ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အိမ်သုံး ပန်ကာ ပြုပြင်နည်း

နွေရာသီကလည်း ပူ...
ပူ​တော့ ပန်​ကာ​လေးဖွင့်​...
အဲ့လို​လေး​နေမှလည်း ဇိမ်​ကျသ​ဗျား...

ကဲပါ... ကဲပါ..
အခု​ရေးချင်​တာက အိမ်​မှာရှိတဲ့ ကိုယ့်​ပန်​ကာကို
ဘယ်​လို ကလိရမလဲဆိုတာ နည်းလမ်း​လေး​ပေးချင်​လို့ပါ...
ဘာလို့်နည်းလမ်း​ပေးချင်​လိုလဲဆို​တော့ကား....
ဟီး... ကိုယ်​တိုင်​ပြင်​ရင်း ပျက်​တာက
ပိုတန်​တယ်​​လေ...
ဆ်ုင်​​ရောက်​​တော့မှ ​ဆေးလွန်​ပြီး လစ်​သွား​တော့မှ
မရ​တော့ဘူးဆိုရင်​ ကိုယ်​ကလည်း ဘာမှမသိ​တော့
နောက်​တစ်​လုံး​ပေါ့.. ​နော့.. ဟဲဟဲ...
( ဆိုင်​သမား​တွေ​တော့ ထု​တော့မှာပဲ )

ပန်​ကာတစ်​ခုမှာ ဘာ​တွေအပျက်​များသလဲဆို​တော့..
၁။  bushing လို့​ခေါ်တဲ့ ဆုံလည်ကဟာ​​လေး​တွေ
၂။  Capacitor လို့​ခေါ်တဲ့ မဲမဲ​လေး​ထောင့်​အတုံး​လေး
၃။  Armature လို့​ခေါ်တဲ့ ကွိုင်​ထုပ်​​ပေါ့​လေ..

ကျန်​တဲ့ဟာ​တွေ Thermal fuse တို့ ဘာတို့က​တော့
ကိုယ်​တိုင်​ကျွမ်းကျင်​မှုရှိမှ ပြင်​လို့ရမှာ​တွေ​လေ...

အမှတ်​စဉ်​ ( ၁ ) bushing ​လေး​တွေ အသုံးပြုတာ
ကြာလို့ ​ညောင်းသွားတာ​ကြောင့်​လဲ မလည်​နိုင်​​တော့ဘူး​လေ။
How to know?
သိလွယ်​ပါတယ်​... ပန်​ကာရဲ့ ဒလက်​ကာ​ဗာကိုဖြုတ်​..
လက်​နဲ့လှည့်​ကြည့်​... ခပ်​ကြပ်​ကြပ်​ဖြစ်​​နေပြီလား..
အဲ့ဒါဖြစ်​ဖို့များ​နေပြီ... အဲလဲ့... အဲလဲ့..
အောက်​မှာ ပုံ​လေး​တွေရှိတယ်​.. ..
တစ်​ခုချင်းစီရဲ့​အောက်​မှာ စာ​တွေ​ရေး​ပေးထားတယ်​​ဗျ။

အမှတ်​စဉ်​ ( ၂ ) Capacitor...
နဲနဲ​တော့ ခက်​မယ်​။ လျှပ်​စစ်​အ​ကြောင်းသိဖို့လိုသွားပြီ။
သတိထားပြီးကိုင်​​ပေါ့....
Capacitor ပျက်​မပျက်​ကို သာမန်​လူ​တွေ တန်းပြီးမသိနိုင်​ဘူး​လေ.... တစ်​ခုသိနိုင်​တာက ပန်​ကာဖွင့်​လိုက်​ပြီး
ဒလက်​မလည်​ဘဲနဲ့ နှာ​ခေါင်းသံနဲ့..
အီ........အီ.....အီ... ဆိုရင်​ Capacitor ဖြစ်​တတ်​တယ်​လို့​တော့
ဆရာ​တွေ​ပြောတာ ကြားဖူးတယ်​​ဗျ...

ဒီ​တော့ အ​ဟောင်း​လေးကိုဖြုတ်​... နိုးနိုး.. ခဲ​ဆော်​ထားတဲ့
နေရာက​နေ ဖြုတ်​မ​နေနဲ့​တော့ ပြန်​တပ်​ရင်​ အနီ အနက်​​မေ့​နေဦးမယ်​။ အလယ်​​လောက်​က​နေဖြတ်​ချလိုက်​​ပေါ့....
ပြီးရင်​ လျှပ်​စစ်​ဆိုင်​ကိုသွား ဒါ​လေး​ပေးပါ​ပေါ့...
ထုတ်​​ပေးတာကို တန်းမယူခဲ့နဲ့ဦး...
'' ဒီနှစ်​ခုက တူပါတယ်​​နော်​ '' လို့ စကားခံလိုက်​​လေ..
မမှား​တော့ဘူး​ပေါ့...
( ကိုယ်​ကမှ လျှပ်​စစ်​ကို မကျွမ်း​သေးတာ​နော့... )

ဖြုတ်​ခဲ့တဲ့ ကြိုးစအတိုင်းပြန်​တပ်​...
( မီးတိပ်​လည်း နာနာပတ်​ဦး​နော်​.. )
ပန်​ကာ ပြန်​ဖွင့်​ကြည့်​.... ဝီးဝီးဝီး နဲ့ လည်​​နေရင်
သင်​​အောင်​မြင်​ပါပြီ...

အမှတ်​စဉ်​( ၃ )
ကွိုင်​လို့​ခေါ်တဲ့ဟာ ​​ကြေးနန်းကြိုး​တွေပတ်​ထားတာ​လေ...
အရမ်းသတိထားရတယ်​...
သွသူ​နေရင်းပျက်​ထာထက်​ သတိမမူလို့်​ ပျက်​တာများတယ်​။
ကွိုင်​ထုပ်​ကို ဖွင့်​တယ်​.. တစ်​ခုခုနဲ့ညိတယ်​...
၎ ​ခွေထုပ်​ထားတာမှ ၁​ခွေရဲ့ ကြိုးပိစိ​လေး
ပျက်​သွားတာနဲ့ လစ်​​ရော....
အာ့မို့ ​စော​စောက ​​ပြောခဲ့တာ​ပေါ့..
ကွကိုယ်​မှားတာ ခံသာပါတယ်​လို့
ကဲပါ.. ပြန်​ဆက်​​ပြောရ​အောင်​..
အဲ့ဒါပျက်​သွားရင်​​ရော...
ဆို​တော့ကား..................
အမျှသာ​ဝေလိုက်​ပါ​တော့​လေ....

ကွိုင်​ပျက်​သွားရင်​ ပြင်​လို့​တော့ မရ​ပေမယ့်​....
ကာကွယ်​ရမယ့်​ နည်းက​တော့.......
။။တစ်​ချိန်​တည်းမှာအကြာကြီး မသုံး​လေ​ ​ကောင်း​လေ။။
ပါပဲ... အချို့က ပန်​ကာကို ဆက်​တိုက်​ကို
ဖွင့်​ထားတတ်​ကြတယ်​​လေ...
TV ကြည့်​​နေရင်းဆိုရင်​ ပို​တောင်​ဆိုး​သေးတယ်​။
တစ်​ကားပြီး .. တစ်​ကားပဲ..
ပူလွန်းရင်​လည်း ကွိုင်​​လောင်​သွားတတ်​တယ်​​လေ။

ကဲ.. ဒီ​လောက်​ဆိုရင်
ဆိုင်​သွားပြင်​မယ့်​အစား ကိုယ်​တိုင်
ကလိလို့ရပါပြီ....
ဒီတစ်​လုံးပြင်​တာ မ​အောင်​မြင်​လည်း
နောက်​တစ်​လုံး​ပေါ့​နော့...

ကျေးဇူးတင်​ပါတယ်​ ခင်​​ဗျ။

Credit
ဟိန်း​ဇော်​ထက်

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html