ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အာကာသ သမိုင်းကြောင်း

>>>အာကာသ သမိုင်းကြောင်း<<<

၁၆၂၉ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ဟာ ဒတ်ခ်ျလူမျိုး သင်္ချာနဲ့ အာကာသ ပညာရှင် ခရစ်တီရန် ဟူဂျင်း (Christiaan Huygens (1629 - 1695)) ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူဟာ စနေဂြိုဟ်ရဲ့ လှပတဲ့ ဂြိုဟ်ပါတ်ကွင်းများနဲ့ ဂြိုဟ်ရံလများကို သင်္ချာပညာနဲ့ တွက်ချက် ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်..။

ဟူဂျင်းဟာ တယ်လီစကုတ်ကို အသုံးပြုပြီး သင်္ချာပညာဖြင့် ပေါင်းစပ်ကာ စေတန် (ခ) စနေဂြိုဟ်ရဲ့ ဂြိုဟ်ရံလကြီးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ထိုအချိန်က ဂယ်လီလီယိုက ဂျူပီတာဂြိုဟ်ရံလ (၄) စင်း ကိုသာ ရှာဖွေတွေ့ရှိပြီး နောက်ပိုင်းမှာ ဟူဂျင်းက စနေဂြိုဟ်ရဲ့ လ ကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဟူဂျင်းကတော့ ထို လမင်းကြီးကို စနေဂြိုဟ်လ (Luna Saturni) လို့ဘဲ နာမည်ရိုးရိုး ပေးခဲ့ပါတယ်။ (သူ့နာမည် မပေးခဲ့ပါ။)

၁၆၅၅ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာတော့ စနေဂြိုဟ်ရဲ့ အကြီးဆုံး ဂြိုဟ်ရံလ ကို တွေ့ရှိခဲ့ပြီး ၄င်းဂြိုဟ်ရံလကို အာကာသပညာရှင် ဂျွန် ဟာရှယ် (1792 - 1871) က တိုက်တန် ဆိုတဲ့အမည်ကို တင်သွင်းခဲ့ပါတယ်။

တိုက်တန်ဟာ မာကျူရီ (ခ) ဗုဒ္ဓဟူးဂြိုဟ်ထက် ကြီးမားပါတယ်။ ဒြပ်ထုကတော့ မာကျူရီရဲ့ တစ်ဝက်သာရှိပါတယ်။ နောက်ပြီး သူဟာ ကမ္ဘာနဲ့တူတဲ့ လေထုရှိတဲ့ တစ်ခုတည်းသော လမင်းကြီး ဖြစ်ပါတယ်..။ ခရစ်တီရန် ဟူဂျင်းကို ဂုဏ်ပြုတဲ့အားဖြင့် တိုက်တန်ဂြိုဟ်ရံလပေါ်ကို ၂၀၀၅ ခုနှစ်က ဆင်းသက်ခဲ့တဲ့ အာကာသယာဉ်ကို ဟူဂျင်းဟု အမည်ပေးခဲ့ပါတယ်။

အနာဂတ်ပညာရေးအတွက်..
Credit..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html