ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

"MAB VISA Prepaid Card"Visa Cardမြန်မာ့ရှေ့ဆောင်ဘဏ်၏

"MAB VISA Prepaid Card Vs MPU Card"
"MAB VISA Prepaid Card"


Visa Cardမြန်မာ့ရှေ့ဆောင်ဘဏ်၏ နိုင်ငံတကာခရီးသွားကတ်သည် MAB တံဆိပ်ပါသော VISA Prepaid Card ဖြစ်ပါသည်။ VISA Prepaid Card ကိုသုံးစွဲခြင်းဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်ပါသည်။ ၎င်းတွင် နိုင်ငံခြားငွေသုံးမျိုး (SGD, USD, EURO) ထည့်သွင်းအသုံးပြုနိုင်ပါသည်။ အများဆုံး USD 5,000 သို့မဟုတ် USD 5,000 နှင့်ညီမျှသောငွေကြေးပမာဏကိုထည့်သွင်းအသုံးပြုနိုင်ပါသည်။
မိမိထည့်သွင်းထားသောငွေပမာဏအတိုင်းလက်ကျန်ငွေချန်ထားရန် မလိုအပ်ပဲ ဝယ်ယူပေးချေနိုင်ပါသည်။ MAB VISA Prepaid Card ကိုသုံးစွဲခြင်းဖြင့် နိုင်ငံတကာတွင် ဈေးဝယ်ယူနိုင်ခြင်း၊ Online Shopping အတွေ့အကြုံသစ်များ နှင့် VISA မှ ပေးသောအထူးအခွင့်အရေးများကိုလည်းခံစားရရှိနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့ရှေ့ဆောင်ဘဏ်ဧ။် နိုင်ငံတကာခရီးသွားကတ်သည် ခရီးရှည်အတွက် သာမကခရီးတိုသွားလိုသောအခါတွင်လည်းသင့်အတွက် အကောင်းဆုံးအဖော်ပင်ဖြစ်သည်။
မြန်မာ့ရှေ့ဆောင်ဘဏ်၏ နိုင်ငံတကာခရီးသွားကတ်ကိုလျှောက်ထားရန်
(နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ် မည်သည့်ဘဏ်ခွဲမဆိုလျှောက်ထားနိုင်ပါသည်။) နိုင်ငံတကာခရီးသွားကတ် (Visa Prepaid Card) ကိုလက်ဝယ်ရရှိချိန်မှ စ၍ စတင်သုံးစွဲ နိုင်ပါသည်။
BALANCE ENQUIRY
မြန်မာ့ရှေ့ဆောင်ဘဏ်မှ လူကြီးမင်းတို့မြန်ဆန်လွယ်ကူစွာကတ်ဧ။်သတင်းအချက်အလက်များကို ကြည့်ရှုနိုင်ရန် Customer Portal အား ၂၄နာရီရရှိ အသုံးပြုနိုင်ပါသည်။  log on  သို့ဝင်ရောက်ခြင်းဖြင့် ကတ် Transaction များ၊ PIN နံပါတ်ပြောင်းခြင်းများ နှင့် ကတ် Statement များကိုအချိန်မရွေးနေရာမရွေးလွယ်ကူချောမွေ့စွာ ကြည့်ရှုနိုင်ပါသည်။ (အသုံးပြုရန် သင့်လျှော်သော browser: Internet Explore)
WAY TO TOP UP YOUR MAB VISA PREPAID CARD
နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ် မည်သည့်ဘဏ်ခွဲတွင်မဆိုငွေဖြည့်သွင်းနိုင်ခြင်း။
မြန်မာ့ရှေ့ဆောင်ဘဏ်၏ Mobile Banking ဖြင့်ငွေဖြည့်သွင်းနိုင်ခြင်း
မြန်မာ့ရှေ့ဆောင်ဘဏ်၏ ATM များတွင် ငွေဖြည့်သွင်းနိုင်ခြင်း
မြန်မာ့ရှေ့ဆောင်ဘဏ်တွင် Standing instruction form ဖြည့်၍
Saving/Current Account (သို့) Foreign Account များဖြင့်ချိတ်ဆက်ငွေဖြည့်ပေးနိုင်ခြင်း
_ မကြာမှီ မြန်မာ့ရှေ့ဆောင်ဘဏ်၏ Inernert Banking ကိုအသုံးပြု၍ ငွေဖြည့်သွင်း
နိုင်မည်ဖြစ်ပါသည်။
Card သုံးစွဲသူများရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ
Customer Portal
မြန်မာ့ရှေဆောင်ဘဏ်မှ Visa Prepaid Card Customer များအတွက် 24 နာရီဝန်ဆောင်မှုပေးနိုင်ရန်နှင့် လွယ်ကူမြန်ဆန်စွာဖြင့်ဝင်ရောက် ကြည့်ရှု
နိုင်ရန်အတွက် Customer Portal ထားရှိပေးထားခြင်း၊ (လက်ကျန်ငွေစစ်ဆေးနိုင်ခြင်း၊အသုံးစရိတ်များကိုစစ်ဆေးနိုင်ခြင်း၊ ကတ်ပျောက်ပါကLockချနိုင်ခြင်း။)
လွယ်ကူစွာငွေသားထုတ်ယူနိုင်ခြင်း
ကမ္ဘာတစ်ဝှမ်းလုံးရှိ ATM ငွေထုတ်စက်တွင် လက်ငင်းငွေသားကို ပြန်လည်ထုတ်ယူနိုင်ခြင်း
ဈေးနှုန်းအားသာချက်များ
- လစဉ်ကြေးနှင့် နှစ်စဉ်ကြေးမရှိခြင်း
- တစ်မျိုးထက်ပိုသောငွေကြေးအမျိုးအစားကိုအသုံးပြုနိုင်ခြင်း
   (Euro, USD, SGD)
- ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနိုင်ခြင်း
ကမ္ဘာတစ်ဝှမ်းလုံးရှိ 30 သန်းနှင့် အထက်ဗီဇပါဝင်မှုရှိသည့် နေရာများတွင်
ငွေပေးချေမှုများလုပ်ဆောင်ခြင်း
(ဖျော်ဖြေရေးလုပ်ငန်းများ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ဆေးရုံများ၊ ကျောင်းများစသည့်ဖြင့်)
ကတ်လျှောက်ရန် လိုအပ်ချက်များ
အသက်ကန့်သတ်ချက် - ၁၈ နှင့် အထက်
နိုင်ငံသား - မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသား
စာရွက်စာတမ်း - နိုင်ငံသားစီစစ်ရေးကတ် (သို့မဟုတ်)နိုင်ငံကူးလက်မှတ်
Email Address
ဝန်ဆောင်ခများ
ကတ်ဖိုးငွေ -ကျပ် 10,000
ကတ်အသစ်လဲလှယ်လျှင်- ကျပ် 10,000
ဘဏ်ကောင်တာတွင် လက်ကျန်ငွေစာရင်းတောင်းဆိုလျှင် - ကျပ် 2000
ငွေထပ်မံဖြည့်သွင်းလျှင်- ဝန်ဆောင်ခမရှိပါ
နိုင်ငံခြားငွေ တိုက်ရိုက်ထည့်သွင်းလျှင်- 1%(min USD 10)
Mobile Banking Top Up - ကျပ် 500
Card To Card Transfer Service
USD 500 > USD 5
USD 500 < USD 10
"MAB MPU CARD"
MPU Cardမြန်မာ့ရှေ့ဆောင်ဘဏ်၏ MPU Card သည် MPU တံဆိပ်ပါသော Debit Card အမျိုးအစားတစ်ခုဖြစ်ပါသည်။ ငွေကြေးသယ်ဆောင်စရာမလိုပဲ MAB MPU Card ကိုင်ဆောင်ထားခြင်းဖြင့် လွယ်ကူချောမွေ့စွာကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို MPU Point-of-Sale စက်ဖြင့် မြန်မာနိုင်ငံတဝှမ်း ဝယ်ယူနိုင်ပါသည်။
ကတ်စာရင်းထဲသို့မိမိစိတ်တိုင်းကျ ငွေကြေးပမာဏကိုထည့်သွင်းသုံးစွဲနိုင်ပါသည်။ Point-of-Sale စက်များဖြင့် တစ်နေ့လျှင် ကျပ် ၅,၀၀၀,၀၀၀ ဝယ်ယူသုံးစွဲ နိုင်ပြီး ATM စက်များတွင် တစ်နေ့လျှင် ကျပ် ၁,၀၀၀,၀၀၀ ထုတ်ယူနိုင်ပါသည်။ ငွေသားရေတွက်မှုမှ ကင်းဝေးပြီး ပိုမိုလွယ်ကူသက်သာသော မြန်မာ့ရှေ့ဆောင်ဘဏ်ဧ။် MAB MPU Debit Card များမှာသင့်အတွက် ရရှိနေပြီ ဖြစ်သည်။
MPU CARD ၏အားသာချက်များ
MAB MPU Card ထဲသို့ ငွေဖြည့်သွင်းထားခြင်းအားဖြင့် မိမိခရီးသွားနေစဉ်တွင် ငွေကြေးသယ်ဆောင်စရာမလိုပဲမိမိရောက်ရှိရာဒေသရှိမည်သည့် ATM များတွင်မဆိုအလွယ်တကူငွေထုတ်ယူနိုင်ပါသည်။ MPU Point-of-Sale စက်များတပ်ဆင်ထားသောစားသောက်ဆိုင်များ၊ ဟိုတယ်များ၊ စူပါမားကတ်များတွင်လည်း မြန်မာ့ရှေ့ဆောင်ဘဏ်ဧ။် MPU Debit Card ဖြင့် ကုန်ပစ္စည်းများအတွက် ငွေပေးချေခြင်းကိုငွေသားသယ်ဆောင်ရန် မလိုပဲအလွယ်တကူ ဝယ်ယူနိုင်ပါသည်။ MAB MPU Card စာရင်းတစ်ခုမှ အခြား MAB MPU Card စာရင်းတစ်ခုသို့ ကတ်စာရင်းနံပါတ်သိရုံဖြင့် မည်သည့် MAB ATM တွင်မဆိုအလွယ်တကူငွေလွှဲပြောင်းနိုင်ပါသည်။ (စာရင်းပြောင်းလွှဲ ခြင်းအတွက် ဝန်ဆောင်ခ ကောက်ခံခြင်းမရှိသေးပါ)
PAYROLL SERVICE
ကုမ္ပဏီအနေဖြင့် မိမိတို့ဧ။် ဝန်ထမ်းလစာများ ပေးချေခြင်းအတွက် payroll service ကိုအသုံးပြုခြင်းဖြင့် ငွေသားရေတွက်မှုမှ ကင်းဝေးခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် ပိုမိုလွယ်ကူသော လစာပေးဝေမှုများကို ရရှိစေပါသည်။ ကုမ္ပဏီအနေဖြင့် Transaction တစ်ခုအတွက် ဝန်ဆောင်ခ ကျပ်၂၀၀ မျှသာပေးဆောင်ရန်လိုအပ်ပါသည်။ ယင်းအပြင် ကတ်ပိုင်ရှင် ဝန်ထမ်းများမှ ကိုယ်တိုင် လက်ကျန်ငွေသားစုံစမ်းမေးမြန်းခြင်း၊ ကိုယ်ပိုင် PIN နံပါတ်ပြောင်းခြင်း၊ ကတ်စာရင်းတစ်ခုမှ အခြားကတ်စာရင်းတစ်ခုသို့ စာရင်းငွေလွှဲပြောင်းခြင်း နှင့် မိမိအသုံးပြုခဲ့သည့် လုပ်ဆောင်ချက်များကိုပါ mini statement ထုတ်၍ စစ်ဆေးနိုင်ခြင်းစသည့် ဝန်ဆောင်မှုများကိုလည်း ရရှိမည်ဖြစ်ပါသည်။
Card သုံးစွဲသူများရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ
MAB MPU Debit Card ဖြင့် ဘဏ်နှင့် MPU ကွန်ရက်အတွင်းရှိအခြားဘဏ်များ၏ မည်သည့် ATM မဆို ၂၄နာရီ ငွေသားထုတ်ယူနိုင်ပါသည်။
MAB MPU Debit Card သည် ဘဏ်စာရင်းနှင့်တိုက်ရိုက်ချိတ်ဆက်ထားသည့်အတွက်ငွေလက်ကျန်ပေါ်တွင် အတိုးရရှိခံစားနိုင်ခြင်း
မိမိ၏ဘဏ်စာရင်းမှငွေထုတ်ယူလိုလျှင် ဘဏ်သို့သွားရန်မလိုဘဲနီးစပ်ရာ ATM(အခြားဘဏ်များ၏ ATM များအပါအဝင်)လွယ်ကူစွာငွေထုတ်ယူနိုင်ခြင်း
ရုံးပိတ်ရက်နှင့်ဘဏ်လုပ်ငန်းချိန် ပြင်ပတွင်ပါမိမိဘဏ်စာရင်းမှငွေကို ATM မှတစ်ဆင့်ထုတ်ယူနိုင်ခြင်း
ဘဏ်သို့သွားရောက်ရန်မလိုအပ်သဖြင့် အချိန်ကုန်သက်သာခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
MPU Point-of-Sale စက်များတပ်ဆင်ထားသောစားသောက်ဆိုင်များ၊ ဟိုတယ်များ၊ စူပါမားကတ်များ၊ ဖက်ရှင်စတိုးဆိုင်များ၊ လက်လီလက်ကားဆိုင်များတွင်လည်း MAB MPU Debit Card ဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကိုငွေသားသယ်ဆောင်ရန် မလိုဘဲအလွယ်တကူဝယ်ယူနိုင်ပါသည်။
ကုမ္ပဏီအနေဖြင့်မိမိတို့၏ဝန်ထမ်းလစာများပေးချေရာတွင် MAB MPU Debit Card နှင့် Payroll Service ကိုအသုံးပြုခြင်းအားဖြင့် ငွေသားရေတွက်မှုမှကင်းဝေးပြီးမိမိဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ကိုပိုမိုအကျိုးရှိအောင် အသုံးချနိုင်ခြင်း၊ မိမိတို့ဝန်ထမ်းများတွင် ငွေစုဆောင်းနိုင်သည့် အလေ့အကျင့်ရရှိနိုင်ခြင်းအစရှိသည့်အကျိုးကျေးဇူးများခံစားနိုင်ပါသည်။
MAB iBanking နှင့်ချိတ်ဆက်သုံးစွဲပါကသင်၏ CASA Transactions များကို 24/7 online တွင်ကြည့်ရှုနိုင်ပါသည်။
ကတ်လျှောက်ရန် လိုအပ်ချက်များ
အသက်ကန့်သတ်ချက် - ၁၈ နှင့် အထက်
နိုင်ငံသား - မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသား
စာရွက်စာတမ်း - နိုင်ငံသားစီစစ်ရေးကတ် (သို့မဟုတ်)နိုင်ငံကူးလက်မှတ်
MAB CASA Account ရှိရန်
ဝန်ဆောင်ခများ
ကတ်လျှောက်ခ-မရှိပါ။
ကတ်ပြန်လည်လျှောက်ထားပါက-ကျပ် ၅,၀၀၀
နှစ်စဉ်ကြေး-ကျပ် ၁,၀၀၀ (ပထမနှစ်တစ်နှစ်အားကင်းလွတ်ခွင့်ပြု)
အခြားဘဏ်များ၏ ATM တွင် ငွေသားထုတ်ယူခ-ထုတ်ယူသည့်ပမာဏ၏ ၀.၂%
ATM ကတ်ဖြင့် နယ်ကျော်၍ငွေထုတ်ယူပါက - ၀.၁%
PIN နံပါတ်မှားယွင်း၍ အသစ်ပြန်လည်လျှောက်ထားပါက - ကျပ် ၅၀၀
လစာပေးခြင်းဝန်ဆောင်ခ - ကျပ် ၂၀၀ (တစ်ကြောင်းလျှင်)

Cred
https://www.mabbank.com/card-lists/

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html