ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မြန်မာတွေမသိသေးတဲ့ ဂုဏ်ယူဖွယ်ရာသတင်းတပုဒ်

မြန်မာတွေမသိတဲ့ဂုဏ်ယူဘွယ်ရာသတင်းတပုဒ်ကိုပြောပြပါမယ်၊

ကျွန်တော်
ကိုယ်အင်္ဂါအစိတ်အပိုင်းအတုထုတ်ရတဲ့ ကုမ္ပဏီမှာအင်ဂျင်နီယာစလုပ်တော့
မန်းတလေးသားဒေါက်တာစန်ဘော်အကြောင်းကို
ဖတ်လိုက်ရတယ်၊

ယနေ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအတုတပ်တဲ့သမိုင်းမှာ
ဒေါက်တာစန်ဘော်(ခွဲစိတ်မူ့ဆရာဝန်ကြီး)က
၁၉၆၀ခုနှစ်မှာ အသက်၈၃နှစ်ရှိတဲ့
မယ်သီလရှင်ဒေါ်ပန်းယာကို 
ကမ္ဘာမှာပထမဦးစွာ
ဆင်စွယာရိုးနဲ့ခါးရိုးနဲ့ပေါင်ရိုးအဆက်ကို
အစားထိုအောင်မြင်စွာကုသနိုင်ခဲ့ပါတယ်၊

သူဟာ၁၉၆၀မှ၁၉၈၀အတွင်း
ခါးရိုးအစားထိုးသည့်လူနာပေါင်း၃၀ကျော်
ကုသခဲ့ပါတယ်၊
သူ့ရဲ့အစားထိုးကုသမူ့ကြောင့်
လူနာ၉၀ရာခိုင်နုန်းဟာ
ပြန်လည်လမ်းလှောက်၊ထိုင်နိုင်ထနိုင်၊ဘောလုံးကန်ခြင်းကို
အပါတ်အနည်းငယ်အတွင်း
လုပ်ဆောင်နိုင်ခဲ့ပါတယ်၊

၁၉၆၉ခုနှစ်ဗြိတစ်အရိုးချွတ်ယွင်းမှုကို 
ကုသသောညီလာခံတွင်"ဆင်စွယ်နဲ့အစားထိုးကုသတဲ့တင်ပါးစုံနဲ့ပေါင်ရိုးကျိုးပဲ့မူ့ "Ivory hip replacement for ununited fractures of the neck of the femur”စစာတန်းကိုတင်သွင်းခဲ့ပါတယ်

အမှန်တကယ်သူသည်တင်ပါးရိုးအစားထိုးကုသမူ့အောင်မြင်စွာစမ်းသတ်တည်ထွင်နိုင်ခဲ့သူဖြစ်ပြီးထိုအချိန်ကမည်သူမှသူ့ကိုနိုဘယ်အဖွဲ့မှာတင်သွင်းမူ့မရှိခဲ့လို့နိုဘယ်ဆုရှင်မဖြစ်ခဲ့ပေမယ့်ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသမူ့ရဲ့ဖခင်တဦးဖြစ်ကြောင်းကမ္ဘာဆရာဝန်ကြီးများ၊သိပ္ဗ့ပညာရှင်များကလေးစားလျှက်ရှိပါကြောင်းရေးသားလိုက်ရပါတယ်။
Credit
အောင်ထွန်း(ပအဒ)
ကိုးကားမူ့။
(၁)
http://www.biototalhip.com/hip%20surgery%20history.htm

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html