ဆီးကျောက်တည်သူများကြောက်စရာမလိုတော့ပါ
ကိုယ်ချင်းစာပါတယ်ကျနော်လဲတချိန်ကဆီးကျောက်တည်သူပါအခုထက်ထိဒီဆီးဆေးကိုသောက်နေပါတယ်လက်တွေ့လဲပြောက်ပါတယ်မိတ်ဆွေနှစ်ယောက်သုံးယောက်ကိုလဲဒီဆေးနည်းလေးနဲ့ပဲပြောဖူးပါတယ်လမ်းညွန်ပြခဲ့တယ်တကယ်လဲပြောက်လို့ကျေးဇူးတင်နေကြတယ်လေကျနော်လဲကိုယ်ချင်စာမိတဟ်လေ
ဆီးကျောက်တည်ရောဂါ ကအတော်ဆိုးတယ်ဗျ ဆီးသွားချင်လိုရေသောက်ဗိုက်တင်းဆီးစပ်တင်း ဆီးသွားတောတစက်နှစ်စက်နဲ့ ဆေးနည်းကလွယ်ပါတယ် ဆေးနည်းလေးမပြောခင်ကျနော့အဖြစ်ကလေးနည်းနည်းပြောပြပါ့မယ် ကျနော့မိတ်ဆွေတစ်ယောက်ဆီးကျောက်တည်လို့မန္တလေးကိုကျောက်ချေခနခနသွားရတယ်ဗျ သူကငွေအတော်သင့်ရှိတော့တော်သေးတာပေါ့ သူလဲအကင်းမပြောက်ပါဘူးဗျာ သူစားတဲ့ဆေးနည်းတွေအခုထိကျနော်မှတ်မိနေတုန်းပဲဗျ ဘာတဲ့
#ဗေဒါနဲ့ ဝက်သား
#ကျောက်ဖရုံသီးနဲ့ ခို
#ကျောက်ဖရုံသီးနဲ့ ခါ
#ကျောက်ဖရုံသီးကိုထိပ်ကဖြတ်အတွင်းမှအူတို့အစေ့တို့ထုတ် ဖင်မှာအပေါက်သေးလေးတစ်ပေါက်ဖေါက် သကြားထည့် အိုးအသစ်ခပ်သေးသေး(ထန်းရည်အိုး)လေါက်ပေါ့ဗျာ အောက်ကခံကျလါတဲ့အရည်ကိုသောက်
#ရှားဇောင် ရဲ့အတွင်းကအနစ်ကိုမြို
တော်တော်များတယ်ကျနော်မမှတ်မိတာတွေလဲရှိသေးတယ် ဆေးကိုတော်တော်စုံနေတာပဲဒါတောင်သူသိပ်မသက်သာဘူးလေ မကြာပါဘူး အဲ့အချိန်မှာကျနော်ကိုယ်ကျနော်ဆီးကျောက်တည်တာလဲသိရောတော်တော်လန့်သွားတယ်ကိုအသိဖြစ်တာကိုကြည့်ပြီး
ငါကတော့ဆင်းရဲတော့သေမှာပဲလို့တွေးမိတယ်ဒါနဲ့ ကျနော်ခေါင်းထဲအတွေးတခုရောက်လါတယ်သူစားနေတဲ့ဆေးတော့စားလို့မဖြစ်ဘူးပေါ့တခြားဆေးငါရှာရမယ်ပေါ့ ဒါနဲ့စာအုပ်တော်တော်များများမဖတ်လိုက်ရဘူး ဘာလို့လဲဆိုတော့တချိန်ကကျနော်ဖတ်ဖူးတဲ့စာအုပ်မှာဆေးနည်းတွေပါတာကိုသတိရလိုက်တယ် အဲ့စာအုပ်ကိုကျနော်ရှာလိုက်တယ်ဆေးနည်းကကျနော့အကြိုက်ဖြစ်နေတယ်လေဘာလို့လဲဆိုတောငွေကုန်ကြေးကျနည်းနေတာကို ဆေးနည်း ၂ မျိုးတွေ့တယ်တမျိုးကိုအရင်လက်တွေ့စမ်းမယ်ဆိုပြီး လက်တွေ့စမ်းတယ်ကျောက်ကိုခွက်ထဲထည့်ဆေးကိုထည့် ထါးလိုက်တယ် သူလဲစွမ်းတယ်နော် ၇ ရက်လေါက်နေတော့ကျောက်အစတောင်ရှာမတွေ့ဘူးအရေပျော်သွားတယ် ကျနော်ပျော်တာပေါ့ နောက်တနည်းဒါကတော့အခုကျနော်သောက်နေတဲ့နည်ပဲ ဆီးသွားနေတာတစက်နှစ်စက်ကြနေတဲ့အချိန်ကျနော်သောက်လိုက်တယ်ဆေးတအိုးမဆိုထါးနဲ့ ဂေါက်ခွက်နဲ့တခွက်အအေးခံပြီးနားနားပြီးသောက်လိုက်တယ်နာရီဝက်တနာရီလေါက်ကျတော့ဆီးကတော်တော်ကောင်းကောင်သွားပြီဗျကျနော်လဲအံ့သြမိတယ် ၂ အိုးလေါက်သောက်လိုက်တာအတော်ကောင်းသွားတယ်ကျနော်ဆေးသောက်နားလိုက်တယ် သူ့လက္ခဏာပြလါရင်ဆေးအိုးတည်ပြီးသောက်လိုတယ် ဆေးနည်း ၂ခုစလုံးပြောပြပါ့မယ်ကျနော်စမ်းသတ်တဲ့နည်းက
ထိကရုံးပါ လူသိများပါတယ်ထိကရုံးကိုရေဆေးနေလေးလှန်းပေါ့ဗျာနည်းနည်းခြောက်အောင်နောက်ပြီ် ပြာချပါမြေအိုးအသစ်ကလေးတလုံးဝယ် ထိကရုံးပြာကိုထည့်ရေထည့်ဒါဆိုရပြီ သူရဲ့ရေကြည်ကိုသောက်ရုံပဲရေအစားသူ့ကိုသောက်ပေါ့ဗျာအန္တရယ်မရှိပါဘူးဒါမှမဟုတ်လဲတရက်သုံးချိန်လေါက်သောက်လိုက်ပါသောက်ပြီမွှေထါးခဲ့ပေါ့ဗျာ နောက်အနယ်ထိုင်ပြီးရေကြည်လါမယ် ဒါဆိုအဆင်ပြေပါပြီ
ဒီနည်းကကျနော်လက်တွေ့သောက်နေတဲ့နည်းပါအခုထိလဲသောက်နေတုန်းပါပဲဒီဆေးနည်းကဆီးကျင် ဆီးအောင့် ဆီးဝါ တာတို့လဲရပါတယ်
၁/နာနတ်ရွက် တစ်တောင်လေါက်ဆိုး ၂ ရွက် သူ့ကိုရေဆေးလက်လေးလုံးလေါက်ကလေးတွေဖြတ်ထါး
၂/ စပါးလင် (ဟင်းမွေး ထမင်းမွေးပင်လဲခေါ်တယ်)
အရွက်ကသက်ကယ်အရွက်လိုလေးပါ ခပ်ရှည်ရှည်လေး ၅ ရွက်လေါက်
၃/ ထန်းလျှက်(ဝ တောမထန်းလျှက်) ၅ ကျပ်သား
ဒီင်္ ၃ မျိုးရောပြီးကြိုတဝက်နုံးလေါက်ကျအောင်ကြို ရရင်ရေမသောက်နဲ့သူ့ကိုသောက် သောက်ခါနီးဆားလေးနည်းနည်းထည့်သောက်ပါ ကဲဆေးကတော့ဒါပါပဲ
သူငယ်ချင်း မိတ်ဆွေအားလုံးကြမ္မာကြပါစေ ###
SHARE ခြင်းဖြင့်ကုသိုလ်ယူကြပါ#####
ဒီဆေးနည်လေးက ဆီးအောင့် ဆီးကျင် ဆီဝါဒါတွေလဲပျောက်ပါတယ် ခဗျာ ယုံကြည်စွာသောက်သုံးပါဘေး ဥပါဒ် မရှိပါဘူးခဗျာ ##########
#အထွေထွေဗဟုသုတ Cred
No comments:
Post a Comment