အဆိပ်ဓာတ်ငွေ့ကာကွယ်ပုံ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ပထမကမ္ဘာစစ်စတင်ဖြစ်ပွားပြီး
တစ်နှစ်အကြာ ၁၉၁၅ ခုနှစ်ဧပြီလ ၄ ရက်နေ့
ညနေ ၅ နာရီအချိန်တွင်ဘယ်လ်ဂျီယန် နိုင်ငံ
ဝိုင်ပရက်စ်မြို့ ရှေ့တန်းစစ်မျ က်နှာတွင် ဂျာမန်
တို့သည်မဟာမိတ်တို့နှင့်ဒုတိယအကြိမ်တိုက်ပွဲ
ဖြစ်ပွားခဲ့သည်။ကတုတ်ကျ င်းတွင်နောက်မဆုတ်
ပဲ မဟာမိတ်တို့သည်ခုခံနေခဲ့သည်။ရုတ်တရက်
မဟာမိတ်တို့၏ကတုတ်ကျ င်းသည်မီးခိုးငွေ့များ
နှင့်ဖုံးလွှမ်းသွားပြီးအငွေ့ရှူ မိသူစစ်သည် ၁၀၀၀
ကျော်မိနစ်ပိုင်းအတွင်းသေဆုံးသွားသည်။
နောက်ပိုင်းသိရသည်မှာ ဂျာမန်တို့က အဆိပ်
ဓာတ်ငွေ့ဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။ကလိုရင်း
အဆိပ်ဓာတ်ငွေ့ဖြစ်သည်။လက်နက်သစ်အဖြစ်
ထုတ်သုံးသော ဂျာမန်တို့အောင်ပွဲအများအပြား
ရခဲ့ကြသည် ။ကလိုရင်းသည်ဓာတုဒြပ်စင်ဖြစ်
၍ သင်္ကေတ CL ဖြစ်သည်။အက်တမ်နံပါတ်မှာ
17 ဖြစ်သည်။ဒုတိယအပေါ့ဆုံးဓာတ်ငွေ့လည်း
ဖြစ်သည်။စစ်သည်များသည်ဓာတ်ငွေ့ကိုရှူ ရှိုက်
မိစဉ်ငရုတ်ကောင်းနှင့်နာနတ်သီးအနံ့ရခဲ့သည်
ဟုဆိုသည်။
မဟာမိတ်တို့သည်အဆိပ်ဓာတ်ငွေ့
ကိုကာကွယ်ရန်ဓာတ်ငွေ့ကာမျ က်နှာဖုံးကိုတည်
ထွင်လိုက်သဖြင့် ဂျာမန်တို့အခက်ကြုံ ကြရသည်။
ဂျာမန်တို့သည်မိမိတို့အဆိပ်ဓာတ်ငွေ့၏အားနည်း
ချ က်ကိုပြု ပြင်၍ပိုမိုပြင်းထန်သောအရောင်အနံ့
အရသာမရှိသော ဖို့စ်ဂျီနီ နှင့်မတ်စ်တာဒ် ဓာတ်
ကိုအသုံးပြု လာကြသည်။မတ်စ်တာ့ဒ်ဓာတ်ငွေ့
ကို ဆာလ်ဖာနှင့်ပေါင်းစပ်၍အသုံးပြု ခဲ့သည်။
မဟာမိတ်တို့သည်ဓာတ်ငွေ့ရောက်လာချိန်တွင်
မျ က်နှာဖုံးကိုအမြန်စွပ်သော်ငြားလည်းအချိန်
နောက်ကျ သွားပြီဖြစ်၍စစ်သည်များထောင်ချီ
သေဆုံးရတော့သည်။အရောင်အနံ့မရှိသော
ဓာတ်ငွေ့ကို ဘယ်လ်ဂျီယန်မှာပင် ၁၉၁၅ ခုနှစ်
ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အင်္ဂလိပ်စစ်တပ်ရှိရာ
သို့ပစ်ခတ်ခဲ့ရာ ၆၉ ဦးသေဆုံး၍ ၁၀၆၉ ဦးဒဏ်
ရာရခဲ့သည်။ကလိုရင်းနှင့်ဖို့စ်ဂျီနီဓာတ်ငွေ့ပေါင်း
၍တိုက်ခိုက်ခြင်းဖြစ်သည်။မဟာမိတ်တို့အနေဖြင့်
ကြို တင်ကာကွယ်ရန်နည်းလမ်းရှာဖွေရတော့
သည်။
အမေရိကန်နိုင်ငံဆမ်ဆိုနီယံ
ကောလိပ်မှ ပေါလ်ဘာ့ဂ် သည်သတ္တဗေဒပညာ
ရှင်တစ်ဦးဖြစ်သည်။သူ၏အိမ်သွားရာလမ်းတစ်
လျှောက်နှင့်အိမ်ခြံဝင်းထဲတွင်တိရိစ္ဆာန်မျိုးစုံကို
မွေးမြူ ထားသည်။တစ်နေ့အလုပ်ပြီး၍အိမ်ပြန်
လာချိန်တွင်သူ၏ခြံဝင်းထဲမှပက်ကျိအများစု
သည်သူတို့နေထိုင်ရာနေရာတွင်မရှိပဲမီးလင်းဖို
အနားရှိကြမ်းပြင်တွင်လူးလိမ့်နေသည်ကိုတွေ့
ရသည်။ယခင်ကယခုလိုအပြု အမူကိုမတွေ့ဘူး
သဖြင့်စမ်းသပ်မှုအများအပြားကိုပြု လုပ်တော့
သည်။ပက်ကျိများသည်အရေပြားပေါ်ရှိအပေါက်
များမှတစ်ဆင့်အသက်ရှူ ကြသည်။မီးလင်းဖိုမှ
ထွက်သော ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့နှင့်
ထိတွေ့သောအခါပက်ကျိများသည်အပေါက်
များကိုပိတ်ဆို့ရန်အတွက်ခန္ဓာကိုယ်အား ကျုံ့
လိုက်ကြသည်။ပက်ကျိများတွင်ဓာတ်ငွေ့အနံ့
ကိုရလိုက်လျှ င်မိမိကိုယ်ကိုကာကွယ်နိုင်သော
စွမ်းရည်ထူးရှိနေသည်။
ဂျာမန်တို့၏အဆိပ်ဓာတ်ငွေ့ကို
ပက်ကျိများနှင့်စမ်းသပ်ရန်ဆုံးဖြတ်လိုက်သည်။
ပက်ကျိများသည်အရောင်အနံ့အရသာမရှိသော
ဓာတ်ငွေ့များကိုကောင်းစွာသိရှိနိုင်သည်။
ပေါလ်ဘာ့ဂ် သည်သူ၏တွေ့ရှိချက်အားစစ်တပ်
ခေါင်းဆောင်ပိုင်းအားတင်ပြပြီးစစ်သားများအနေ
နှင့်ရှေ့တန်းစစ်မျ က်နှာသို့သွားလျှ င်ပက်ကျိများ
ကိုတစ်ပါတည်းယူဆောင်သွားရန်အကြံပြု ခဲ့
သည်။ဓာတ်ငွေ့တိုက်ခိုက်မှုဖြစ်လာလျှ င်ပက်ကျိ
များသူတို့ကိုယ်ကိုကျုံ့ပစ်လိမ့်မည်။ထိုအခါ
စစ်သားများအနေနှင့်သူတို့၏မျ က်နှာဖုံးကိုဝတ်
ဆင်သင့်ကြောင်းအချက်ပြခြင်းပင်ဖြစ်သည်။
၁၉၁၈ ခုနှစ် ဇွန်လ တွင်ဥရောပမြောက်ပိုင်း
ကတုတ်ကျ င်းများသို့ ပက်ကျိများတင်ပို့ခဲ့သည်။
တပ်ဖွဲ့တစ်ခုတွင်စစ်သားတစ်ယောက်မှပက်ကျိ
တစ်ကောင်ကိုတာဝန်ယူစောင့်ရှောက်ရသည်။
စစ်သားများသည်ထိုအစီအစဉ်အားအမည်ပြောင်
ပေးထားသည်။ပက်ကျိစစ်ဆင်ရေးဟူ၍ဖြစ်သည်။
ပက်ကျိစစ်ဆင်ရေးသည်၁၉၁၈ နိုဝင်ဘာ
လအထိရှေ့တန်စစ်မျ က်နှာတွင်ရှိနေခဲ့သည်။စစ်
ကြီးပြီးဆုံးသွားသောအခါပက်ကျိများအား
ကျောက်မီးသွေးတွင်းလှိုဏ်ခေါင်းနှင့်ရေငုတ်
သင်္ဘောများတွင်ဓာတ်ငွေ့ယိုစိမ့်မှုရှိမရှိစစ်ဆေး
သည့်နေရာတွင်အသုံးပြု လာကြသည်။ပက်ကျိ
နှင့်အဆိပ်ဓာတ်ငွေ့ကာကွယ်ခြင်းပင်ဖြစ်သည်။
Writer by
ဘိုတွတ်
အဆိပ်ဓာတ်ငွေ့ကာကွယ်ပုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment