ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအင်ဂျင် Slow မငြိမ်လျှင် စစ်ဆေးပြုပြင်သင့်သောအရာ

#ကားအင်ဂျင် Slow မငြိမ်လျှင် စစ်ဆေးပြုပြင်သင့်သောအရာ

🚗 ပြုပြင်ရမယ့်အရာကိုပုံမှန်အားဖြင့် Car Plug,Oil Tank Filter,Carbon cleaning,Engine Mounting,etc စတဲ့အချက်တွေတော်တော်များများစစ်ဆေးပြုပြင်ကြမှာပါပဲ....
ဒါတွေပြင်ပြီးလို့ကောင်းတဲ့ကားလည်းကောင်းသွားပါတယ် အနာနဲ့ဆေးတဲ့ရင်ပေါ့...
မကောင်းသေးဘူးဆိုရင် ကျွန်တော်တို့သတိမထားမိတဲ့
အရာလေးရှိပါတယ်....
🏎သူကတော့ MAF Sensor,Throttle Body Cleaning ပါပဲ...
လွယ်လွယ်ပြောရရင်ကားအင်ဂျင်ပေါက်ကွဲရင် ဆီနဲ့လေအချိုးကျပေါက်ကွဲဖို့ လေတံခါးအတွက် လေစုပ်ယူရန် အာရုံခံပေးတဲ့အပိုင်းပေါ့....
ဘယ်နားမှာရှိလဲဆိုတော့
ကားအင်ဂျင်ခန်းအတွင်း လေပိုက်အကြီးဆုံး လေစစ်နဲ့တွဲထားတဲ့ပိုက်လိုင်းကြီးပါ...
ဖြုတ်ဖို့အတွက် သံပိုက်ကလစ်လေးနဲ့တွဲပါတယ်....သံပိုက်ကလစ်လေးဖြုတ်ပြီးရင် လေတံခါးအပေါက်လေးတွေ့ရပါတယ်...
မဲမဲတူးတူးဂျီးတွေတွေ့ရင် သေချာပါပြီ.....
(တစ်ခုသတိထားဖို့က အဲ့အပေါက်ကို လက်နဲ့သွားမထိုးမိဖို့ပါပဲ...ထိုးမိရင် Slow မငြိမ်ပဲ ပြန်ချိန်ရတာအရမ်းကိုတိုင်ပတ်ပါတယ်)
#အဲ့ဂျီးတွေကိုဘယ်လိုဆေးမလဲ
ဆေးတဲ့အရည်လာပါတယ်
ကားပစ္စည်းဆိုင်မှာရောင်းပါတယ်...
ဈေးကအမျိုးအစားပေါ်မူတည်ပြီး
6000-20000 ကျပ်ထိရှိပါတယ်...
ဂျီးမများရင်တစ်ခါဆေးပြီးသိမ်းထားပါ
နောက်ပြန်သုံးလို့ရပါတယ်....
ဘူးနမူနာကတော့ ပုံထဲမှာကြည့်ပါ...
Brand ပေါ်မူတည်ပြီး Design အနေအထားပြောင်းလဲမှုအနည်းငယ်ရှိပါတယ်....
ဆေးရမယ့်အရာတွေကတော့ Mass Air Flow နဲ့
Throttle Body (လေတံခါး)ကိုဆေးရပါမယ်...
ဘူးမှာပါတဲ့ပိုက်ကလေးကိုပုံထဲကအတိုင်းလုပ်ပြီးဆေးရပါ့မယ်...
Spray ဖြန်းပြီးရင် Throttle Body  လေတံခါးက ဂျီးတွေသူ့အလိုအလိုကျသွားပါမယ်...
အားလုံးရှင်းရင် သေချာစွာပြန်တပ်ပြီး
စက်နှိုးကြည့်ပါ
သိသိသာသာ Slow ငြိမ်သွားပါလိမ့်မယ်....
နယ်ဘက်မှာ Cleaning Spray ဝယ်မရလျှင် ဓာတ်ဆီကိုအဝတ်စနုနုတွင်စွတ်ပြီး ပြုလုပ်နိုင်ပါတယ်...
Spray ဘူးနဲ့ကတော့အကောင်းဆုံးပါပဲ...
#မှတ်ချက်။ ။ နားလည်တတ်ကျွမ်းသော ဝပ်ရှော့ဆရာမှာပြုလုပ်သင့်ပါတယ်....မကျွမ်းကျင်လျှင်အင်ဂျင် Check မီးလင်းတတ်ပါတယ်။

ကားအားလုံးလုပ်ရမည်မဆိုလိုပါ..
ဖြုတ်စစ်ပြီးလိုအပ်သောကားများအတွက်သာ

Writer by

ကားချစ်သူမိတ်ဆွေများအားအစဉ်လေးစားလျှက်
မောင်ဂျစ်တူး
18.10.2017(6:40PM)
Welcome
Like& Share.

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html