✌သတိထားစစ်ဆေးရမည့် Tie Rod(တိုင်းရော့)၊ Rack End(မိန်းလုံး)✌
ယခုရက်ပိုင်းအတွင်း တိုင်းရော့ပြုတ်တဲ့ကားတွေအကြောင်း ခပ်စိပ်စိပ် မြင်ရ ကြားရလာပါတယ်။ အဲဒီတော့ တိုင်းရော့က ဘာတွေလုပ်လဲ...? မကောင်းရင် ဘာကြောင့် အန္တရာယ်များတာလဲ...?
တိုင်းရော့ဆိုတာ စတီယာရင်စနစ်ထဲက အစိတ်အပိုင်းတစ်ခုပါ။ စတီယာရင်လှည့်လိုက်ရင် ရှေ့ဘီးနှစ်ဘီးကို ဘယ် ညာကွေ့စေပါတယ်။ အဲဒီလိုကွေ့စေဖို့အတွက် စတီယာရင်ဂန်းထဲက ပစ္စတင်ကို ဆွဲထုတ်ပေးခြင်း ဆွဲသွင်းပေးခြင်း ပြုလုပ်ပါတယ်။ အဲဒီ ပစ္စတင်အဆုံးမှာ မိန်းလုံး(Rack end)က လာချိတ်ထားပါတယ်။ ပစ္စတင်နဲ့ မိန်းလုံးချိတ်ထားတဲ့နေရာမှာ ဘောလေး တစ်လုံးပါပါတယ်။ အဲဒီဘောလေးက တိုင်းရော့ကို အထက်အောက် ဘေးဘယ်ညာ ကစားပေးလို့ရအောင် လုပ်ထားတာပါ။ မိန်းလုံးရဲ့ အဆုံးမှာတော့ တိုင်းရော့ရှိပါတယ်။ တိုင်းရော့မှာ ဘောလေးတစ်လုံး(ပေသီးခေါင်း)နဲ့ ဟတ်အုံနောက်ထိုင်(Knukle)နဲ့ ချိတ်ထားပါတယ်။ အဲဒီချိတ်ဆက်မှုကြောင့်သာလျင် ကားဘီးကို ဘယ်ညာလှည့်လို့ရတာပါ။
ဘာကြောင့် အန္တရာယ်များတာလဲ?
ကားမောင်းနေတဲ့သူဟာ စတီယာရင်ကိုလှည့်လိုက်ရင် ကားဘီးကို လှည့်ဖို့လိုပါတယ်။ အကယ်၍ တိုင်းရော့ရဲ့ဘောလေး (ပေသီးခေါင်းလေး)သာ ချောင်လွန်းနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြုတ်ထွတ်သွားရင် စတီယာရင်လှည့်ပေမဲ့လည်း ကားဘီးက ဘယ်ညာလိုက်ပြီး မလှည်နိုင်တော့ဘာဘူး။ ဒီလိုဆိုရင် ကားကို ကိုယ်လိုသလိုထိန်းလို့ မရနိုင်တော့ပါဘူး။ မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အထိဖြစ်စေနိုင်ပါတယ်။
တိုင်းရော့ကို
👉(၁)လ တစ်ခါ
👉အင်ဂျင်ဝိုင်လဲတိုင်း
👉ခရီးထွက်ခါနီးတိုင်း
စစ်ဆေးပြီး ဖရက်စ်နင်းသင့်ရင်နင်းပြီး လဲဖို့လိုအပ်ပါက လဲရမှာပါ။
တိုင်းရော့ချောင်နေရင်တော့ ဒီလိုခံစားရပါမယ်....
👉စတီယာရင်လှည့်ရတာချောင်နေပါမယ်
👉စတီယာရင် clear များနေပါမယ်
👉ချိုင့်တွေထဲကျရင် စတီယာရင်ကို ပုံမှန်ထက်ပိုပြီးတိုးနေပါမယ်
👉တာယာစားတာ ပုံမှန်မဟုတ်ဘဲ အစားမညီတာဖြစ်နေပါလိမ့်မယ်
👉အောက်ပိုင်းပစ္စည်းတွေဖြစ်တဲ့ ဟတ်၊ ဘွတ်၊ ဘောဂျွိုင်းတွေ သက်တမ်းတိုစေပါတယ်
Credit
Auto king
No comments:
Post a Comment