ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

small scooter class သို့ Crank အတွက် Oil supply railမလိုသောအင်ဂျင်

small scooter class သို့ Crank အတွက် Oil supply railမလိုသောအင်ဂျင်

စာတွေမရေးတာလဲကြာ ရေးဖြစ်မယ့်အကြောင်းကလဲမတိုက်ဆိုင်( အလုပ်ရှုပ် မလှည့်အားတာလဲပါတာပေါ့) တာနဲ့စာတွေမရေးရတာကြာပေါ့။ ဒီနေ့
အမှတ်လွဲကောင်းလွဲနိုင်တဲ့အကြောင်းလေးတစ်ခု
လောက်စ ကြည့်ကြမလားလို့။ လွယ်တယ်ဒါပေမယ့်သတိမထားမိတာလေးတွေ ပေါ့ဗျာ။
မြန်မာပြည်မှာ အော်တို ဂီယာ( cvt transmittion )လေးတွေအစီးများလာကြတော့
ပြောပြချင်တာလဲတပုံကြီးဖြစ်လာတာပေါ့ဗျာ။
ပထမဆုံး စကူတာလို့ပြောတိုင်း EFI ကြီးကိုပြေးမမြင်မိဖို့ပါပဲ။ EFI အကြောင်းဆိုတာထက် အင်ဂျင်ဖွဲ့စည်းပုံအရ အသေးကနေအကြီးထိ စကူတာကြီးတွေအထိ အင်ဂျင်ရဲ့အကြောင်းကိုပဲ အဓိက ပြောပြပေးမှာပါ။
ကရိုင်းအတွက် ပန့်မပါတဲ့ အင်ဂျင်စနစ်တစ်ခု
တိတိပပပြောရရင် စကူတာ အင်ဂျင်လေးအများစု
ပေါ့လေ။ ဇါတ်လမ်းက စပီဗျ။ဒီနေရာမှာအင်ဂျင်ဝိုင်ရဲ့ အခန်းကို ခဏ နောက်ကြောင်းပြန်ကြရအောင်
အင်ဂျင်ဝိုင်ဟာ အလုပ်နှစ်မျိုးကိုအဓိကလုပ်ဆောင်ပါတယ်။ ပထမတစ်ချက်က ချောဆီအဖြစ်ပါ ဒုတိယ
တော့အပူသယ်ဆောင်တဲ့အရည်အဖြစ်ပါ။ အော်တိုအသေးတွေကိုရည်ညွှန်းတာဖြစ်ပီးတော့ suzuki burgman 400/600နဲ့  yamaha Tmax 500 အပါအဝင် Kawaski T300  နဲ့ honda ရဲ့ forza 400လို အင်ဂျင် parallel twin စကူတာ
အင်ဂျင်ကြီးတွေကိုတော့မရည်ညွှန်းပါဘူး။
ဘာလို့ဆိုတော့  ဘွတ်တိုက်/ဘယ်ရင် တိုက်တွေဖြစ်တဲ့အတွက် oil railက သီးခြားပါရှိလာလို့ပါ။ mopad လို့ခေါ်တဲ့ အသေးစားစကူတာလေးတွေကိုတကယ်က ကမ္ဘာစစ်အတွင်းမှာထဲက အီတလီbrand တော်တော်များများ ဂျမနီbrand တော်တော်များများက ထုတ်ခဲ့တာပါ။ ခုလက်ရှိစီးနေတဲ့ စကူတာလေး
တွေနဲ့ မရိုးမကွဲနည်းပညာပါပဲ။ ထုပ်လုပ်ရလွယ်ကူ
တယ် အပေါ့သုံးနိုင်တယ် ဆီစားသက်သာစေတယ်
စသည်ဖြင့်ပေါ့လေ။ ( ဒီနေရာမှာ ငြင်းချက်ထုတ်နိုင်ပါတယ်။ ဂီယာဘောက်စ်နဲ့ 50cc ဟာ အော်တို50cc
လောက်အရုန်းမသန်ပါဘူး။ CVT လို့ခေါ်တဲ့
ဘတ်ကြိုးစနစ်နဲ့ သွားတာဖြစ်ပီးတော့ ဂါဗနာစနစ်
နှစ်ဆင့်မှာလိုတဲ့အပါတ်ရည်ကိုညှစ်ထုတ်သွားတာမို့
အော်တို 50ကပိုအရုန်းသန်ပါတယ်။
ဤကားစကားချပ်)ဒါဆို စကူတာလေးတွေရဲ့
ထုတ်လုပ်မူစားရိတ်ကိုဘာတွေက လျှော့ချနိုင်သလဲ?။ ပထမတစ်ချက်က လမ်းနဲ့ပြားပြားဝပ်နေတဲ့ Under bone ဖရိန်ပါ။ alloy သတ္တုဖရိန်တွေလာတတ်ပီး
တော့ အနည်းစုပါ zuma 50cc လိုအနည်းအကျဉ်းမှာပဲ ပါတတ်တာပါ။under bone ဖရိန်ဟာ ပေါ့ပါးပီးဆိုဒ်သေးငယ်တဲ့ သံပိုက်ကိုသုံးနိုင်တယ်။
နောက်တစ်ခုက ပါဝင်ပစ္စည်းတွေပါ။ အပိုဆာဒါး
လေးပင်စေမယ့် အရာမှန်သမျှ ဖြုတ်ချလိုက်ပီးတော့
စကိတ်ဘုတ်နီးပါး အထေရာထဲမဟုတ်တောင် အတူတူလိုလို လိုက်တုပနိုင်ပါသေးတယ်။အပေါ့စား စီးဆိုင်ကယ်အဖြစ်နဲ့အသက်သွင်းလာတာပါ။
မလိုတာတွေလျှော့ချရင်းနဲ့ ခုပြောမယ့် အရေးကြီးဆုံး အပိုင်းတွေလဲ မပါလာတော့တာပါ။ပုံမှန်အားဖြင့်
မော်တော်ဆိုင်ကယ် ကရိုင်းတွေမှာ ဆီဝင်ပေါက်
အနည်းဆုံး တစ်လိုင်းတော့ထည့်ပေးရပါတယ်။
ကရိုင်းမှာကွန်နတင်းဟာ ဖိထည့်ရတဲ့ စနစ်ပဲဖြစ်ဖြစ် ဘယ်ရင်ပြားလေးတွေနဲ့ သုံးတဲ့စနစ်ပဲဖြစ်ဖြစ်
အပါတ်ရည်နဲ့အပူကိုဒါရိုက်ဒါဏ်ခံရတဲ့အမျိုးမို့
အင်ဂျင်တိုင်းမှာကွန်နတင်းအတွက်ဆီလိုင်းသပ်သပ်ထည့်လာပေးပါတယ်။ကွန်နတင်းဟာဖိထည့်ရတဲ့
အမျိုးဆိုရင် ဘောတိုက်လာမယ် ကရိုင်းဝိတ်ပြားထဲကဖြတ်လာတဲ့အင်ဂျင်ဝိုင်ဟာကရိုင်းဝိတ်ပြားကအပူကိုသယ်လာမယ် ကွန်နတင်းဘောရဲ့ပြေးလမ်းထဲကို
ဝင်မယ်ချောမွှတ်မယ် အပူသယ်မယ်ပီးတော့မှာ အပြင်ကိုယိုကျသွားတာပါ။ကွန်နတင်းကိုဘယ်ရင်နဲ့လာတဲ့ နှစ်လုံးထိုး အော်တိုအင်ဂျင်တွေမှာလဲ ဘယ်ရင်တွေထဲကိုဆီရောက်ဖို့သီးသန့် မိန်းဘယ်ရင်ကနေ ဆီလိုင်းဟာကွန်နတင်းထဲကိုဝင်ကိုဝင်ပေးရပါတယ်။ tmax 500 ယာမဟာ တွေ burgman 400/600တွေဟာအဲ့စနစ်ပါ။ဘီးကြီးစနစ်ကို CVT တပ်ထားသလိုပါပဲ။ အဲခုနပြောတဲ့ စကူတာအသေးလေးတွေမှာ အပေါ့သုံးဖို့ဖြစ်လာတဲ့အခါ အင်ဂျင်ဝိုင်ပန့်ကိုကြီးကြီးသုံးဖို့ Main filter ကိုသီးသန့်နေရာပေးဖို့ခက်လာတဲ့အခါ ကရိုင်းထဲကတဆင့် ကွန်နတင်းအတွက် ဆီလိုင်းကိုသီးသန့်ပန့်ကနေ မတွန်းလာတော့ပါဘူး။ အဲ့စကူတာ
လေးတွေမှာ2stoke ကလွဲရင် အင်ဂျင်ဝိုင်ပန့်ပါပေ
မယ့် အင်ဂျင်ရဲ့ ဟက် စလစ်ကိုပဲဆီပို့ဖို့သီးသန့်
အလုပ်လုပ်ပါတော့တယ်။ ကရိုင်းရဲ့ ကွန်နတင်းဟာ
ဘောတိုက်ဖြစ်ပီးတော့ဆီဝင်ဖို့အတွက် ကရိုင်းဝိတ်တုံးရဲ့ဘေးမှာ ဆီခံခွက်ကလေး ပါလာပါတယ်။
ကွန်နတင်းရဲ့ pin ဟာ ဘေးမှာအပေါက်နဲ့
ဆီဟာခွက်ထဲမှာမွှေ့ ပီးမှာကွန်နတင်းပင်ရဲ့ ဆီလိုင်း
တစ်လျောက် ကွန်နတင်းထဲကိုဝင်ရပါလေရော။ pressure တစ်ခုအနေနဲ့ ဖိတွန်းတဲ့စနစ်ထက် တော့ အားမရတာအမှန်ပဲ။ အဲ့စနစ်ကြောင့်ပြသနာဖြစ်လာ
နိုင်မလားလ်ု့စောင့်ကြည့်နေရင်းကပဲ ခု ပြသနာဖြစ်လာပါတယ်။ခုတော့နဖူးတွေ့ဒူးတွေ့ အဲ့ပြသနာတွေပဲရှင်းနေရပါတော့တယ်။ 2005-06လောက်ကစတဲ့ suzuki step125လေးတွေ 2007-08လောက်ကစတဲ့ကလစ် 110ကာဘရိုက်တာလေးတွေဟာခုချိန်မှာ လမ်းပေါ်မမြင်ရတော့တာဟာ အဲ့ပြသနာကြောင့်
ကြေကွဲသွားရရှာတော့တယ်။ ( ဟွန်ဒါကကိုယ့်ကိုအ
ကြံပေးမခန့်ခဲ့တာလဲ အမှားလို့ယူဆတာပေါ :)့)
သူ့နိုင်ငံမှာအဆင်ပြေနိုင်ပေမယ့် မြန်မာ့မြေက စီးပုံနဲ့ မရိုသေမူတွေမှာ ကရိုင်းတွေဟာမကြာခဏအသံတွေထွက်ရ ကျိုးရပဲ့ရပြသနာတွေတက်လာတော့တယ်။
ပြသနာကဘာလဲဆိုရင် အင်ဂျင်ဝိုင်ပုံမှန်မလဲတဲ့
ကိစ္စရယ် ပီးတော့ အင်ဂျင်ဝိုင်ရွေးချယ်မူမှားတဲ့
ပြသနာရယ်။ air cooledစနစ်နဲ့ အော်တိုတွေဟာ
ဟိတက်တဲ့အခြားပြသနာလေးတွေရှိတတ်ပါသေး
တယ်။ အင်ဂျင်ဟာ ကာဘာတွေရဲ့အောက်မှာရှိနေပီး
တော့ လေးအေးတာဒါရိုက် အင်ဂျင်ကိုမထိတွေ့
စေတာပါ။ သံလိုက်အုံဘက်မှာ fun တပ်ထားတယ်
အင်ဂျင်ကိုစောင်ခြုံသလို လေဝင်လမ်းတွေပေးထားပေမယ့် ဟိုင်းဝေး ဝေးလာလေလေ ဟိတက်တဲ့ပြသနာကို မဖြေရှင်းနိုင်လေလေပဲ။ နောက်ပိုင်းဘီးလေးတွေကိုတော့ရေတိုင်ကီနဲ့ လာပေးတာကြောင့်အဲ့ပြသနာ
ရှင်းတော့သွားပါတယ်။ yamaha က မက်ဂျက်စတွီ
လေးရာ အထိ ဘောတိုက်ကွန်နတင်းနဲ့ပဲ လာနေပီး
တော့ tmax ကျမှ ဘယ်ရင်စနစ်ကို ပြောင်းသွားတာပါ။ဘီးလဲကြီးသွားတော့နေရာလဲအပိုထွက်လာပါ
တယ်။ ဘီးလေးတွေမှာတော့ pcx 150အထိက
အင်ဂျင်ဝိုင်လိုင်းဟာကရိုင်းအတွက် မပါလာခဲ့ပါဘူး။ ကဲ အဲ့မှာစတဲ့ပြသနာက အင်ဂျင်ဝိုင်လဲချိန်ပါ။
အော်တိုတွေမှာ ဂီဟာဘီးတွေလို
အင်ဂျင်ဝိုင်ညစ်ထေးမူ မရှိဘူးလို့ပြောနိုင်ပေမယ့်
အပူက ဂီဟာဘီးတွေထက် နှစ်ဆမက များနိုင်တာ
ကြောင့်အနည်ကျလာစေပါတယ်။ဂီယာဘီးတွေဟာ Wet clutch လို့ခေါ်တဲ့ အင်ဂျင်ဝိုင်ထဲကလပ်အုံနှစ်ထားတဲ့အတွက်ကလပ်ပြားရဲ့ အမှုံအစအနတွေဟာ
အင်ဂျင်ဝိုင်ကို ပိုပျစ်လာစေတယ်။ မဲညစ်လာစေပါ
တယ်။အော်တိုမှာ ကလပ်အုံကလပ်ပြားတွေပါမလာတာကြောင့် မညစ်ထေးနိုင်ပေမယ့် အင်ဂျုင်ဝိုင်ရဲ့
အရည်အသွေးက ညံ့ခဲ့ရင် အပူမှာ အငွေ့ပျံမှုများပြားလာပါတယ်။အနယ်ကျလာစေတယ်။
ကျလာတဲ့အနယ်ဟာ ကရိုင်းဘေးကဆီခွက်ကလေးထဲမှာ အရည်ကြည်စစ်သလို အခဲအဖတ်တွေအဖြစ် ကျန်နေတတ်ပါတယ်။အဲ့သည့်မှာအင်ဂျင်ဟာပြသနာတက်တော့တာပါပဲ။ ပုံမှာကြည့်ပါ ကွန်နတင်းရဲ့ pinဟာ ဆီခွက်ရဲ့တဝက်ကျော်ကျော်လောက်ထဲမှာ
မြုတ်ထားတာမို့ ဆီခံခွက်ကလေးမှာ အနည်တွေ
ဖယောင်းဂျိုးကျလာတဲ့အခါကွန်နတင်းထဲကိုဆီမ
ရောက်တော့ပါဘူး။ကွန်နတင်းဟာကျပ်သွားမယ်
ဖမ်းလာမယ် အခန်မသင့် ပူနေချိန်ဆိုဖျောက်ခနဲ ကျိုးသွားနိုင်ပါတယ်။ အင်ဂျင်ဝိုင်ပုံမှန်လဲပေးနေသည့်တိုင် အင်ဂျင်ဝိုင်ရဲ့အရည်သွေးဟာညံ့ဖျင်းနေခဲ့ရင်
အနည်ကျတဲ့ပြသနာရှိနေနိုင်တာပါပဲ။အဲ့တော့ဘယ်လိုလုပ်ကြမလဲ အော်တိုပိုင်ရှင်တွေရေ အသစ်ကိုဝယ်စီး
ကြသူတွေအတွက် ပြသနာမရှိပေမယ့် second ကိုပြန်ဝယ်စီးကြတဲ့အခါ ကရိုင်းဘေးက ဆီခံခွက်ကလေးမှာ အနယ်တဝက်ကျော်နေပီလား ဘုရားဘုရား အရင်လူ ဆီပုံမှန်လဲရဲ့လား ဘုရားဘုရား သူ့ကြောင့်ဆီခံခွက်ကလေးမှာ ဂျိုးတွေပြည့်လုနီးပါးဖြစ်နေခဲ့ရင်
ပုဇွန်ခေါင်းချေးစုသလိုပဲ မိတ်ဆွေလက်ထဲအင်ဂျင်လုပ်ရတော့မှာပါ။ ဘယ်လိုဖြေရှင်းကြမလဲ။ အဲ့ခွက်ကလေးရဲ့အရေးပါပုံကိုတော့သိလောက်ပီထင်ပါတယ်။ ကြုံဖူးတယ် မတော်တဆ ကွန်နတင်းပဲလဲထည့်တဲ့အခါ Press ဖိတဲ့ဆိုင်တွေက ခွက်ကလေးက်ုမလွတ်လို့ ကလော်ထုတ်လိုက်တယ်။ပီးလဲပြီး ပြန်တပ်မရအောင် စုတ်ပြတ်သွားလို့ စရိန်စပေါ့တွေတွဲပီး ဖြစ်သလို
လုပ်ပေးလိုက်ကြတာပေါ့။ စက်ဆရာက အင်ဂျင်လုံးပီး( သူလဲအဲ့အသိအားနည်းလို့ထင်ပါရဲ့) နိုးလဲနိုးတစ်နာရီလောက်မှာကွန်နတင်း ဖမ်းသွားတာကစ်နင်းမရ
တော့ဘူး။
ပုံမှန်ထိန်းသိမ်းဖို့လိုတဲ့အထဲမှာ အပ်နဲ့ထွင်းဖို့ပုဆိန်နဲ့မထုခွဲချင်ရင် အဲ့ခွက်ကလေးထဲက အနယ်ဟာ
မိတ်ဆွေအင်ဂျင်ရဲ့ dead line ပဲ။ သေချာတယ်
အချိန်သတ်မှတ်ပီးသားပေါ့လေ။ ဘယ်လိုသန့်မလဲ
ဘယ်လိုလုပ်ရင် သန့်နိုင်မလဲ။ မိတ်ဆွေရဲ့အော်တို
လေးဟာဝယိထားတာ တစ်နှစ်ကျော်ပီ ဆိုရင် 
သို့မဟုတ် second ကိုပြန်ဝယ်စီးထားတာဆိုရင်ဖြင့် အဲ့အဓိက အပိုင်းလေးကိုသန့်ရှင်းဖို့လိုနေပီပေါ့လေ။ တတ်နိုင်လို့ over hall အကုန်ဖြုတ်ချ လဲသင့်တာလဲ( oem လေးနဲ့) ချေးတွေ အနှစ်တွေဆေးချ ပြန်လူံး လုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ။ မလုပ်နိုင်ရင် manual လုပ်နိုင်တဲ့ အရာလေးတွေတော့ရှိပါတယ်။ တဆင့်ဆီလုပ်ဖို့တော့လိုတယ်ပေါ့။
အင်ဂျင်ခန်းသန့်ရှင်းရေး ဒါမှမဟုတ် dead line ချေဖျကိတဲ့စနစ်ပေါ့။ ပထမဆုံး အင်ဂျင်ကိုပူအောင် ဆယ်မိနစ်လောက်နိုးထားပါ။ ပူအောင်နိုးခိုင်းတာက
အင်ဂျင်ဝိုင်ကျဲအောင်ပါ။ ကျဲရင်အနယ်အနှစ်တွေ
သယ်ဆောင်ရပိုလွယ်စေပါတယ်။ ခွဒေါက်ထောက်
အင်ဂျင်ဝိုငိဖေါက်ပါ။ အကုန်အစင်ဖြစ်အောင်
အပေါက်အကုန်ဖေါက်ပါ။ ဆီစစ်ပေါက်ကောပေါ့
လေ။ကုန်ပီဆို အပေါက်တွေပြန်ပိတ်ပါ။ ဓါတ်ဆီ တစ်ပုလင်းကို အင်ဂျင်ဝိုင်ပေါက်ထဲကိုလောင်းထည့်ပါ။
အဖုးံပိတ်ပါ ပလပ်ခေါင်းချွတ်ပါ။စက်မနိုးအောင်ပလပ်ခေါင်းချွတ်ရတာပါ။ စတတ်မော်တာနဲ့ ဆယ်စက္ကန့်လောက်မွှေ့ပါ။
ဓါတ်ဆီကိုခုနလိုပဲပြန်ဖေါက်ချပါ။ အကုန်ပြန်မကျပါ။ အနည်းငယ်ကပ်ကျန်နေပါလိမ့်မည် ပြသနာမရှိပါ။
ဓါတ်ဆီမှာ အမဲတွေ အမှူုံတွေပါလာသလားစစ်ပါ။ များနေသေးရင် အတော့်ကိုမဲသွားတယ်ဆိုရင်နောက်ထပ် ဓါတ်ဆီတစ်ပုလင်းထည့်ပါ။ သတိပြုရမှာကဒုတိယအကြိမ် စတတ်မွှေ့ရင် ငါးစက္ကန့်ထက်မပိုသင့်ပါ။
ပထမအကြိမ်မှာအင်ဂျင်ဝိုင်အကြွင်းအကျန်ကြောင့် ဆယ့်စက္ကန့်မွှေ့နိုင်တာပါ။ အိုကေ ထပ်ဖေါက်ချပါ။ အရောင်မပြောင်းသလောက်ရှိလာပါပီ။ အကုန်ဖေါက်ချပါ။ ဒီဇယ်ဆီ တစ်ပုလင်းထည့်ပါ။စတပ်မော်တာဖြင့် စက္ကန့်နှစ်ဆယ်ခန့် မွှေ့ပါ။ ပီးရင် ဖေါက်ချပါ။
အင်ဂျင်ဟာအပူရှိန်ကျန်နေပါစေ။ အင်ဂျင်ဝိုင် 10/30ရှာဝယ်ပါ တစ်ဗူးလုံးထည့်ပါ။ ပလပ်တပ်ပါ။ နာရီဝက်ခန့်စက်နိုးထားပါ မစီးရသေးပါ။ ပီးလျှင်ချက်ချင်းအင်ဂျင်ဝိုင်ဖေါက်ချပါ။ နောက်ဆုံးအဆင့် အနယ်အနှစ်တွေပါလာပါလိမ့်မယ်။ အကုန်ဖေါက်ထားပါ အပေါက်ဖွင့် ဆိုင်ကယ်ကိုဘယ်ညာစောင်းပေးပါ။
တစ်စက်ချင်းကျတာကုန်ပီဆိုလျှင်ဖြင့် မိတ်ဆွေ ကရိုင်းထဲက အနယ်တွေ 80%နီးပါး ပြောင်စင်သွားပါပီ။ 10/40 synthatic ကိုရအောင်သုံးပါ။ တံဆိပ်တမျိုးထဲကိုရအောင်သုံးပါ။မောင်းနေရင်း အိတ်ဇောဝက ဆီမီးခိုးပါလျှင် ကာဘရိုက်တာဆိုကာဘရိုက်တာစစ်ပါ။ EFI ဆိုလျှင် ကျွမ်းကျင်ပညာရှင်များထံပြသပါ။
မန်းလေးဆိုပါက ကိုဇော်လင်း နှင့် ကိုရင်ကြီး|ရန်ကုန်ဆိုပါလျှင် ကိုအောင်စိုးမိုးနှင့် ပဲခူးဆိုပါက ကိုရဲအေး ဆရာအောင်ထံ ပြသ အကူညီတောင်းခံပါ။
ထိုးလဲခံကျိတ်လဲခံလိုကိပါ ဆိုင်ကယ်ကောင်းဖို့အဓိကပါ။( အဲ့ဆရာများလက်ယဉ်လွန်းသည်  ဤကားစကားချပ်)။ပုံမှန် ထိမ်းသိမ်းမူအတွက် ကီလိုရှစ်ရာပြည့်တိုင်အင်ဂျင်ဝိုင်လဲပေးပါ။ ဈေးကြီးသော်လည်း Fully synthatic ကိုရအောင်ဝယ်သုံးပါ။syntahtic ဟာ အပူချိန်ပြောင်းလဲမူအပေါ်မှာ အပျစ်စေးအားမပြောင်းလဲပဲ အနယ်ကျမူလဲကင်းစင်နိုင်စေလို့ပါ။ မြန်မာ့ရေမြေအနေနဲ့ ကီလိုရှစ်ရာဟာ မိုင်ကုန်ပါပဲ။ 500နဲ့လဲနိုင်ရင် သာပီးကောင်စတာပေါ့ဗျာ။

အော်တိုစီးတဲ့ ကလစ်ကိုကိုတို့ရေ သများထက်ထူးရင် သူများထက်ပင်ပန်းမယ်နော်။
အားလုံးပဲ အဆင်ပြေချောမွှေ့ပီး ဆိုင်ကယ်ဗဟုသုတပြည့်ဝကြပါစေ။
ဆေးထိုးလို့ဆာများစိတ်မဆိုးကြပါနက်။

Credit to
ကျွန်တော် ရဲရင့်သာဝေပိုင်ပါ။

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html