ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

MAGNETIC CONTACTOR & RELAY အကြောင်း

MAGNETIC CONTACTOR & RELAY အကြောင်း short note( ပြန်တင်ပေးတာပါ ။ )

============================================
Function
Contactor & relay ၂ ခု ကို function တည်ဆောက်ပုံ ကတူပါတယ် ကို တူညီ တယ် လို့  အကြမ်းဖျင်း အာဖြင့် ပြောလို့ ရပါတယ် ။
Magnetic holding coil, contact point , normally open, close  တွေ နဲ့ဆောက်ထားပါတယ်။
Magnetic function ကို သုံးထားတာပါ ။ သံတုံး တခုကို ကွိုင်ပတ်ပြီး လျပ်စစ် ဓါတ်ပေးလိုက်ရင် သံလိုက်ဖြစ်သွားတာကို spring action နဲ့ ပေါင်းပြီး သုံးထားတာပါ ။ သံတုံး တခုကို ကွိုင်ပတ်ပြီး လျပ်စစ် ဓါတ်ပေးလိုက်ပြီး နောက် သံတုံး တခု ကို ဆွဲ ခိုင်းပါတယ် ။ အဲဒီ သံတုံးကို spring က ခံထားပြီး သံတုံး ကပြေးကပ်တော့ အဲ ဒီ မှာတပ်ထားတဲ့ contact points တွေ က အောက်မှာ ရှိတဲ့  တခြား contact points တွေ ကို ပြေး ထိပြီး continuity ရသွားပါတယ် ။

Usage
Contactor က ပါဝါ ပိုင်း အတွက် သုံးပါတယ် ။ သူမှာ normally open contacts ကို Power အတွက် တည်ဆောက်ထားပါတယ် ။ auxiliary contact တွေ ပါတတ်ပြီး Normally open /closed တွေ ပါတတ်ပါတယ် ။နောက်ပြီး extension အနေ နဲ့လဲတတ်လို့ရပါတယ်။
Relay ကတော့  control ပိုင်းမှာ သုံးပါတယ် ။ command နဲ့ NC & NO တွေ ပါတတ်ပါတယ် ။
ဒီနေရာမှာ အချိ့တွေ မှားတတ်တာက NO (normally open contact) ကနေ NC (normally close contact ) ဖြစ်သွားတယ်လို့  ရေးနေတာတွေ့ ပါတယ် ။ Drawing စည်းမျည်း မှာပြတာက လုံးဝ power energize မ၇ှိတဲ့ အခြေအနေကိုသာပြောတာပါ ။ NO ( normally open contact ) ကဘယ်အခြေအနေမှာဖြစ်ဖြစ် NO ပါပဲ ။ contact close ဖြစ်သွားတယ်လို့ ပြောရမှာပါ ။ဒီလို ပါပဲ NC ကနေ open contact ဖြစ်သွားတယ်လို့ ပြောရ မှာပါ။ NC to NO မဟုတ်ပါဖူး ။

Holding coil supply( AC or DC )
Coil တွေ က supply voltage အမျိုးမျိုး အတွက် တည်ဆောက်ထားတတ်ပါတယ် ။ အတွေ့ ရ အများ ဆုံးကတော့  12 VDC , 24 VDC, 48 VDC ,110 VDC , 24 VAC,48VAC , 110 VAC , 230 VAC, 380/400/420 VAC တွေ အများဆုံး တွေ့ ရတတ်ပါတယ် ။ တတ်ဆင်ထားတဲ့ နေရာ အလိုက် coil voltage တွေ ကို အစုံ လိုက်ပြောင်း သုံးလို့ ရပါတယ် ။ အခုနောက်ပိုင်းမှာတော့ control ကို DC UPS သုံးလာသည့် အတွက် DC coil တွေ အသုံးများပါတယ်။ wire များကိုတချိ့  က voltage အလိုက် colour များသတ်မှတ်ထားကျပါသည် ။

Size and type
Contactor points တွေ အတွက် ကတော့ ဖြတ်စီး နိုင်တဲ့ current In က အရေးကြီးပါတယ် ။ သေးတာတတ်မိ ရင် contacts တွေ ခဏလေးနဲ့  ပျက်စီးသွားတတ်ပါတယ် ။ ဒါကြောင့် မို့ ဖြစ်နိုင် ရင် contactor ကို Over size တတ်ဖို့  အကြံ ပေးချင်ပါတယ် ။ အဓိ ကတော့  မကြာခဏ inrush current နဲ့  on , off လုပ်ရတဲ့  ပစ္စည်း များ အတွက်ပါ။ ဘယ်လောက် voltage , ဘယ်လောက် Amp , ဘယ်လောက် HP, KW  တွေ သုံး နိုင်လဲဆိုတာ ဘေးမှာရေးတတ်ပါတယ်။
Contactor type တွေ က load ဘယ် ပစ္စည်း နဲ့ သုံး ရမှာ ဆိုတာ ရှိပါတယ် ။သူ့ မှာ AC1, AC2 , AC3 အစ ရှိ သဖြင့်ပေါ့ ။ ပျက်လို့ ပြန်မှာ တဲ့  အခါ အဲ ဒီ code တွေ မမှား အောင် မှာရပါမယ် ။
ပြသနာ အဖြစ်အများ ဆုံး က contact point တွေ မကောင်းတော့ပါပဲ ။ contact point တွေ က ငွေ ( sliver coating ) တွေ နဲ့  တည်ဆောက် ထားပါတယ် ။ နောက်ပိုင်း တချို့ တွေ မှာငွေ ကို ခို ပြီး သုံးလာပါတယ် ။ အဓိ ကကတော့  made in china တွေပါ ။

Maintenance and troubleshooting
အပိုင်းမှာတော့  power contactor points တွေ ကို သန့် ရှင်း ရေး လုပ်ပေးရပါမယ် ။အထဲ က အပိုင်းတွေ ကို electro cleaner နဲ့ဆေးပေးပါတယ် ။  ကြာရင် carbon ဂျိုး တွေ ကပ်တပ်ပါတယ် ။ နောက် ဆုံး Arc ကြောင့်  contact point တွေ welding လုပ်လိုက် သလို ပူး ပြီး Load တွေကမရပ်ပဲ  ပျက်စီးတတ်ပါတယ် ။ contact point spare တွေ ရှိရင်လဲပေးရပါတယ်။မရှိရင်ကော်ပတ် အနုစားနဲ့ ညီအောင်စားပေးရပါတယ်။  vibration ရှိတဲ့ အတွက်ကြောင့်လဲ screw များ ကို ကြပ်ပေးရပါတယ်။
Coil တွေ ကလဲ မကောင်းရင် အသံတွေ မြည်လာတတ်ပါတယ် ။ coil တွေ က လဲလို့ ရပါတယ် ။ နောက် DC supply coil တွေ မှာ freewheeling diode တွေ တပ်ထားတပ်တယ်ဆိုတာ သတိပြုပါ။ diode တွေ မကောင်းရင် လဲပါ။ back EMF တွေ ကို ပျောက်အောင်ပါ ။
အဓိ ကကတော့  manufacture ကထုတ်တဲ့  instruction တွေ ကိုသေသေချာချာလေ့ လာပါ ။ ဘာတွေရေးထားသလဲ ဆိုတော့ အောက်ပါ အချက်အလက်များပါဝင်ပါတယ်။

Category size , type for AC and DC ( importance )
Ambient air temperature
Rated operational current (Ie)
Rated conventional thermal current (Ith )
Permissible short time rating
Rated operational voltage (Ue)
Rated control circuit voltage (Uc)
Rated insulation voltage (Ui)
Rated impulse withstand voltage (Uimp)
Rated operational power (expressed in kW)
Rated breaking capacity (*)
Rated making capacity (*)
Pole impedance
Electrical durability
Mechanical durability

Credit
thanks for reading
Kyaw Oo
EI engineering

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html