ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
🚔🚔🚔🚔🚔🚔🚔🚔🚔🚔🚔🚔🚔🚔
Uni font အောက်မှာကြည့်ပါ
ဆေးကြောသန့်စင်ပါ
ကားကိုပြန်ဆေးပါ
====================================================
Writer by
Car_Sale_Center
😁😁😁😁😁
Uni
" ကိုယ့်ကားကိုကိုယ်တိုင်ဘယ်လိုပေါလစ်တိုက်မလဲ "
ဘယ်သူမဆိုကိုယ့်ကားလေးကိုတောက်ပြောင်ပြီးလှပနေစေလိုကြတာပါပဲ။ငွေကုန်ကြေးကြခံပြီးဆိုင် မှာသွားပေါလစ်တိုက်ကြတဲ့သူတွေဒုနဲ့ဒေးပါ။ဆိုင်မှာတစ်ခါပေါလစ်သွားတိုက်ရင်အချိန်ပေးရမယ်ငွေ ပေးရမယ်။ဒါပေမယ့်ကိုယ်တိုင်အိမ်မှာပေါလစ်တိုက်ရင်စိတ်တိုင်းကျဖြစ်အောင်တိုက်လို့ရသလို ငွေအပိုမကုန်တော့ဘူးပေ့ါ။ဒါ့ကြောင့်ကိုုယ်တိုင်အိမ်မှာကားကိုပေါလစ်ဘယ်လိုတိုက်နိုင်သလဲ ဆိုတာဝေမျှပေးလိုက်ပါတယ်။ပေါလစ်တိုက်စက်ရှိသူကစက်နဲ့တိုက်နိုင်သလိုမရှိရင်လည်းလက်နဲ့ တိုက်လို့ရပါတယ်။
ကားကိုအရိပ်အောက်မှာရပ်ပါ
ဒါဟာအရေးကြီးပါတယ်။သင်နေပူပြီးပင်ပန်းမှာစိုးလို့မဟုတ်ပါဘူး။သင့်ကားအတွက်လိုအပ်လို့ပါ။ ကားရေဆေးတော့မယ်ဆိုရင်ဘယ်တော့မဆိုအရိပ်မှာရပ်ပြီးဆေးရပါတယ်။ဘာ့ကြောင့်လည်းဆိုတော့ နေရောင်တိုက်ရိုက်ထိတဲ့အခါဆပ်ပြာတွေကသင့်ကားသုတ်ဆေးတွေပေါ်မှာခြောက်သွား တတ်လေ့ရှိပါတယ်။အဲ့ဒီလိုဖြစ်တဲ့အခါသင့်ကားကိုအရောင်မှိန်မှိန်ကြီးဖြစ်သွားစေပါတယ်။ဒါ့ကြောင့် ကားကိုအရိပ်အောက်မှာရပ်ပါ။
ဆေးကြောသန့်စင်ပါ
ပေါလစ်မတိုက်ခင်မှာသင့်ကားမျက်နှာပြင်ပေါ်ကအညစ်အကြေးတွေအစိုင်အခဲတွေဖုန်တွေအားလုံး သန့်စင်နေဖို့လိုအပ်ပါတယ်။ဖုန်တွေသဲတေကျန်ရှိနေရင်ပေါလစ်တိုက်တဲ့အခါသင့်ဆေးကိုပွန်းစေနိုင်ပြီး အစင်းရာတွေထင်လာစေနိုင်ပါတယ်။ဒါ့ကြောင့်ဆပ်ပြာနဲ့သေချာစွာသုတ်သင်ပေးပါ။
သင့်တော်သောဖော့စနှင့်ပေါလစ်တိုက်ဆေးကိုရွေးချယ်ပါ
သင့်ကားဟာအရောင်ရင့်တယ်ဆိုရင်ပျော့ပြောင်းနုညံ့သောဖော့စကိုရွေးချယ်ပါ။ပေါလစ်တိုက်ဆေးကို လည်းအားပျော့တာရွေးသုံးပါ။ကားအရောင်အနုအတွက်ကတော့ဖော့စနဲနဲကြမ်းတာနဲ့တိုက်လို့အဆင်ပြေပါတယ်။
စက်ဝိုင်းပုံပွတ်တိုက်ပေးပါ
ပေါလစ်တိုက်ဆေးအနည်းငယ်ကိုဖော့စပေါ်ညှစ်ထည့်ပါ။ပြီးတဲ့အခါသင့်ကားပေါ်ကိုစက်ဝိုင်းပုံလှည့်ပြီး ပွတ်တိုက်ပေးပါ။ပေါလစ်တိုက်စက်ရှိတယ်ဆိုရင်တော့အရှေ့ကနေအနောက်ကိုရွေ့လျားပြီးပွတ်တိုက် ပေးပါ။စက်နဲ့တိုက်တဲ့အခါသတိထားရမှာကတော့ငြိမ်အောင်ကိုင်ထားဖို့ပါ။ဖော့စကိုရေနှင့်ဆေးဆေးပေးပါ။တိုက်ရင်းတိုက်ရင်းပေါလစ်ဆေးအသစ်ထပ်မထည့်ခင်ဖော့စကိုဆေးကြောပါ။ ပြီးမှသာဆေးအသစ်ထပ်ထည့်ပါ။
ပြောင်လက်သွားတဲ့အခါနေရာရွှေ့ပါ
တစ်နေရာကိုသေချာပေါလစ်တိုက်ပြီးလို့ပြောင်လက်သွားပြီဆိုရင်နေရာပြောင်းပြီးတိုက်ပါ။တစ်နေရာထဲမှာအကြာကြီးပွတ်တိုက်နေတာမျိုးမလုပ်မိပါစေနဲ့။ဆေးသားကိုထိခိုက်နိုင်လို့ပါ။
ကားကိုပြန်ဆေးပါ
ကားပေါ်မှာပေါလစ်ဆေးတွေမကျန်ရင်နေအောင်သေချာစွာဆေးကြောပေးပါ။ပြီးသွားတဲ့အခါမှာ တော့ကားကိုအခြောက်ခံပေးပါ။
====================================================
ကားနဲ့ပက်သက်လို့ ဗဟုသုတ ဆောင်းပါးတွေ လေ့လာဖို့ Euro Nippon Page ကို Like and Share လုပ်ပြီး See first လုပ်ထားဖို့ မမေ့နဲ့နော်
Writer by
Car_Sale_Center
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html