျနော် တို့ အမြဲ သုံးဖြစ်နေသော ELECTRICAL SWITCHING DEVICE  တွေက
1.SWITCHES
2.ISOLATORS
3.CONTACTORS
4.FUSES
5.STARTERS
6.FUSE/SWITCH  COMBINATION
7.CIRCUIT BREAKERS  တွေဖြစ်ပါတယ် ။
ဒီတော့ ဒီ SWITCHING DEVICE တွေထဲက ဘယ် DEVICE  တွေက RATED CURRENT တခုမှာ CURRENT ပမာဏ စီးဆင်းမှုကို ပေါင်းစပ်ခြင်း / သယ်ဆောင်ခြင်း/ ဖြတ်တောက်ခြင်းတွေ ပြုလုပ်နိုင်သလဲ  / ဒီလိုဘဲ ဒီ CIRCUIT မှာ သတ်မှတ် ပမာဏထက် ပိုလွန်သော CURRENT  ပမာဏ ( OVER CURRENT ) စီးဆင်းမှု အနေအထားမှာ CURRENT စီးဆင်းမှုကို ပေါင်းစပ်ခြင်း / သယ်ဆောင်ခြင်း ဖြတ်တောက်ခြင်းတွေ ပြုလုပ်နိုင်သလဲ  ဒီလိုဘဲ သတ်မှတ်ကန့်သတ်ပမာဏ နဲ့ဘဲရှိနိုင်သလား ၊ ဒီလိုဘဲ SHORT CIRCUIT ဖြစ်ရင် ဘယ် SWITCHING  DEVICE က CURRENT ပတ်လမ်းကို သယ်ဆောင်ခြင်း ဖြတ်တောက်ခြင်းတွေ ပြုလုပ်နိုင်သလဲ  ၊ဒါတွေ ကို အကြမ်းမျဉ်း သိရရင် ဘယ် SWITCHING  DEVICE  ကို ဘယ်နေရာ အတွက် သုံးနိုင်တယ် ဘယ် SWITCHING DEVICE ကို ဘယ်နေရာမှာ သုံးရင် / ( OUT  OF PROTECTION  ) တွေ ဖြစ်လာနိုင်သလဲ ဆိုတာ သိနိုင်ပါတယ်၊
ဉပမာ။    ။ISOLATOR တွေက သတ်မှတ် ( RATED  CURRENT  ) အတွင်းမှာ  CIRCUIT  တခု  ရဲ့ လျှပ်စီး ( CURRENT ) ကိုသယ်ဆောင်နိုင်စွမ်း ရှိသော်လည်: ၊ ပတ်လမ်းအတွင်း   OVER CURRENT ကြောင့် ဝန်ပိုများလာခြင်း အခြေအနေ တွင် ဒီ ပတ်လမ်းကို အလိုအလျောက် ဖွင့်ခြင်း ပိတ်ခြင်း ( SWITCHING OPERATION)  ကို မပြုလုပ်နိုင်ပါဘူး၊ဒီလိုဘဲ  ပတ်လမ်း အတွင်း SHORT CIRCUIT တခုဖြစ်ပွါးပါက ISOLATOR တွေသည် ဒီ ပတ်လမ်းကို အလို အလျောက် ဖွင့်ခြင်းပိတ်ခြင်းကို မပြုလုပ်နိုင်ဘဲ FAULT ဖြစ်ပွါးသော CURRENT တခုစီးဆင်းမှု ဒဏ်ကိုခံရမည်ဖြစ်သည်။

            MCB  ( MINIATURE  CIRCUIT BREAKER )  ဒီ BREAKER မှာဆိုရင် သူ့ရဲ့ အတွင်း တည်ဆောက်မှုအရ ပတ်လမ်းအတွင်း   OVER CURRENT ကြောင့် ဝန်ပိုများလာခြင်း အခြေအနေ တွင် ဒီ ပတ်လမ်းကို အလိုအလျောက် ဖွင့်ခြင်း ပိတ်ခြင်းပြုလုပ်နိုင်သော THERMAL TRIPPING UNIT ကိုထည့်သွင်းတည်ဆောက်ထားပြီး   SHORT CIRCUIT တခုဖြစ်ပွါးပါက  ဒီ ပတ်လမ်းကို အလိုအလျောက် ဖွင့်ခြင်း ပိတ်ခြင်းပြုလုပ်နိုင်သော MAGNETIC TRIPPING UNIT ကိုထည့်သွင်းတည်ဆောက်ထားလို့ ဒီလို FAULT တွေဖြစ်ပေါ်လာပါက MCB သည် CIRCUIT  ပတ်လမ်းကို အလိုလျောက် ဖွင့်ခြင်း ပိတ်ခြင်း ပြုလုပ်နိုင်ပါတယ်၊ ဒီလိုဘဲ သတ်မှတ် ( RATED ) ပမာဏထက် ပိုများသော CURRENT ပမာဏတချို့ ကို သက်ဆိုင်ရာ MCB TYPE  B,C,D ပေါ်မူတည်၍ သယ်ဆောင်စီးဆင်းနိုင်စွမ်း ရှီပါတယ်၊
         ဒီလိုနည်းလမ်းအားဖြစ် SWITCHING  DEVICE  အသီး သီး၏  RATED CURRENT အတွင်း CURRENT သယ်ဆောင် / ဖြတ်တောက်နိုင်မှု ပမာဏ  နဲ့  အလုပ်  လုပ်ဆောင်နိုင်ခြင်းများ  OVER  CURRENT / SHORT CIRCUIT ဖြစ်ပေါ်ပါက SWITCHING DEVICE  အသီးသီး၏ ကာကွယ်နိုင်မှု အလိုအလျောက် အလုပ် လုပ်ဆောင်နိုင်မှူကို သိရှိလာနိုင်သလို ၊ MOTOR STARTING OPERATION  များ INDUCTION LOAD  များကိုမောင်းနှင်ပါက လိုအပ်သော STARTER နဲ့  MCB TYPE များကို ထက်မံလေ့လာရမည် ဖြစ်သလို ၊ INDUSTRIAL WIRING နဲ့ MOTOR INSTALLATION စနစ်တွေမှာ လိုအပ်သော SWITCHING DEVICES နဲ့  PROTECTION DEVICES များကို ကြိုတင်လေ့လာနိုင်မည် ဖြစ်ပါသည်။

Crefit..

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html