ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Miniature circuit breaker(MCB)

Miniature circuit breaker(MCB)
=========================
MCBရဲ့ rated crtသည် အများဆုံး 100Aအထိသာ
ဖြစ်ပါတယ်။ Trip characteristicsသည် ပုံမှန်အားဖြင့် ချိန်ညို့မရပါ။ MCCBမှာတော့ Trip settingကို ချိန်ညှိလို့ ရပါတယ်။ Tripဖြစ်စေရန် Thermal သို့ Thermal-magneticစနစ်ဖြင့် အလုပ်လုပ်ပါသည်။ Thermalစနစ်ဆိုတာက over currentဖြစ်ပေါ်သောအခါ ထွက်ပေါ်လာသော အပူချိန်ကြောင့် bimetalသတ္တပြားမှ အလုပ်လုပ်ခြင်းဖြစ်ပါတယ်။ Thermal-magneticစနစ် ကတော့ currentစီးဆင်းမှုကြောင့် ဖြစ်ပေါ်လာသော magnetic fieldဖြင့် အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။
MCBများကို B,C,D curveဖြင့် ခွဲခြားထုတ်လုပ်ပြီး၊ ၎င်းအပေါ်တွင် B40, C6, D16 စသည်ဖြင့် ရေးသား ထားသည်ကို တွေ့ရှိရမည် ဖြစ်ပါတယ်။ အနောက်ဂဏန်း 40, 6, 16တို့သည် MCB၏ rated crtဖြစ်ပါသည်။
B typeသည် rated crt၏ (၃)ဆမှ (၅)ဆအထိ ခံနိုင် ရည်ရှိပြီး၊ inrush crtနှင့် surgeနည်းသော အိမ်းတွင်း တပ်ဆင်ခြင်းများအတွက် အသုံးပြုနိုင်ပါသည်။ B type curveကို လေ့လာကြည့်လျှင် rated crt၏ (၃)ဆကို 10sec ခံနိုင်ရည်ရှိပြီး၊ rated crt၏ (၅)ဆကို 8sec အသုံးပြုနိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
C typeသည် rated crt၏ (၆)ဆမှ (၁၀)ဆအထိ ခံနိုင် ရည်ရှိပြီး၊ inrush crtများသော မီးချောင်းများ အများ အပြားတပ်ဆင်ထားသည့် စီးပွားရေးလုပ်ငန်းများနှင့် မော်တာအများအပြားတပ်ဆင်မောင်းနှင်သော စက်မှု လုပ်ငန်းများ၌ တပ်ဆင်ခြင်းများအတွက် အသုံးပြုနိုင် ပါသည်။ C type curveကို လေ့လာကြည့်လျှင် rated crt၏ (၆)ဆကို 8sec ခံနိုင်ရည်ရှိပြီး၊ rated crt၏ (၁၀)ဆကို 6secမျှ အသုံးပြုနိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
D typeသည် rated crt၏ (၁၀)ဆမှ (၂၀)ဆအထိ ခံနိုင်ရည်ရှိပြီး၊ inrush crtအလွန်များသော X-rayစက်၊ ထရန်စဖော်မာစသည့် အထူးပြုလုပ်ငန်းတို့၌ တပ်ဆင် ခြင်းများအတွက် အသုံးပြုနိုင်ပါသည်။ D type curveကို လေ့လာကြည့်လျှင် rated crt၏ (၁၀)ဆကို 6sec ခံနိုင် ရည်ရှိပြီး၊ rated crt၏ အဆ(၂၀)ကို 5secမျှ အသုံးပြု နိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

Credit

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html