ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

English စာ writing skill တိုးတတ်စေဖို

English စာ writing skill တိုးတတ်စေဖို့ .........

အင်္ဂလိပ်စာ လေ့လာတဲ့အခါ စကားပြောကျွမ်းကျင်ရုံနဲ့တော့ အရေး စွမ်းရည် တိုးတက်လာတာ မဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန်စာရေးတက်ဖို့က ခက်ခဲတယ်မဟုတ်လား။

စကားပြော ကျွမ်းကျင်တာတစ်ခုထဲဆိုရင်တော့ ခရီး သွားတာမျိုးတွေ တစ်ယောက်နဲ့တစ်ယောက်ပြောဆို ဆက်ဆံတဲ့နေရာမှာ အဆင်ပြေပေမယ့် ရုံးတွင်းပိုင်း report ရေးရမယ့်အချိန် presentation လုပ်ရမယ့် အခါ ပြင်ဆင်တဲ့နေရာမှာ grammar ကျကျ စနစ်တကျရေးဖို့ လိုအပ်လာပါတယ်။ writing skill တိုးတက် လာဖို့ ပြင်ဆင်ရမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ရေးပါ။

Speaking skill တိုးတက်ချင်ရင် ပြောနေဖို့ လိုအပ်သလို writing skill တိုးတက်လာစေချင်ရင်လည်း ရေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်လိုအကြောင်းအရာလေးပဲဖြစ်ဖြစ် အင်္ဂလိပ် လို အနည်းဆုံးတစ်ကြောင်း လောက်တော့ ရေးဖြစ်အောင် ရေးသင့်ပါတယ်။ ဘာရေးရမှန်းမသိဘူးဆိုရင်တောင် ဒီနေ့အတွက် သင်ကြုံခဲ့တဲ့ အတွေ့အကြုံတွေ လုပ်ခဲ့တဲ့အကြောင်းအရာလေးတွေကို ချရေးဖြစ်အောင် ကြိုးစားပါ။ အရမ်းကြီးခက်ခဲတဲ့ grammar ပုံစံတွေကို မစဉ်းစားပဲနဲ့ simple form နဲ့ပဲရေးကြည့်ပါ။

၂. ရေးထားတဲ့ စာတွေကိုလည်း ပြန်စစ်ဖို့လိုပါတယ်။

သင်က အင်္ဂလိပ်စာ သင်တန်း ကို တက်နေတဲ့သူဆိုရင် သင်ရဲ့ဆရာ တွေကို ရေးထားတဲ့အရေးအသားတွေ မှန်ကန်မှု ရှိမရှိ အသုံးအနှုန်းလေးတွေ ဘယ်လိုသုံးတယ်ဆိုတာ ပြန်စစ်ဆေးပေးဖို့ အကူအညီတောင်း သင့်ပါတယ်။ ဒီ website လေးတွေမှာလည်း ကိုယ်ရဲ့အရေးအသားမှာ အမှားတွေရှိမရှိ စစ်ဆေးလို့ရပါတယ်။ www.italki.com နဲ့ www.lang-8.com တို့မှာ ဝင်ရောက်စစ်ဆေးလို့ရပါတယ်။

၃. အမှား ကနေ ပြန်လည်သင်ယူပါ။

READ  အင်္ဂလိပ်စာ စကားလုံး အသုံးအနှုန်း ကြွယ်ဝလာစေဖို့ နည်း ၁၂ ချက်
အမှား ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ မှားမှာကို မကြောက်ပါနဲ့။ အမှားကနေ သင်ရရှိလိုက်တဲ့အမှန်က ပိုပြီးတော့ သင့်ခေါင်းထဲမှာ စွဲနေမှာပါ။ ဒီတိုင်းလေ့ကျင့်ရမှာ ပျင်းတယ်ဆိုရင် ဂိမ်းလေးဆော့ပြီး လေ့ကျင့်တာကလည်း အထောက်အကူဖြစ်စေမှာပါ။ flashcard တွေနဲ့လေ့ကျင့်ရတာ ကြိုက်တယ်ဆိုရင် ဒီ Anki ဆိုတဲ့ application ကိုအသုံးပြုကြည့်ပါ။ grammar နဲ့ပက်သက်တဲ့အကြောင်းတွေ လေ့ကျင့်ချင်တယ်ဆိုရင် ဒီ link ထဲကို ဝင်ပြီးတော့ လေ့ကျင့်ခန်း တွေ လုပ်နိုင်ပါတယ်။

၎. ဝေါဟာရ ကြွယ်ဖို့လဲ လိုအပ်ပါတယ်။

ဝေါဟာရ ဆိုတဲ့နေရာမှာ စကားလုံး တစ်လုံးချင်းလည်း သုံးသလို အီဒီယမ်တွေလိုမျိုး အတွဲလိုက်ဆိုရင် အဓိပ္ပါယ်တစ်မျိုးဖြစ်သွားတတ်တဲ့ စကားစု တွေကိုလည်း လေ့လာထားဖို့လိုပါတယ်။ ကိုယ်က စီးပွါးရေးနယ်ပယ်ထဲမှာဆိုရင် business english အသုံးအနှုန်း တွေကိုလည်း လေ့လာထားဖို့ လိုပါတယ်။ စကားလုံး ကဒီတစ်လုံးထဲဆိုပေမယ့် အသုံးပြုတဲ့နယ်ပယ်မတူတဲ့အခါ အဓိပ္ပါယ်ပြောင်းလဲသွား တတ်ပါတယ်။ computer term, medical term, business term စသဖြင့်ပေါ့။ ဝေါဟာရ ကြွယ်မှလည်း ကိုယ်ရေးထားတဲ့စာက လှပပြီး အသက်ဝင်အောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

၅. စာများများဖတ်ပါ။

မြန်မာစာ ရေးတဲ့အခါမှာတောင် ကိုယ်ပြောချင်တာကို ဖော်ပြနိုင်ဖို့ ဖတ်လို့ကောင်းတဲ့စာဖြစ်ဖို့ ဝေါဟာရ တွေကို အများကြီးစဉ်းစားရတယ်မဟုတ်လား။ ကိုယ့် မိခင် ဘာသာစကား တောင် ဝေါဟာရကြွယ်ဝဖို့ စာဖတ်နေရတယ်ဆိုရင် ဒုတိယ ဘာသာစကား ကို ကောင်းကောင်းမွန်မွန်ရေးနိုင်ဖို့ အတွက်ဆိုရင် စာတွေ အများကြီးဖတ်ဖို့လိုအပ်ပါတယ်။ ဒါမှ တခြားသူတွေရဲ့ အရေးအသား တွေ အသုံးအနှုန်းတွေကို လေ့လာခွင့်ရပြီး ပိုပြီးကောင်းတဲ့စာတစ်ပုဒ်ကို ဖန်တီးနိုင်မှာပါ။

Credit to Sayar Page

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html