ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားသမားတိုင်း သိထားသင့်တဲ့ ကားအင်္ဂျင်မှ လာသောအသံနဲ့အနံ့

သင့်နှာခေါင်းကို အသုံးပြုပါ… :-)


ကားကို ပြုပြင်ထိန်းသိမ်းရာမှာ ယာဉ်မောင်းသူတယောက်ဟာ နားကိုအသုံးပြုသလို နှာခေါင်းကိုလည်း ကောင်းကောင်းအသုံးပြုတတ်ဖို့လိုပါတယ်။

ပလပ်စတစ်ညှော်နံ့ ရာဘာညှော်နံ့
ဝါယာရှော့ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ချက်ချင်း ရှာဖွေစစ်ဆေးရပါမယ်။


အချိုနံ့

Coolant ယိုစိမ့်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ Heater core ကနေ ကားအတွင်း coolant ယိုစိမ့်မှုဖြစ်နိုင်ပါတယ်။ အင်ဂျင် Heat တက်နေလား စစ်ပါ။


ပေါင်မုန့်မီးကျွမ်းနံ့

အင်ဂျင်ဝိုင် သို့မဟုတ် ဂီယာဝိုင် ဆီယိုစိမ့်ပြီး exhaust လိုင်းပေါ်ကျတာကြောင့် ဖြစ်နိုင်ပါတယ်။ Gasket or seal တွေကို လဲဖို့လိုကောင်းလိုပါမယ်။ အင်ဂျင်ဝိုင်နဲ့ဂီယာဝိုင် နည်းနေလား အရင်စစ်ပါ။


ဒီဇယ်နံ့

ဒီဇယ်သုံး ထရပ်ကား ဘတ်စ်ကား တွေနောက်ကနေ မောင်းနေရတဲ့အခါ ရတတ်ပါတယ်။ မှန်တွေတင်လိုက်ပါ။ AC လေကို အတွင်းလည် လုပ်ဆောင်မှုမှာထားပါ။ Cabin air filter တွေကလည်း အနံ့တွေကို ဖယ်ရှားကာကွယ်နိုင်စွမ်းရှိပါတယ်။ အနံ့တွေကို စစ်ထုတ်ဖယ်ရှားအားကျလာပြီဆိုရင် သို့မဟုတ် အသုံးပြုတာ တစ်နှစ်ကျော်ပြီဆိုရင် အသစ်လဲလှယ်သင့်ပါတယ်။


အိပ်ဇောမီးခိုးနံ့

Exhaust စနစ်မှာ ပေါက်နေ ပြတ်နေတာဖြစ်နိုင်ပါတယ်။ အိပ်ဇောမီးခိုးငွေ့မှာ ကာဗွန်မိုနောက်ဆိုက် အဆိပ်ငွေ့ပါဝင်တာကြောင့် အန္တရယ်ရှိပါတယ်။ သင့်ကို မူးဝေလာစေနိုင်ပါတယ်။ ပြူတင်းမှန်တွေကို ချထားပါ။ အမြန်ပြုပြင်ပါ။


အောက်သိုးသိုးအနံ့

AC စနစ်အတွင်းမှာ မှိုနဲ့ဘက်တီးရီးယားတွေ ပေါက်ပွါးနေတာကြောင့် ဖြစ်နိုင်ပါတယ်။ Odor-killing aerosol တမျိုးမျိုးဖြန်းပေးနိုင်ပါတယ်။ ဝပ်ရှောနဲ့ ဆာဗစ်စင်းတွေမှာ odor treatment လုပ်လို့ရပါတယ်။


ခေတ်ပေါ်အချို့ AC စနစ်တွေမှာ မှိုနဲ့ဘက်တီးရီးယားတွေ မပေါက်ပွါးစေဖို့ treatment or coating လုပ်ထားပြီးဖြစ်ပါတယ်။ 

အချို့ AC စနစ်မှာ စက်ရပ်လိုက်ပေမဲ့ AC blower ခဏတာလည်ပေးခြင်း (afterblow) ဖြင့် A/C evaporator ကို ခြောက်သွေ့စေပြီး အနံ့ဆိုးမထွက်အောင် ကာကွယ်ထားပါတယ်။

AC မဖွင့်လည်း အောက်သိုးသိုးအနံ့ ရနေတာမျိုးဆိုရင်တော့ ပြူတင်းတံခါးမှရေဝင်ခြင်း AC ရေဆင်းပေါက်ပိတ်နေခြင်း ကားအတွင်းရေမှောက်ကျထားခြင်း ခေါင်မိုးနှင့်မှန်လိုင်နာများမှရေယိုခြင်း အောက်ကြမ်းခင်းပေါက်ရှိ ရာဘာပိတ်များပြုတ်နေခြင်း မလုံခြင်း စတဲ့အကြောင်းတစုံတခုကြောင့် အခင်းတွေရေစိုနေတာကြောင့် ဖြစ်နိုင်ပါတယ်။


ဘဲဥပုတ်နံ့

ဓါတ်ဆီမှာ ကန့်ပါနေရင် စက်စနှိုးချိန် ဘဲဥပုတ်နံ့ရတတ်ပါတယ်။ Catalytic converter နဲ့ ပလပ်တွေကို မြန်မြန်ပျက်စီးစေနိုင်ပါတယ်။ ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေပါတယ်။ ဆီဆိုင်ပြောင်းထည့်ပါ။


ဓါတ်ဆီနံ့

အန္တရာယ်ရှိပါတယ်။ ဆီတိုင်ကီ ဆီပိုက်ပေါက်နေတာ ဖြစ်နိုင်ပါတယ်။ ဆီပန့်ပြန်တပ်တာ အံမကျလို့ဖြစ်နိုင်ပါတယ်။ ကားရပ်ပြီးအပြင်ကိုအားလုံးထွက်ပါ။ ကားအောက်မှာ ဆီယိုနေလားစစ်ပါ။ ချက်ချင်းရှာဖွေ ပြုပြင်ပါ။


ကားအသစ်နံ့ :-)

ကားအတွင်းတပ်ဆင်ထားတဲ့ ဒက်ဘုတ် အခင်းနဲ့ ပလပ်စတစ်တွေက ထွက်လာတဲ့ volatile organic hydrocarbons (VOCs) ကြောင့်ဖြစ်ပါတယ်။ အဲ့ဒီမှာပါဝင်တဲ့ ဓါတ်ပေါင်းအချို့ဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ ပြောကြတာတွေလည်းရှိပါတယ်။ အနံ့ပျောက်ဖို့က ခြောက်လနဲ့အထက် ကြာတတ်ပါတယ်။ လုံခြုံရာမှာ ရပ်ထားချိန် ပြူတင်းတံခါးတွေကို ဖွင့်ထားပေးနိုင်ပါတယ်။

အပြင်က အနံ့တွေဝင်လာတာကို ကာကွယ်ဖို့ AC လေစစ်ကို ပုံမှန်လဲလှယ်ပေးပါ။ အတွင်းကအနံ့တွေထွက်သွားဖို့ ပြူတင်းမှန်တွေကို ခဏချလိုက်ပါ။ စားစရာတွေ အရည်တွေကို ကားထဲမဖိတ်ကျအောင် ဂရုစိုက်ပါ။ မနှစ်မြို့ဖွယ်အနံ့ရှိတဲ့ကားမှာ ဘယ်သူမှလိုက်မစီးချင်ပါဘူး။ သင်နှစ်သက်ရာ Air fresher အမျိုးမျိုးနဲ့ ရေမွှေးအမျိုးမျိုးကိုသုံးနိုင်ပါတယ်။ ရေမွှေးပုလင်းကို SRS ပေါ်တင်မထားပါနဲ့။ Fresheners ကို မြင်ကွင်းကွယ်စေတဲ့ မှန်မှာချိတ်တာမျိုးမလုပ်ပါနဲ့။ ဖိအားသွင်းထားတဲ့ can ကို ကားထဲမှာမထားခဲ့ပါနဲ့။ ကားကို ပြုပြင်ထိန်းသိမ်းရာမှာ သင့်နှာခေါင်းကို အသုံးပြုပါ… :-)



Credit all
Ko Tun Oo










lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html