ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအဲကွန်းအကြောင်းChapter (4)

ညီလေးတို့အတွက်ကားအဲကွန်းအကြောင်း
#Chapter (4)
#Compressors အမျိုးအစားများအကြောင်း
အခြေ ခံ


ပြည်တွင်းကားအဲကွန်မှာသုံးတဲ့ Compressors
အနေနဲ့ (၅)မျိုး ရှိပါတယ်

(1)Reciprocating Piston Open type
-ကားကြီး၊ကားလတ်တွေမှာအများဆုံးသုံးပါတယ်
(2)Reciprocating Wobble plate -
-Fixed Piston type
-Variable Displacement Piston
(3)Rotary vane & Swash plate type
(4)Scrow type
(ဒီလေးမျိုးကတော့ ကားလေးတွေမှာသုံးပါတယ်)
(1)Reciprocating Piston Open type
ဒီအမျိုးအစားကတော့ အိမ်တွေမှာသုံးတဲ့ ရေတွင်း
လေမှုတ်စက်အတိုင်းဆင်တူပါတယ်။

အလုပ်လုပ်ပုံကတော့
*ပထမအဆင့်မှာEvaporator ကလာတဲ့
ဖိအားနိမ့်ဂက်စ်အငွေ့Low pressure vapoure ကို Compressor ရဲ့
ပွင့်နေတဲ့Sunction valve ကနေတဆင့် Compressorရဲ့
Piston Cylinder ထဲဆွဲစုပ်မယ် Piston က
Cylinder ရဲ့ အောက်ပိုင်းကိုဆင်းသွားမယ်
*ဒုတိယအဆင့်မှာ Piston ကပြန်တက်သွားမယ်
Suction valve က ဂက်စ်ရဲ့ဖိအားကြောင့်ပိတ်သွား
မယ် Discharge valveက ပိတ်ပြီးတင်းခံနေမယ်
Cylinder ထဲက ဂက်စ်ကပြေးပေါက်မရှိပဲ
ပိုပြီးကျစ်လာမယ် အဲဒီအချိန်မှာ ဖိအားတိုးလာမယ်
အပူချိန်တိုးလာမယ်။

*တတိယအဆင့်အနေနဲ့ Cylinder ထဲက အကျစ်ခံနေရတဲ့ ဂက်စ်ရဲ့
ဖိအားက Discharge valve
ရဲ့သတ်မှတ်ထားတဲ့ တင်းခံနိုင်တဲ့ဖိအားကျော်ပြီဆိုရင် အပြင်ရောက်ဖို့ Valve ကအလိုလိုပွင့်သွားမယ်
အဲဒီအချိန်ထွက်သွားတဲ့ ဂက်စ်ဟာ ဖိအားမြင့်
အပူချိန်မြင့် အနေအထားနဲ့ Condensor ဆီရောက်သွားမယ်..ဒါဆိုရင်သူ့အလုပ်ကပြီးပါပြီ..
ဒီနည်းနဲ့ Piston type သုံးတဲ့ Compressor တွေက လေကိုကျစ်ပြီးဖိအားမြင့်အောင် အပူချိန်မြင့်အောင် လုပ်ပေးပါတယ်
#Reciprocating Wooble and Displacement
Piston type
ဒီ Compressor တွေရဲ့အလုပ်လုပ်ပုံကလည်းPiston tupe ဖြစ်တဲ့အတွက်အတူတူပါပဲ
ခြားနားတာဆိုလို့. သာမာန် Reciprocating
Piston type မှာလို Piston ကို အတက်အကျလုပ်ဖို့ Crank shaft လို့ခေါ်တဲ့ Piston တလုံးနဲ့တလုံး
အတက်အကျမညီအောင်ချိန်ထားတဲ့ Shaft နဲ့
Piston ထိမ်း Connecting Rod ကိုမသုံးပဲ
Piston တွေအလှည့်ကျအလုပ်လုပ်ဖို့
Wobble Plate လို့ခေါ်တဲ့ မျက်နှာပြင်မညီအောင်လုပ်ထားတဲ့အပြားနဲ့ Piston တွေကို အလှည့်ကျ
အတွန်းအထိုးလုပ်ပြီး ဂက်စ်ကို ဖိကျစ်ပေးထားပါပဲ။

#Rotary Vane & Swash plate Type Compressor
အမျိုးအစားကတော့ Cylinder လို့ခေယ်တဲ့ လေကျစ်တဲ့ အခန်းကို အသေထားပြီး Shaft မှာ
Vane လို့ခေါ်တဲ့ အပြားတွေကို တပ်ထားရင်း
Suction အဝင်ဖက်က အခန်းကျယ်ထဲကို ဂက်စ်ကိုစုပ်သွင်းရင်း Cylinder ထဲက အကျယ်အဝန်းမညီအောင်လုပ်ထားတဲ့အခန်းထဲမှာ ဂက်စ်ရဲ့ထုထည်ပိုသေးအောင်ဖိကျစ်ရင်း ဖိအားမြင့်အောင်လုပ်ပေးတဲ့အမျိုးအစားပါ။ ပျက်ရင်ပြင်ဖို့ခက်ပါတယ်။
#Scroll type Compressor ကလည်းလေကျစ်တဲ့ပုံစံက Rotary နဲ့ဆင်ပါတယ်။မတူးတာက Rotary
Compressor မှာလို အလယ်ခောင်က Rotary Shaft ကလည်စရာမလိုပဲတာပါ။

သူမှာ Scroll လို့ခေါ်တဲ့ ဝင်္ကဘာ အာလိမ်လမ်းကြောင်းနှစ်ခုလုပ်ထားပြီးတခုကို အသေထား
တခုကို လှုပ်ရှားပေးရင်း ဂက်စ်သွားတဲ့လမ်းကြောင်းတလျှောက် ထုထည်ပိုကျစ်သွားအောင်လုပ်ရင်
ဂက်စ်ရဲ့ဖိအားကို မြှင့်ပေးရင်အပူချိန်ပါမြင့်လာစေတာပါ။ ပြီးမှ အထွက်ကနေတဆင့်
အပူကွိုင် Condensor ဆီကိုပို့ပေးတာပါ။

တည်ဆောက်ပုံတွေဘယ်လိုကွဲပါစေ
သိထားရမှာက Compressor တွေရဲ့ အဓိကတာဝန်က Evaporator ဆီကနေ
Suction valve ကိုဝင်လာတဲ့ ဖိအားနိမ့် အပူချိန်နိမ့်
ဂက်စ်(Low pressure vapour)ကို ဖိအားမြင့်အောင် အပူချိန်တိုးအောင်လုပ်းတာလို့သိရင်ရပါပြီ။

Credit to
#ကိုနန္ဒမိုး


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html