Throttle♨ Body (လေတံခါး) အကြောင်းသိကောင်းစရာ
လေတံခါးဆိုတာက အတွင်းပိုင်း မီးလောင်ပေါက်ကွဲမှု အင်ဂျင် ( Internal Combustion Engine)တွေ မီးလောင်ပေါက်ကွဲဖို့ လိုအပ်တဲ့ လေကိုထည့်သွင်းရတဲ့ In take systen များအဓိက တာဝန်းထမ်းဆောင်နေတဲ့အရာ ဖြစ်ပါတယ်။
Throttle Body လေတံခါး မကောင်းရင်တော့ အင်ဂျင်တုံဆိုင်းဆိုင်းဖြစ်မယ်။
ကားမောင်းနေရင်းလီဘာလျော့လိုက်တယ်ဆို စက်ကတုံဆိုင်းဆိုင်းဖြစ်သွားပြီး စက်သေချင်သလိုဖြစ်တာမျိုး၊ မီးပွိုင့်မိလို့ စက်ရှိန်လျော့လိုက်တာနဲ့ စက်သေသွားတာမျိုးတွေ ဖြစ်လာပါမယ်။ စက်နိုးရကြာမယ်။အင်ဂျင်အနှေးလည်ပတ်နေတဲ့အချိန်မှာ လေတံခါးအတွင်း ပိတ်ဆို့နေတဲ့ဂျေးတွေကြောင့် အဖွင့်အပိတ် မမှန်ဖြစ်ပြီး လေယိုစိမ့်မှု့များဖြစ်ကာ စက်သေသွားပါမယ်။
ဒီလိုဖြစ်လာပြီဆိုရင် Throttle လေတံခါးကိုဖြုတ်ပြီးလေတံခါးထဲက အညစ်အကြေးတွေ၊ဂျိုးတွေဆေးဖို့လိုနေပါပြီ။မဲမဲတူးတူးဂျီးတွေတွေ့ရင်တော့သေချာပါ
ပြီ။တစ်ခုသတိထားဖို့က အဲအပေါက်ကိုလက်နဲ့သွားမထိုးမိဖို့ပါပဲ ထိုးမိရင် Slow မငြိမ်ပဲ ပြန်ချိန်းရအရမ်းခက်ခဲပါတယ်။
မှတ်ချက် ။ ။ Throttle Body ဆေးမယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဝပ်ရှော့ဆရာများနှင့်ပြုလုပ်သင့်ပါတယ်။ မကျွမ်းကျင်လျင် အင်ဂျင် check မီးလင်းတက်ပါတယ်ခင်ဗျာ.....
Writer by
KHT Car Auto Servicev
😁😁😁
No comments:
Post a Comment