ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Google Chrome Browser ရဲ့ ထူးခြားဆန်းကျယ်မှု (30) အကြောင်း

အဆင့်မြင့်ဖုန်းဆော့ဝဲ အသုံးပြုနည်းများ
Google Chrome ရဲ့လျှို့ဝှက်ချက် ၃၀

‘chrome’ လို့ အမည်ရတဲ့ browser ရဲ့ လျှို့ဝှက်ချက် ကလေးများကို ဖော်ပြ လိုက်ရပါတယ်။

၁။🌷 ‘chrome’ ထဲမှာ ဖွင့်ထားတဲ့ စာမျက်နှာတစ်ခုကို desktop နဲ့ start menu ပေါ်ကို ခေါ်တင်ပြီး shortcut တစ်ခုနေနဲ့ဖန်တီးနိုင်ပါတယ်။ ကိုယ်အသုံးများတဲ့ web စာမျက်နှာတစ်ခု ( ဥပမာ အားဖြင့် Gmail ဆိုပါတော့) အရင်ဆုံးဖွင့်ပြီး အလွယ်တကူနဲ့ပဲ စာရွက်ပုံ options မှာရှိတဲ့ ‘creat application shortcuts’ button ကို ကလစ်နှိပ်လိုက်ရုံပါပဲ။

၂။🌷 Ctrl နဲ့ Shift key တွေကို ဖိထားပြီး အက္ခရာ ‘N’ ကို နှိပ်လိုက်မယ်ဆိုရင်တော့ (incognito) ဆိုတဲ့ window တစ်ခုကို ဖန်တီး ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Windows အသစ်တစ်ခုကို ဖန်တီး ပေးတဲ့ သဘောပဲ ဖြစ်တဲ့အတွက် firefox ရဲ့ (Ctrl+N) command နဲ့ ဆင်တူပါတယ်။

၃။🌷 Alt နဲ့ home button ကို တွဲဖက်ပြီး နှိနှိပ်ခဲ့မယ်ဆိုရင်တော့ google chrome ရဲ့ မူရင်း home page ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ homepage မှာ user တစ်ယောက် အသုံးများတဲ့ စာမျက်နှာတွေကို ‘thumbnail’ စီစဉ် ပေးထားတာကို တွေ့ရပါတယ်။

၎၊၊ 🌷‘Ctrl နဲ့ T ကို တွဲဖက်နှိပ်ရင်တော့ ‘new tab’ ကို ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။ တကယ် လို့ Tab တစ်ခုကို drag ဆွဲချမယ် ဆိုရင် window အသစ်တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးပါလိမ့်မယ်။

၅။ 🌷“icongnito window’ အသစ်တစ်ခုနေနဲ့ homepage ပေါ်မှာ tumbnail icon တွေကို Right Click နှိပ်ပြီး ဖွင့်လှစ်လို့လဲ ရနိုင်ပါတယ်။

၆။ 🌷‘Ctrl, Shift နဲ့ T’ တို့ကို တွဲဖက် နှိပ်လိုက်ရင်တော့ အရင်တစ်ခါ သုံးစွဲသွားပြီး ပိတ်သွားခဲ့ တဲ့ tab တွေကို ပြန်ခေါင်းဆောင်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ မီးပျက်လို့ပဲဖြစ်ဖြစ်၊ ရုတ်တရက် ’save’ မလုပ် လိုက်မိတဲ့ web စာမျက်နှာ ကောင်းကောင်းတွေကို ပြန်လည် မှတ်မိဖို့အတွက် သိပ် အသုံးဝင် ပါတယ်။ Google chrome ဟာ အနိမ့်ဆုံး tab (10) ခုအထိ မှတ်မိနေပါတယ်။

၇။🌷 Tab တွေ တစ်ခုနဲ့ တစ်ခုအကြားကို ခုန်ကျော် ဖြတ်သန်းဖို့အတွက်ကတော့ Ctrl key ကိုဖိနှိပ်ထားပြီး keyboard ရဲ့ အပေါ် ဘားတန်းမှာရှိတဲ့ 1, 2, 3, 4, ……number တွေနဲ့ ရောယှက် ဖိနှိပ်လို့ရပါတယ်။ ဥပမာ စာမျက်နှာ ငါးခုမြောက်ကို သွားချင်တဲ့အခါမှာ (Ctrl+5) ကို တွဲဖက် နှိပ်ရပါမယ်။

၈။🌷 စာမျက်နှာတွေကို ခေါ်ယူစဉ်မှာ loading လုပ်တဲ့ စတိုင်ဟာ IE8 နဲ့ဆင်တူပြီး စက်ဝိုင်းကလေး လည်ပတ်နေတဲ့ ပုံသဏာန် ရှိပါတယ်။ ‘Ctrl’ နဲ့ Tab’ ကို တွဲဖက်နှိပ်လိုက် ရင် အဲဒီအချိန်မှာ လတ်တလော loading ခေါ်ယူနေတဲ့ page (tab) ဆီကိုရောက်ပါမယ်။

၉။🌷 (Ctrl+Shift+Tab) တွေကို တွဲဖက်နှိပ်မယ်ဆိုရင်တော့ Ctrl+Tab နဲ့ ဆန့်ကျင်ဘက် အဖြေကို ရရှိမှာဖြစ်ပြီး ယခင် loading ခေါ်ယူပြီးခဲ့တဲ့ page ဆီကို ပြန်လည်ရောက်ရှိနိုင်ပါလိမ့်မယ်။

၁၀။🌷 Firefox browser မှာ သုံးခဲ့သလို ကိုယ်ကြည့်ရှုနေတဲ့ စာမျက်နှာတွေကို စိတ်ကြိုက် နေရာချပြီး အထားအသို ရွှေ့ပြောင်းဖို့အတွက် mouse ကို ဖိထားပြီး drag ဆွဲယူရပါမယ်။

၁၁။🌷 သိပ်ကြိုက်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရတဲ့အခါမှာတော့ မှတ်သား bookmark လုပ်ထားဖို့ အတွက် ‘Ctrl နဲ့ D’ ကိုနှိပ်ရပါမယ်။ အဲဒီကမှ ပေါ်လာတဲ့ edit box ထဲမှာ ကိုယ့်စိတ်ကြိုက် အမည် ပေးတာနဲ့ folder တည်ဆောက်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Address bar မှာ ရှိနေတဲ့ ကြယ်ပွင့် အဝါရောင်ကလေးကို click နှိပ်ပြီး bookmark လုပ်နိုင်ပါတယ်။

၁၂။🌷 ‘Ctrl နဲ့ B’ ကို တွဲဖက်နှိပ်လိုက်တဲ့အခါ မှာတော့ bookmark bar ကို ခဏ ဖျောက် ပေးထား ပါတယ်။ မြင်ကွင်း ကျယ်ကျယ်ကို ကြည့်လိုသူတွေအတွက် အသုံးဝင်တဲ့ shortcut တစ်ခုပါပဲ။

၁၃။🌷 Bookmark bar မှာ ရှိတဲ့ ‘back’ ( အနောက်ကိုသွားတဲ့ button) လေးကို Right click နှိပ် လိုက်တဲ့အခါမှာ ကိုယ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာတွေရဲ့ စာရင်းကိုတစ်ရက်ချင်းအလိုက် မှတ်တမ်း ရရှိ ပါလိမ့်မယ်။ အဲဒီရဲ့ အောက်ဆုံးမှာတော့ ‘full story’ ဆိုတဲ့ စာသားကို click နှိပ်လိုက်တဲ့အခါ new tab ဖွင့်လှစ်ပေးပြီး ကိုယ့် web စာမျက်နှာကို အပြည့်အဝ ပြန်လည်ရရှိပါလိမ့်မယ်။

၁၄။🌷 History စာမျက်နှာကို အမြန်ဆုံး နည်းနဲ့ ရောက်ရှိချင်ရင်တော့ Ctrl နဲ့ H ကို တွဲဖက် နှိပ် ရ ပါမယ်။

၁၅။🌷 Instory စာမျက်နှာဟာ install လုပ်ပြီး စတင်သုံးစွဲခဲ့ချိန်ကစလို့ နေ့စွဲ တစ်ခုချင်းစီ အလိုက် မှတ်သားပေးထားမှာ ဖြစ်တဲ့အတွက် မလိုအပ်တာနဲ့ အသုံးမကျတာတွေကို စိတ်ကြိုက် ဖျက်ပစ်ပြီး လိုအပ်သလို ဖွဲ့စည်းပြင်ဆင်ထားနိုင်ပါတယ်။

၁၆။🌷’Ctrl နဲ့ J’ ကို တွဲဖက်နှိပ်တဲ့အခါမှာ ‘download’ လုပ်တဲ့ page ကို ဖွင့်လှစ်ပေးပါလိမ့်မယ်။

၁၇။🌷 ‘download’ page ကို ရှင်းလင်း ချင်တယ်ဆိုရင်တော့ link တစ်ခုချင် အလိုက် Right နှိပ်ပြီး ပေါ်လာတဲ့ box ထဲက ‘Remove’ ကို ရွှေးချယ်လိုက်ရုံနဲ့ ကိစ္စပြတ်ပါတယ်။

၁၈။🌷 ‘Ctrl နဲ့ K’ ဒါမှမဟုတ် ‘Ctrl နဲ့ E’ ဒီ shortcut ကတော့ address bar ပေါ်မှာ ရှာတွေ့ဖို့ ဖြစ် ပါတယ်။ ဟိုအရင်တုန်းက ရှာဖွေဖို့အတွက် ‘google.com’ ဆိုတာကို အရင်ရိုက်ပြီးမှ အဲဒီ search box ထဲကနေ တစ်ဆင့် ရှာဖွေခဲ့ကြရတယ် မဟုတ်လား။ အခုတော့ အဲဒီမှာရှိတဲ့ အဆင့်တစ်ခု ပြုတ် သွားပါပြီ။ address bar မှာကို တန်းပြီး ကိုယ်ရှာဖွေချင်တဲ့ text ကို ရိုက်ပြီး Enter ခေါက်လိုက် တာနဲ့ google ရဲ့ search engine ကို ချိတ်ဆက်မိသွားပြီး အဖြေကို တန်းပြီး ဖော်ပြပေးမှာ ဖြစ် ပါတယ်။ ဒီ command နှိပ်လိုက်စဉ်မှာ address bar မှာ “?” ပုံစံလေး ပေါ်လာပါလိမ့်မယ်။

၁၉။🌷 Window ရဲ့ ထိပ်နားမှာ Right Click နှိပ်လိုက်ပြီး Task manager’ ကို ရွှေးချယ်လိုက်တဲ့ အခါမှာတော့ ဖွင့်ထားတဲ့ tab (စာမျက်နှာတစ်ခုချင်းအလိုက်) တွေရဲ့ memory သုံးစွဲနေပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့် PC အတွက် ဘယ်စာမျက်နှာဟာ memory ကို သိသိသာသာ သုံးစွဲနေသလဲ ဆိုတာကို သိနိုင်ပြီး ပယ်ဖျက်နိုင်တဲ့အတွက် surfing လုပ်တဲ့ အခါမှာ မြန်ဆန်လာတာကို ရရှိနိုင်ပါလိမ့်မယ်။

၂၀။🌷 ‘Shift နဲ့ Escape’ ခလုတ်တွေကို တွဲဖက်နှိပ်တဲ့အခါတော့ chrome browser ရဲ့ Task manager ထဲကို ဆိုက်ရောက်ပါလိမ့်မယ်။

၂၁။🌷 add-ons ကိုတော့ chrome မှာ plug-ins လို့ပဲ လတ်တလော မှာ ခေါ်ဆိုပါသေးတယ်။ address bar မှာ ‘about: plugins’ ဆိုပြီး ရိုက်လိုက်တဲ့အခါမှာ ဘယ်လိုအမျိုးအစား plugins တွေကို install လုပ်ထားသလဲဆိုတာကို သိရှိနိုင်ပါတယ်။

၂၂။🌷 Address bar မှာ ရိုက်နိုင်တဲ့ တခြား command တွေ ရှိပါသေးတယ်။
about: stats
about: network
about: histograms
about: memory
about: cache
about: dms

၂၃။🌷 ‘about: crash’ ကို address bar ကို ရိုက်လိုက်တဲ့အခါမှာ တော့ crash ဖြစ်တဲ့ tab တွေကို တွေ့ရှိရပါလိမ့်မယ်။

၂၄။🌷 Windows XP တစ်ခုတည်းမှာသာ အလုပ်အလုပ်တဲ့ easter egg လို့ခေါ်တဲ့ ပျော်စရာကလေး တစ်ခုကတော့ “about: internets” ဖြစ်ပါတယ်။ address bar မှာ အဲဒီလိုရိုက်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ screen saver လေးတွေကို ဖော်ပြပေးပါလိမ့်မယ်။

၂၅။🌷 crome ကနေ web page တစ်ခုရဲ့ source code တွေကို လွယ်လင့်တကူ ကူးယူဖို့အတွက် webpage မှာright click နှိပ်ပြီး view source code ကနေ တစ်ဆင့် ကူးယူလို့ရပါတယ်။ အဲဒီနောက် “inspect element” ဆိုတာကတော့ အဲဒီ webpsge ကို ပြင်ဆင်ရေးသားဖို့ပါ။ Developer တွေ အတွက် အလွန်အသုံးဝင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။

၂၆။🌷 Google chrome ကို ကိုယ့် PC အတွက် default browser အနေနဲ့ ထားချင်တယ်ဆိုရင်တော့ ‘tools’ button ကနေ options ကို ရွေး လိုက်ပါ။ အဲဒီ box ထဲမှာရှိတဲ့ ‘Basics’ tab ကို click နှိပ်ပြီး ‘Make Google chrome my default botton’ ကို click နှိပ်လိုက်ရုံပါပဲ။

၂၇။🌷 အန္တရာယ်ရှိတဲ့ cookies တွေကို ဖျက်ချင်တယ် ဆိုရင်တော့ ညာဘက်မှာ ရှိတဲ့ Tools> options> under the hood ကိုရွေးချယ်ပါ။ အောက်ကို ဆင်းလိုက်ပြီး’security section’ ကိုရွေးပါ။ အဲဒီမှာ ’show cookies’ ကို click နှိပ်ပါ။ ဒီထဲမှာက individual cookies ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။

၂၈။🌷 History, cache နဲ့ browse လုပ်ထားခဲ့တဲ့ တခြား အချက်အလက်တွေကို ဖျက်ပစ် ချင်တယ် ဆိုရင် tools icon အောက်မှာရှိတဲ့ ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။

၂၉။💚 တခြားသော ရောက်ရှိသွားလာခဲ့တဲ့ webpage တွေနဲ့ မှတ်တမ်းတွေကို ဖျက်ချင်တယ် ဆိုရင် လည်း ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။

၃၀။❤ Browser history တွေကို clear လုပ်ပြီး ဖျက်ပစ်ခဲ့ပေမယ့် အသုံးများတဲ့၊ အဖိုးတန်တဲ့ google က ယုံကြည်တဲ့ page တွေကိုတော့ ပြန်လည် ခေါ်ယူလို့ ရပါတယ်။

အားလုံးအသိပညာဗဟုသုတများ တိုးပွားကြပါစေခင်ဗျာ။

Credit ➡Hnnine Htet Wint Kyaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html