ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

သင့်ရဲ့ ကားအတွင်းမှာ အမြဲ ရှိနေသင့်/ ဆောင်ထားသင့်တဲ့ ပစ္စည်းများ

" ကားထဲမှာရှိထားသင့်သောပစ္စည်းများ "

လမ်းခရီးသွားလာတဲ့အခါမှာ
အရေးပေါ်အခြေအနေတစ်ခုမပေါ်လာနိုင်ဘူးလို
့ပြောလို့မရပါဘူး။

ဒါ့ကြောင့်

ကိုယ့်ဘက်ကအမြဲအဆင်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်။
ခရီးဝေးသွားမယ်ဆိုရင်ပိုအရေးကြီး ပါတယ်။
ပြသနာကြုံမှ
နီးနီးနားနားမှာဘာဆိုင်ညာဆိုင်မှမရှိ
အကူအညီတောင်းစရာလူလည်းမရှိဖြစ်ရင် မခက်ပါလား။

ကိုယ့်မှာလိုအပ်တဲ့ပစ္စည်းတွေအပြည့်အစုံပါထားရင်
စိတ်အေးချမ်းသာစွာ
လမ်းခရီးကို လုံခြုံစိတ်ချမှုအပြည့်နဲ့သွားနိုင်မှာပါ။

အခြားသူအကူအညီလိုအပ်လာရင်လည်းကူညီနိုင်မှာပါ။

ဒါဆိုရင် သင့်ကားထဲမှာ
ဘာတွေရှိထားသင့်သလဲဆိုတာလေ့လာကြည့်ကြရအောင်။

ရေဘူး

ရေကသင့်ခန္ဒာကိုယ်အတွက်တင်အရေးပါတာမဟုတ်ပါဘူး။သင့်ကားအတွက်လည်းအရေးပါပြီးလိုအပ် တဲ့အရာပါ။ကားထဲမှာရေဘူးတစ်ဘူးတော့မရှိမဖြစ်ရှိနေသင့်ပါတယ်။တရုတ်ပြည်ကအမျိုးသမီးတစ်ဦး ရဲ့ကားချောက်ကမ်းပါးမှာတင်နေတုန်းကရေသန့်ဘူးတစ်ဝက်နဲ့စပျစ်သီးအနည်းငယ်ကိုအမှီပြုပြီး၅ရက် တိတိအသက်ဆက်ခဲ့ရပါတယ်။ကိုယ်လည်းဒီလိုအရေးကြုံလာမလားဆိုတာကြိုပြောလို့မရဘူးလေ။ ဒါတင်မကသေးပါဘူး။သင့်ကားအင်ဂျင်အပူလွန်ကဲလာတဲ့အခါ coolent အစားရေကိုထည့်ပြီးအင်ဂျင် အပူချိန်လျှော့ကျအောင်လုပ်နိုင်ပါသေးတယ်။

ရောင်ပြန်တြိဂံ

ညဘက်လမ်းမီးမရှိတဲ့လမ်းမပေါ်မှာကားပျက်နေပြီဆိုရင်ရောင်ပြန်တြိဂံကိုအသုံးပြုပြီးသင့်ကားကို စိတ်ချလုံခြုံစွာရပ်ထားလို့ရနိုင်မှာပါ။ပေါ့ပေါ့ပါးပါးလည်းရှိပြီးဈေးလည်းသိပ်မကြီးလို့ကားပစ္စည်းရောင်း ဆိုင်တွေမှာသွားရောက်ဝယ်ယူထားဖို့အကြံပြုလိုပါတယ်။

Jumper Cables (ဘက်ထရီအိုးညှပ်ကလစ်)

ရုတ်တရက်ဘက်ထရီဒေါင်းသွားလို့အခြားကားတစ်စီးစီးအကူအညီနဲ့အားပြန်သွင်းရမယ်ဆိုရင် Jumper cables တွေလိုအပ်လာပါပြီ။ကိုယ့်ကားထဲမှာအဆင်သင့်ရှိနေရင်အရမ်းအဆင်ပြေသွားပြီပေါ့။

မီးတိတ်

မီးတိတ်ကြီးကပ်ပြီးကားမောင်းသွားနေတာတွေမြင်ဘူးမှာပေါ့။အရေးပေါ်အခြေအနေမျိုးမှာမီးတိပ် ဟာသိပ်အသုံးဝင်ပါတယ်။ဥပမာဘက်မှန်တိုက်မိလို့ပြုတ်ထွက်သွားတယ်ပဲထားပါတော့။မီးတိပ်ကို အသုံးပြုပြီးယာယီပြန်တပ်ဆင်ထားနိုင်လို့ကားဝပ်ရှော့မရောက်ခင်အထိခဏအသုံးပြုလို့ရနိုင်မှာပါ။ ကပ်ရခွာရလွယ်ကူပြီးခိုင်ခံတဲ့တိပ်ဖြစ်လို့ကားထဲမှာဝယ်ထည့်ထားသင့်ပါတယ်။

မီးသတ်ဘူး

ကားမီးထမလောင်ဘူးလို့ပြောလို့မရတဲ့အတွက်အရေးပေါ်အခြေအနေမှာမီးညှိမ်းသတ်လို့ရအောင် ကားထဲမှာမီးသတ်ဆေးဘူးဆောင်ထားရပါမယ်။ကိုယ့်ကားမီးမလောင်တောင်အခြားလူအကူအညီ လိုအပ်နေရင်ကူညီပေးလို့ရတာပေါ့။

ဓါတ်ဆီဘူး နဲ့ ပိုက်

ခရီးဝေးသွားမယ်ဆိုရင်ကားထဲမှာအရေးပေါ်သုံးဖို့ဓါတ်ဆီအနည်းငယ်ထည့်ထားသင့်ပါတယ်။ဓါတ်ဆီ ကိုဘူးအပြည့်ဘယ်တော့မှမထည့်ပါနဲ့။ဓါတ်ဆီဘူးခွံကိုလည်းကောင်းမွန်ပြီးသစ်လွင်တာကိုသုံးပါ။ ဒါမှမတော်တဆမီးလောင်ခြင်းပေါက်ကွဲခြင်းတွေမဖြစ်နိုင်မှာပါ။
ဆီကိုစုပ်ထည့်လို့ရအောင်ပိုက်တစ်ချောင်းတော့ဆောင်ထားသင့်ပါတယ်။အခြားကားတစ်စီးစီးကနေ အကူအညီတောင်းပြီးဆီနည်းနည်းချေးရင်ပဲဖြစ်ဖြစ်အသုံးဝင်လို့ပိုက်လေးတစ်ချောင်းဝယ်ထည်ထားပါ။

==Credit to... Euro Nippon
Car Sale Center




Goodluck

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html