ဘောဂျွိုင်း(Ball Joint) နှင့် ယာဉ်အန္တရာယ်
🚎🚌🚙🚍🚒🚒💜💔🚒🚘🚍🚔🚨🚎
ခရီးထွက်ဖို့ပြင်ဆင်နေတဲ့လူတော်တော်များဟာ မိမိယာဉ်ရဲ့ ကြံ့ခိုင်မှုကို အလေးထားလာကြတာတွေ့ရပါတယ်။ တကယ်ကိုကောင်းတဲ့ အလေ့အကျင့်လေးပါ။👍
ယာဉ်တစ်စီးရဲ့ကြံ့ခိုင်မှုလို့ ဆိုလိုက်တာနဲ့ ယာဉ်အောက်ပိုင်းကို အဓိကထား စစ်ဆေးရမှာပါ။ အဲဒီအောက်ပိုင်းတွေထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကတော့ ဘောဂျွိုင်းဖြစ်ပါတယ်။
👉ဘောဂျွိုင်း ဆိုတာဘာလဲ? ဘာလုပ်ပေးတာလဲ?👈
ဘောဂျွိုင်းဆိုတာ ဘောကို အသုံးပြုထားပြီး လည်လို့ရတဲ့ ဆုံချက်၊ အဆက်(Joint)လေးဖြစ်ပါတယ်။ လက်ဝါးကိုင်း(Control Arm)နဲ့ ဟက်အုံနောက်ထိုင်(wheel knuckle)ကို ဆက်ထားပေးပါတယ်။ ကားတိုင်းမှာဘောဂျွိုင်းပါပါတယ်။ Suspension အမျိုးအစားကို လိုက်ပြီး အနဲဆုံး (၂)လုံးကနေ (၄)လုံး (၆) လုံး စသည်ဖြင့်ပါပါတယ်။ ကားရဲ့ ဘီးကိုလမ်းပေါ်မှာ ဒေါင်လိုက်ရှိနေစေဖို့က ဘောဂျွိုင်းရဲ့ အလုပ်ပါ (သတ်မှတ်ထားတဲ့ အတိုင်းအတာအတွင်း)။ စီယာရင်တည့်နေရင်ဖြစ်ဖြစ် ကွေ့နေရင်ဖြစ်ဖြစ် ဘီးဟာ လမ်းနဲ့ ဒေါင်လိုက်ဖြစ်နေရပါမယ်။ ဘီးဘယ်ညာကွေ့ခဲ့ရင် ဘောဂျွိုင်းဟာ ဘီးချောမောပြေပြစ်စွာကွေ့ဖို့ ဆုံချက်အနေနဲ့ လုပ်ဆောင်ပေးပါတယ်။
😱ဘောဂျွိုင်းမကောင်းရင် ဘယ်လိုခံစားရမလဲ....?😱
ဘောဂျွိုင်းမကောင်းရင်.....
👉ကားမောင်းလိုက်တိုင်း စီယာရင်မှာ ဘယ်ညာလာတိုးနေမယ်(ဘီးက ကားမောင်းလိုက်တိုင်း ရမ်းနေလို့ပါ)
👉အောက်ပိုင်းမှာ အသံထွက်နေပါမယ်
👉စီယာရင်လှည့်လိုက်ရင် ကြိတ်သံလို အသံပေးနေပါမယ်(တစ်ခါတစ်လေ ကြိတ်သံမထွတ်ပါ)
👉အခြေအနေဆိုးရင် ကားက ခါရမ်းနေပါမယ်
😱ဘောဂျွိုင်းမကောင်းရင် ဘာဖြစ်နိုင်သလဲ....?😱
ဘောဂျွိုင်းဟာ ဘီးကိုတည့်မတ်စေဖို့ မလုပ်ပေးနိုင်တော့ပါဘူး။ သွားနေတဲ့ယာဉ်ဟာ ဘောဂျွိုင်းပြုတ်ပြီး အချိန်မရွေး ဘီးခေါက်ဝင်သွားတာ ဘီးအပြင်ကို ကားထွက်သွားတာမျိုး ဖြစ်စေနိုင်တယ်။ ယာဉ်အတွက်ရာ ယာဉ်ပေါ်ပါ လူတွေအတွက် တကယ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ဒာကြောင့် အောက်ပိုင်းစစ်ဆေးရင် ဘောဂျွိုင်းကို သတိထားစစ်ဆေးဖို့နဲ့ လိုအပ်ပါက လဲလှယ်ရန် ဆန္ဒပြုတိုက်တွန်းရင်း....
Cred
Auto King (Keep it Safe!)
No comments:
Post a Comment