EIB (European Installation Bus)
~~~~~~~~~~~~~~~~~~~~~~
မှတ်မှတ်ရရပါပဲ အိမ်တစ်အိမ်ကို မီးရိုက်ပြီးတော့
ကျနော်ကိုယ် ကျနော်သိမ်ငယ်သွားခဲ့ရတော့တာပါ
ပဲ။ မီးကလဲအတော်အသင့် နားလည်ကျွမ်းကျင်
လာတဲ့အချိန်ဆိုတော့ ကျနော်ကိုယ်ကျနော်လည်း
ဆရာကြီးထင်နေတာပေါ့ဗျာ။ အဲဒီအိမ်မီးရိုက်ပြီးတဲ့ အချိန်မှာတော့ ကျနော်ဟာ အရင်က
ရေခွက်ထဲမှာ ပျော်ခဲ့မော်ခဲ့သမျှ ပင်လယ်ထဲပြုတ်ကျသွားခဲ့သလို အရာရာကို ခေါင်းငုံခဲ့ရပါတော့
တယ်။
မီးစရိုက်ကထဲက ကျနော်နားမလည်တဲ့ထူးဆန်းမှုတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ ပုံမှန်ဆိုရင် ခတ်ကြိုးတွေကို နီးစပ်ရာ ခုလုတ်တွေကို သွားရမှာဖြစ်ပေမယ့်။ သူကတော့ ခတ်ကြိုးမှန်သမျှ အကုန်
DB ကိုပြန်ပါတယ်။ အခန်းတွေမှာ ခလုတ်တပ်မယ့် နေရာအစားကို ဆင်ဆာလက်ခံနိုင်တဲ့ eib
switch တွေကိုတပ်ပါတယ်။ လျှောက်လမ်းတွေ
လှေကားခွင်တွေ wc တွေမှာဆိုရင် motion
ဆင်ဆာတွေတပ်ပါတယ်။
နေရာတိုင်းမှာလဲ smoke ဆင်ဆာတွေတပ်ပါတယ်။ ပြတင်းပေါက်မှန်တွေ မှာ vibration ဆင်ဆာတွေ တံခါးပေါက်တွေမှာ magnetic
ဆင်ဆာတွေတပ်ပါတယ်။
DBမှာဆိုရင်လဲ 1p mcb တွေရဲ့အောက်မှာ
12 fold 8fold dimmer အစရှိတဲ့ eib
switch တွေရှိပြီး ခတ်ကြိုးတွေက သူတို့အထဲကိုဝင်တာပါ။ fold တွေ ဆင်ဆာတွေ
အားလုးံကို ကြိုးအစိမ်းတစ်ချောင်းနဲ့ပတ်ထားပါတယ်။ eib main ထဲကို ကြိုးဖုန်း
တစ်လိုင်းလဲထည့်သွင်းနိုင်ပါသေးတယ်။
eib စနစ်ကြီးrun ဖို့အတွက်ကို eib main
ထဲကို လက်တော့နဲ့ချိတ်ပြီး memory သွင်းရတာပါ။
မီးတွေကို remote နဲ့ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။
ကမ္ဘာကြီးရဲ့ကြိုက်တဲ့နေရာကနေပြီးတော့လဲ
ဖုန်းဆက်ပြီး တော့ မီးတွေကို အဖွင့်အပိတ်လုပ်နိုင်ပါတယ်။
Master bed အခန်းထဲမှ touch screen
လက်တော့ ကနေလဲ တစ်အိမ်လုးံကို ထိန်းချုပ်နိုင်ပါတယ်။
သူခိုးတွေ ဒမြတွေက မှန်တွေခွဲ၊ တံခါးတွေ ဖျက်ဝင်လာမယ်ဆိုရင်လဲ တစ်အိမ်လုးံ alarm တွေမြည်ပြီး အိမ်ပိုင်ရှင်ကို auto ဖုန်းဆက်ခြင်း
သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားခြင်းများကိုလဲ အလိုအလျောက် လုပ်ဆောင်ပေးပါတယ်။
မီးလောင်ခဲ့မယ်ဆိုလဲ အိမ်ပိုင်ရှင်နဲ့ မီးသတ်ဌာနတွေကို auto အကြောင်းကြားပေးပါတယ်။
နောက်ထပ်လည်း မိမိအလိုရှိတဲ့ ထိန်းချုပ်မှုများစွာကို ထပ်ထည့်နိုင်ပါသေးတယ်။
တကယ့်ကိုပြည့်စုံလှတဲ့ eib system ပါပဲ။
ကျနော်ဟာ အလုပ်ဝင်ခါစကတော့ ခွက်အောက်ခြေမှာ ကူးခတ်နေတဲ့ ပိုးလောင်းလေးနဲ့တူပါတယ်။
ဒီလိုနဲ့ ပညာရည်ပြည့်ဝလာပြီး ခွက်ကလေးကလဲပြည့်လာခဲ့တယ်ဆိုပါတော့။ အရင်က
ခွက်အောက်ခြေမှာ ကူးခတ်ခဲ့သမျှ အခုက ခွက်နှုတ်ခမ်းမှာ ကူးခတ်နေရပြီဆိုတော့ ပျော်နေခဲ့တာပေါ့။
ဒီလိုနဲ့ ခွက်ပြည့်ပြီးလျှံကျသွားတဲ့ အခါမှာတော့
ပင်လယ်ထဲပြုတ်ကျသွားပါတော့တယ်။
ခွက်ရဲ့အပြင်ဘက်မှာ ပင်လယ်ရှိနေတယ်ဆိုတာ။
ခွက်ပြည့်ပြီးလျှံကျမှ သိခဲ့ရတာပါ။
အရင်က ခွက်ရဲ့အပြင်ဘက်မှာ ပင်လယ်ကြီး
စောင့်နေတယ်ဆိုတာ ကျနော်မသိခဲ့ဘူး။
MyatMin Thuya Kyaw
No comments:
Post a Comment