ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကအ်ဘာကျောင်းတော်မှ သမိုင်းဝင်နေရာများ

ကအ်ဘာကျောင်းတော်မှ
သမိုင်းဝင်နေရာများ
<><><><><><><><>
မိတ်ဆွေများ ခင်ဗျား-
ဟသွင်မ် အကြောင်း၊
မကာမေ့ အိဗ္ဗရာဟင်မ်အကြောင်း
စသဖြင့် အထင်ကရ နေရာကြီးများအကြောင်းတွေက စာအုပ်ပေါင်းများစွာမှာ  ရေးသားဖော်ပြထားကြတာမို့
ရှာဖွေ ဖတ်ရှုဖို့ မခက်ခဲလှပါ။ "ကအ်ဘာကျောင်းတော်မှ
သမိုင်းဝင်နေရာများ" ဆိုတဲ့
စာစုများဟာ လူအများ အလွယ်တကူ
လက်လှမ်းမှီနိုင်မဲ့ အကြောင်းအရာတွေကို ချန်လှပ်ပြီး သိခဲလှသော သမိုင်းဝင်နေရာများကိုသာ ရှာဖွေစုစည်း တင်ပြနေခြင်း ဖြစ်ပါတယ်။
ဟဂ်ျ ဆယ်ကြိမ် ရောက်ခဲ့ဖူးပါတယ် ဆိုတဲ့ ဟာဂျီကို ဟာဂျီဆပ်၊ ဘုရားက် ချ ည်တိုင်ကို သိသလား၊ ကိုယ်တော် ဟစ်ဂ်ျရတ် စတင်ခဲ့ရာ အဘူဘကရ် အိမ်တော်နေရာကို သိသလား၊ ဒါရုလ် အရ်ကမ်ဆိုတာ သိသလားမေးရင် အများစုက မသိကြတာ အသင် လက်တွေ့မြင်တွေ့  တွေ့ရပါလိမ့်မယ်။
ဘာ့ကြောင့်ပါလဲ? သမိုင်းကို မရမက ဖျောက်ဖျက်နေကြသူတို့ကြောင့်
လူအများရဲ့ အမြင်မှာ သမိုင်းဆိုတာ အရေးမပါသယောင် ခံစားသိမြင်သွားကြလို့ပါ။
ဖေ့စ်ဘွတ်ပေါ်ရေးသားချက်များဆိုတာက ရေရှည် တည်တံ့နေဖို့ စိတ်မချရပါ။
ဒါကြောင့် ကူးယူသိမ်းဆည်းထားမည်ဆိုရင် နောင်သွားမည့်ဟာဂျီတို့ကို
အသင်ကိုယ်တိုင် သတင်းစကာပေးနိုင်မည် ဖြစ်ပါကြောင်း အကြံပြုချင်ပါတယ်။
မုဆွက်လာ ဂျီဗရီလ်
~~~~~~~~~~~
ကအ်ဘာကျောင်းတော်
ရွှေတံခါး အောက်ဘက် ကြမ်းခင်းနားမှာ အခြားနေရာနဲ့မတူ အုတ်ကွက်ဖော်ထားတဲ့ အကွက်ကလေး တစ်နေရာ ရှိပါတယ်။ အဲဒီနေရာဟာ ဂျီဘရာအီလ် ကောင်းကင်တမန်တော်က မဟာတမန်တော်မြတ်ကြီးကို
ဝုဒွူ ပြုလုပ်နည်း၊ ဆွလာတ်ဝတ်ပြုနည်းတွေ သင်ကြားပေးခဲ့ရာ နေရာဖြစ်ပါတယ်။ ကအ်ဘာရဲ့ အပြင်ဘက်မှာ ကိုယ်တော် အများအားဖြင့် ဆွလာတ်
ဝတ်ပြုခဲ့ရာ နေရာပါ။
ဒီနေရာကို မုဆွက်လာ ဂျီဘရီလ် လို့ ခေါ်ဆိုကြပါတယ်။
ကအ်ဘာရဲ့ အိမာမ်များလည်း ထိုနေရာမှာ ရပ်ပြီး ဦးဆောင် ဝတ်ပြု ကြပါတယ်။
ဘားဘို့ ဖသဟ်
~~~~~~~~~
ဟစ်ဂ်ျရီ ရှစ်ခုနှစ် ရမ်ဒွါန်လ 20ရက် သောကြာနေ့မှာ
ကိုယ်တော်ဟာ မက္ကာဟ်မြို့ကို သိမ်းပိုက်တော်မူခဲ့ပါတယ်။ ကိုယ်တော်မြတ်ကြီးရဲ့ တပ်များဟာ
တပ်ဖွဲ့ သုံးဖွဲ့ ခွဲပြီး မက္ကာဟ်မြို့ ဆီ ချီတက်လာခဲ့တယ်။
လက်ျာဘက်တောင်ပံမှ
ဆွဟာဘာကြီး ခါလစ်ဒ်ဘင် ဝလီးဒ်က ဦးဆောင်ပြီး မက္ကာဟ်မြို့ အနိမ့်ပိုင်းမှ ၄င်း၊
ဆွဟာဘာကြီး ဇိုဘိုင်းရ် ဦးဆောင်ပြီး လက်ဝဲဘက်တောင်ပံတပ်များက
မက္ကာမြို့ အထက်ပိုင်းမှ ၄င်း၊
အလယ်တန်း ထိုးစစ်စင် တပ်ဖွဲ့
ကိုတော့ စအဒ်ဘင် အိုဘာဒါသခင် နဲ့ သခင့်သားက ဦးဆောင်ပြီး ၄င်း၊
ဆွဟာဘာကြီး အဘူအိုဘိုင်ဒါဘင် ဂျရ်ရာဦးဆောင်တဲ့ အဖွဲ့ကတော့ ကိုယ်တော်မြတ်ကို ဝန်းရံလျှက် ချီတက်လာတယ်။
မက္ကာဟ်မြို့သားများဟာ
အနည်းငယ်သာ ခုခံနိုင်ပြီး အညံ့ခံလိုက်ကြရတယ်။
မက္ကာဟ်မြို့တော်ကို ဝင်ရောက်တော့  သမီးတော် ဇိုင်နဘ်ရဲ့သား
ကိုယ်တော်ရဲ့ မြေးတော် အလီသခင်ဟာ ကိုယ်တော်ရဲ့ ကုလားအုတ်ပေါ်မှာ ကိုယ်တော့်နောက်ကြောက စီးနင်းလိုက်ပါလာခဲ့တယ်။
ကအ်ဘာကို မဝင်ရောက်မီ
ကိုယ်တော်ဟာ တခဏစခန်းချ
နားတော်မူပြီး ဝုဒွူ ပြုလုပ်တယ်။
မိမိရဲ့ ကတ်စ်ဝါ ကုလားအုတ်ကို
တောင်းယူ စီးနင်းပြီးမှ
ကအ်ဘာ ပရဝုဏ်သို့ ဝင်ရောက်ပါတယ်။
ကိုယ်တော်ဟာ ဓားကို နောက်ကြော၌ လွယ်ထားပြီး လက်မှာ အဆွရ်တောက်ဝှေးတော်ကို
ကိုင်ဆောင်ကာ ကတ်စ်ဝါ ကုလားအုတ်ကို စီးနင်းလျှက် ကအ်ဘာပရဝုဏ်အတွင်း ဝင်ရောက်လာခဲ့တာပါ။ 
အဘူဘကရ်သခင်ဟာ ကိုယ်တော်မြတ် နံဘေးမှာ ခြံရံလျှက်ပါ။ 
ကိုယ်တော်မြတ်ကြီးရဲ့ လုံခြုံရေးတပ်ဖွဲ့များက
ကအ်ဘာပရဝုဏ်မှာ ဖြန့်ကျက်ပြီး
လုံခြုံရေး ရယူထားခဲ့ပါတယ်။
အခြား တပ်များကတော့
မက္ကာဟ်တမြို့လုံး ဖြန့်ချထားခဲ့ပါတယ်။
ကိုယ်တော်ဟာ ကတ်စ်ဝါ ကုလားအုတ်စီးနင်းလျှက် ကအ်ဘာကျောင်းတော်ကို
တွဝါးဖ် ပတ်တော်မူတယ်။ ပြီးနောက် ကုလားအုတ်ပေါ်က ဆင်းသက်ပြီး
မကာမေ့ အိဗ္ဗရာဟီမ် အနီးမှာ
ဆွလာတ် နှစ်ရကအတ် ဖတ်တယ်။ ဇမ်ဇမ်ရေတွင်းသို့ သွားကာ
ဇမ်ဇမ်ရေကို အဝသောက်ပါတယ်။
ပြီးနောက် ကအ်ဘာရဲ့
သော့ကို တောင်းကာ ကအ်ဘာအတွင်း ဝင်ရောက်တယ်။
ကုရ်အာန် 17:81 နဲ့ 34:49 ဖတ်ပြီးနောက် ကအ်ဘာအတွင်းက နတ်ရုပ်တွေကို ဖယ်ရှား ရှင်းလင်းတယ်။
وَقُلْ جَاءَ الحَقُّ وَزَهَقَ البَاطِلُ إِنَّ البَاطِلَ كَانَ زَهُوقاً
(الإسراء:81)
قُلْ جَاءَ الْحَقُّ وَمَا يُبْدِئُ الْبَاطِلُ وَمَا يُعِيدُ
سورة سبإ - الآية 49
ပြီးနောက် ကအ်ဘာရဲ့
တံခါးဝမှာရပ်ပြီး လူအများကို မိန့်ခွန်းဟောကြားတော်မူတယ်။
တချိန်က မိမိတို့အား
မတရားပြုလုပ်ခဲ့သူများကို
ရှေ့တော်မှောက် ခစားစေပြီး
အသင်တို့အား ယနေ့ ငါဘယ်လို ဆက်ဆံမယ်လို့ အသင်တို့
ထင်မြင်ကြသလဲ လို့ မေးမြန်းတော်မူပါတယ်။
(အတိတ်ခေတ် အခါတုန်းကတော့ စစ်ရှုံးသူတို့ကို ကျွန်ပြု ကြစမြဲပဲ)
မွတ်ရှ်ရစ်က် သုံ့ပမ်းများက အသင်ဟာ အလွန်မွန်မြတ်လှတဲ့ ကျွနုပ်တို့ရဲ့ ညီအကိုရဲ့သားပါ။
စိတ်သဘောထား အလွန်မြင့်မြတ်သူပါလို့ ဖြေဆိုကြတယ်။
ရဟ်မသွန် လစ်လ်အားလမီန်
မေတ္တာတော်ရှင် ကိုယ်တော်မြတ်ကြီးက
"ငါ၏ နောင်တော် ယူစွဖ်နဗီက သူ၏ ညီအကိုတွေကို ပြောတဲ့ စကားအတိုင်း အသင်တို့အားလည်း ငါပြောမည်။
لا تَثْرِيبَ عَلَيْكُمُ الْيَوْمَ يَغْفِرُ اللَّهُ لَكُمْ وَهُوَ أَرْحَمُ الرَّاحِمِينَ
يوسف - الآية 92
ဆိုတဲ့ ကုရ်အာန် 12: 92 အာယတ်ကို ဖတ်ကာ"သွားကြတော့။
အသင်တို့အား ငါ အရေးမယူပါ" လို့ မိန့်လိုက်ပါတယ်။
ဘေလာလ်သခင်ကို ကအ်ဘာခေါင်မိုးပေါ်တက်ပြီး အာဇန်ပေးခိုင်းပါတယ်။
အချို့ ရေဝါယတ်မှာ ဘေလာလ်သခင်အား ကိုယ်တော်မြတ်ကြီးဟာ မိမိပုခုံးပေါ်
တက်စေပြီး ကအ်ဘာခေါ်မိုးပေါ် ပင့်တင်ပေးတော်မူခဲ့တယ်လို့လည်း ဖော်ပြထားပါသေးတယ်။
●ဘေလာလ်သခင်ရဲ့ အာဇန်သံဟာ မက္ကာဟ်တမြို့လုံး ဟိန်းသွားခဲ့တယ်။ တောင်များက ပဲ့တင်သံများ ထွက်ပေါ်လာတယ်။
မက္ကာဟ်တမြို့လုံး ငြိမ်သက်သွားခဲ့တယ်။
ဒီအာဇန်ဟာ မက္ကာဟ်မြို့သမိုင်းမှာ
ပထမဆုံး အာဇန်သံပါ။
မုရှ်ရစ်က်တို့ ပထမဆုံးကြားခဲ့ရတဲ့
အာဇန်သံပါ။
တချိန်က ဒီမြေမှာ
သူဒုက္ခအပေးခံခဲ့ရတယ်။
အလ္လာဟ်ကို ယုံကြည်လို့
မြတ်တမန်ကို ယုံကြည်ထောက်ခံလို့
သဲပူပူမှာ ကျောက်ခဲနဲ့ဖိပြီး ပက်လက်ထား၊ ကြာပုတ်နဲ့ လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခံရစဉ် အဟဒ်×××အဟဒ် လို့ နိစ္စထာဝရ တစ်ဆူတည်း၊ တစ်ပါးတည်း ဖြစ်တော်မူတဲ့ မြတ်ရှင် အလ္လာဟ် ကိုတမ်းတရင်း
ကြုံရသမျှ ဒုက္ခဒါဏ်တွေကို ခါးစီးခံခဲ့တဲ့ ဘေလာလ်သခင်။
အဘူဘကရ်သခင်က
ဝယ်ယူပြီး ကိုယ်တော့် ရှေ့မှောက် ခေါ်ယူလာတော့ ကိုယ်တော် ရွှေမျက်နှာတော်ကို မော်ဖူးရင်း
ကိုယ်တော့်ကို ဖက်ကာ ကိုယ်တော် ရင်အစုံကြား သတိလစ်သွားခဲ့
အာရှေကေ့ ရစူလ် ဘေ့လာလ်
ဟဗ်ရှီ သခင်။
အခုတော့ ကအ်ဘာရဲ့ ခေါင်မိုးထက်မှာ အလ္လာဟ်ဟို အက္ကဘရ် လေးကြိမ် အော်ခွင့်ရပြီ။
မိမိအချစ်ရဆုံး ကိုယ်တော်ရဲ့
အမည်ပါတဲ့ အာဇန်။
တချိန်က ဒီစကားကို တိတ်တဆိတ်
လျှို့ ဝှက်စွာ တီးတိုးဆိုခဲ့မိလို့
ရက်ရက်စက်စက် နှိပ်စက်
ညှင်း ပမ်းခံရတဲ့ ဘေလာလ်သခင်။
အခုတော့ အားလုံးရဲ့ ခေါင်းပေါ်မှာ၊ ကအ်ဘာရဲ့ ခေါင်မိုး ထက်မှာ
အရှ်ဟဒု အန်းန မုဟမ္မဒ်ဒန် ရစူလွလ္လာဟ် ဆိုတဲ့
ကလေမာတော်တို့ တောင်တွေက ပဲ့တင်ထပ်လောက်အောင် ဟစ်အော် ကြွေးကြော်နေလေပြီ။
ချစ်လှစွာသော  မွေးရပ်မြေက
အနှိမ်ခံဘဝ၊့  အဖိနှိပ်ခံဘဝက
လွတ်မြောက်ဖို့ တရပ်တကျေးမှာ
ရှစ်နှစ်ကြာ နေထိုင်ခဲ့ကြရတယ်။
အခုတော့ အောင်ပွဲရ စစ်သူကြီးများ
အဖြစ်နဲ့ ပြန်လည်ပြီး ဝင်ရောက်ခွင့်ရလို့ အပြုံးပီတိကြားက ဆည်မနိုင် စီးကျလာတဲ့ ဆွဟာဘာကြီးတို့ရဲ့ မျက်လုံးအိမ်က မျက်ရည်တွေ××××
မင်းခ ယောကျားကြီးများ ကျတဲ့
မျက်ရည်တွေ×××
ချစ်ရသော မက္ကာဟ်မြေ ၊
ကြည်ညို ရလွန်းသော ကအ်ဘာရေ --- အသင့်ကို ထာဝရအတွက် ထွေးပိုက်ခွင့် ရပြီလေ××× လို့
တွေးဆနေကြမဲ့ သူတို့ရဲ့
အပြုံးရိပ်ကြားက အတွေးပုံရိပ်တွေကို မြင်ယောင်ကြည့်မိပါတယ်။
●ကအ်ဘာကျောင်း ပရဝုဏ်ကို ကိုယ်တော်မြတ်ကြီး ဝင်ရောက်လာတဲ့ လမ်းကြောင်းကို ကအ်ဘာတိုးချဲ့ဆောက်လုပ်ကြသူများက တံခါးပေါက် တစ်ပေါက်ပြုလုပ်ထားခဲ့ပါတယ်။ ယနေ့ဆော်ဒီအစိုးရက ထိုတံခါးပေါက်ကို "ဘားဘို့ ဖသဟ်" (မက္ကာဟ်ကို)
အောင်နိုင်မှု တံခါးပေါက် လို့ အမည်ပေးထားပါတယ်။
မိတ်ဆွေ ဟာဂျီ---
မိတ်ဆွေလည်း ထိုတံခါးပေါက်မှ ဝင်ပြီး ကိုယ်တော်မြတ် ပြုလုပ်သည့်အတိုင်း တွဝါးဖ်ပြုလုပ်ပါ။
ကအ်ဘာ တံခါးပေါက်မှာရပ်ပြီး ခွင့်လွှတ်သီးခံခြင်း တရားကို လက်တွေ့ သရုပ်ဖော်ခဲ့တဲ့ ကရုဏာတော်ရှင် မေတ္တာရှင်ရဲ့ ခွင့်လွှတ်ခြင်း တရားကို ကြားယောင်ရင်း မိတ်ဆွေနဲ့ ရန်ညှိုး ရန်စရှိခဲ့သူ ညီနောင် တို့ကို
မြင်ယောင်ကာ ခွင့်လွှတ်စိတ်မွေးလိုက်ပါ။ ပြီးရင်တော့ ဘိလာလ်သခင်ရဲ့
အာဇန်သံကို စိတ်ကူးနဲ့ အားရပါးရ နားထောင်ကြည့်လိုက်ပါ။
ဆွဟာဘာတို့ ခံစားချက်တွေကို
ကိုယ်တွေ့ ကြုံရသလို ဝင်ရောက်
ခံစားကြည့် လိုက်ပါ။
Credit ပေးပါတယ် မူရင်းပို့စ်ပိုင်ရှင်ကို
ကိုယ်မသိသေးတာမို့ အ့တုန်းကဖတ်ပီး
Copy သိမ်းထားလိုက်တာပါ ။
ကိုယ်လို မသိသေးတဲ့သူတွေကို
ပြန်လည်မျှဝေပေးတာပါ ။
ပို့စ်ပိုင်ရှင်အား အလ္လာဟ်အသျှင်
အစားပေးတော်မူပါစေ။
Aalia Gulam @ #Hashmah

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html