ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မော်​တာ ဒါမှမဟုပ်​ pump ​တွေတခုခုဖြစ်​သွားရင်​ စနစ်တကျ စစ်ဆေးနည်း

မော်​တာ ဒါမှမဟုပ်​ pump ​တွေတခုခုဖြစ်​သွားရင်​ basic step by step checking

motor တစ်ခုခုဖြစ်ရင် ကိုယ့် image မကျအောင်  လုပ်နိုင်ဖို့အတွက်  အလွယ်တကူ စစ်လို့ရနိုင်တဲ့ basic  step by step checking တွေကို တင်ပြပါတယ် အသေးစိပ်မဟုတ်တဲ့ အတွက် လိုအပ်တာလေးတွေကို comment မှာ sharing လုပ်ပြီး ဆွေးနွေးကြပါလို့  ဖိတ်ခေါ်ပါတယ်

motor fail ဖြစ်သွားရင် working  motor ဆိုရင် အရင်ဆုံး power ပိတ်ချပါ  disconnect လုပ်ပါ( fuse or breaker etc..)
1- check  the outside of the motor
motor fail ဖြစ်တာဟာ  electric shock ဖြစ်လို့ ဖြစ်နိုင်ပါတယ် overloading လဲ ဖြစ်နိုင်တယ်  ဒါကြောင့် motorရဲ့  အပြင်ဘက် body ကို  စစ်ကြည့်ရပါမယ်  mounting part တွေ ပျက်စီးလား  motor ရဲ့ အလယ်ပိုင်းမှာ မဲနေလား တစ်ခုခု motor အတွင်းပိုင်းထဲ ရောက်နေလား  စစ်ကြည့်ပါ
2- check the nameplate on the motor
manufacture's name,  model and serial number, RPM , hp,wiring diagram, voltage, current, frame style, type    တတ်နိုင်သမျှ information အားလုံး မှတ်ထားပါ အသစ်မှာရမယ်ဆို
စက်ချုပ်ကို အချက်လက်ပေးနိုင်အောင်ပါ
3- check the bearing of the motor
motor failures တော်တော်များများဟာ bearing failures ကြောင့် ဖြစ်တာများပါတယ်  motor အစွန်းတစ်ဖက်ဆီမှာ  bearing တစ်ခုစီ ပေါင်း နှစ်ခု ရှိပါတယ်  motor ရဲ့ rotor / shaft ကို လက်နဲ့ လှည့်ကြည့်ပါ  freely ကိုကြည့်ပါ smoothly လား တစ်ခုခု ထစ်နေလား   အသံကြားရလား   စစ်ကြည့်ပါ
motor shaft ကို  ရှေ့  တိုးနောက်ဆုတ်  ဆွဲကြည့်ပါ  နဲနဲ လေး ရွှေ့ ပါတယ် စစ်ကြည့်ပါ မရရင် မကောင်းပါ
4-  check the winding for short circuiting to the frame
motor အများစုဟာ short circuiting ဖြစ်ရင် failures ဖြစ်ပါတယ် ဒါကြောင့် fuse or trip circuit breaker တွေကို စစ်ကြည့်ပါ
ohm meter ကို သုံးပြီး resistance value ကို တိုင်းကြည့်ပါ  meterက လက်တံနဲ့ ဆို zero setting လုပ်ဖို့မမေ့နဲ့နော်  digitalဆို မလိုပါဘူး
- check that the winding are not open or blown
single phase or 3 phase motor တွေကို ohms meter သုံးပြီ lowest (R × 1 ) range ကို change ပြီး motor leads ကြားက resistance ကို တိုင်းနိုင်ပါတယ်
5- check the start capacitor used for starting motor
တချို့   start or run လုပ်ဖို့ capacitor ရှိတဲ့ motor မှာ capacitor ကောင်းမကောင်း ohms meter နဲ့စစ်ကြည့်ပါ capacitor မကောင်းရင်လဲ motor failures ဖြစ်နိုင်ပါတယ်   resistance ဟာ မတက်လာဘူးဆိုရင်တော့  capacitor ကို replace လုပ်ရမှာပါ
6 - check the rear bell housing of the motor
တချို့   rear bell housing ( centrifugal switch ) ကို သုံးတဲ့ motor တွေမှာ   rear bell housing ကို စစ်ရပါမယ်  contacts တွေ ကောင်းမကောင်း ပါ
7- check the fan
motor fan တွေ ညစ်ပတ်နေမယ်  ကြပ်နေမယ် တစ်ခုခု ဖြစ်နေမယ်ဆိုရင် motor overheat ဖြစ်ပြီး failures ဖြစ်နိုင်ပါတယ်
8- choose the right motor for the conditions
in which it will be run
motor ကို တပ်ဆင်အသုံးပြုထားတဲ့ နေရာကို ကြည့်ရပါမယ်  Motor type နဲ့ သင့်လျော်သော အနေအထား မှာ ရှိလား စို စွတ်နေတဲ့ နေရာလား ရေတွေရှိနေလား စစ်ကြည့်ရပါမယ်

အခုပြောသွားတဲ့  အချက် 8 ချက်ဟာ အလွယ်နည်း action ယူနိုင်တဲ့  အချက်အလက်တွေဖြစ်ပါတယ်  ရုတ်တရက်  လူအများရှေ့ မှာ  ကိုယ့် image မကျအောင် စစ်နိုင်ဖို့ ရည်ရွယ်ပါတယ် 
ဒီထပ်မက  အသေးစိပ် လေ့လာ ဖတ်ရှု့ နိုင်ဖို့ လိုအပ်ပါတယ် 
senior တွေ အနေနဲ့   လိုအပ်ချက်တွေ မှားတာလေးတွေ ကို sharing လုပ်ပေးကြပါလို့     

ကျနော်တို့ ကိုယ်တိုင်ကြိုးစား မှ  ကျနော်တို့ အဆင်ပြေမှာပါ အကူညီစောင့်နေရင်   သူများအောက်ရောက်သွားမှာပါလို့    ညီအကို တွေကို တိုက်တွန်းပါတယ်

Writer by
Shine Thuya Thuya

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html