ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

သင့်ရဲ့ကားကိုအကောင်းစားကားနဲ့တူအောင်ဘယ်လိုပြင်ဆင်မလဲ

" သင့်ရဲ့ကားကိုအကောင်းစားကားနဲ့တူအောင်ဘယ်လိုပြင်ဆင်မလဲ "


ကားအကောင်းစားအလန်းစားဝယ်ဖို့ကိုတော်ရုံတန်ရုံပိုက်ဆံရှိရုံနဲ့မဝယ်နိုင်ပါဘူး။ကားဝယ်ဖို့တောင် အနိုင်နိုင် ဖြစ်နေတဲ့အခြေအနေဖြစ်နေလို့အကောင်းစားကားစီးနိုင်ဖို့ကဝေးနေဆဲပါပဲ။ဒါပေမယ့်ကိုယ့်ကားကိုတော့ အလန်းစားကားနဲ့တူအောင်ပြုပြင်ပြင်ဆင်လို့ရပါတယ်။ကိုယ့်မှာအမြင်ရှိဖို့ပဲလိုပါတယ်။အကောင်းစားကားတစ်စီး ကိုငွေအလုံးလိုက်အရင်းလိုက်ပေးမဝယ်နိုင်ပေမယ့်ကားအတွက်ပစ္စည်းလဲလှယ်ပြောင်လဲထည့်တာတွေကတော့ တဖြေးဖြေးချင်းလုပ်သွားနိုင်လို့သင့်ကားကိုကားချင်းတူတူမှာတောင်ဈေးကြီးပြီးအပျံစားဖြစ်နေအောင် ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ အကြံဥာဏ်တွေဝေမျှပေးလိုက်ပါတယ်။


ကားမီးသီပြောင်းလဲတပ်ဆင်ခြင်း


ကားမီးသီးဒီဇိုင်းကသင့်ကားသားနားမှုအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။သင့်ကားမှာမီးသီး လှလှဒီဇိုင်းဆန်းဆန်းရှိနေရင်အလိုလိုနေရင်းကိုအကောင်းစားပုံပေါက်ပြီးဈေးကြီးပုံပေါ်သွားပါတယ်။ သင့်ကားကိုသူများကြည့်လိုက်တဲ့အခါမှာပထမဆုံးသတိထားမိတာကသင့်ကားမီးသီးပါ။ ကားမီးသီးထဲမှာမှ အရောင်ဆန်းဆန်းတွေကိုလည်းရွေးချယ်တပ်ဆင်သင့်ပါတယ်။ဒါမှညဘက်ကားမောင်းတဲ့အခါမှာပေါ်လွင်ပြီး သူများတွေနဲ့ပိုပြီးထူးခြားလှပနေမှာပါ။ဈေးတော်ပြီး ဒီဇိုင်းဆန်းတဲ့မီးသီးတွေမီးခွက်တွေရှိနေတာကြောင့် အချိန်ယူပြီးရှာဖွေဝယ်ယူတပ်ဆင်လိုက်ပါ။


စတီရာရင်းဘီးကိုသားရေအုပ်ပါ


ကားစတီရာရင်ကိုသားရေအုပ်တဲ့အခါသားနားသွားရုံတင်မကပါဘူး။ပျော့ပြောင်းပြီးထူထဲသွားလို့ကားမောင်း တဲ့အခါမှာလည်းမောင်းလို့ပိုကောင်းသွားပါတယ်။ကိုယ့်ဘာသာကိုယ်သားရေအစွပ်ဝယ်ပြီးပြန်တပ်လည်းရသလို ဆိုင်မှာသွားလုပ်လဲရပါတယ်။ဝယ်မယ်ဆိုရင်တော့ကွာလတီကောင်းတာကိုဝယ်ပါ။ကွာလတီမကောင်းရင် ကားအတွင်းစိုစွတ်မှုကြောင့်သားရေအတုတွေကကွာကျတတ်လို့ကိုယ့်ကားကိုပိုပီးရုပ်ဆိုးအကျည်းတန်စေနိုင် ပါတယ်။


ပလပ်စတစ်တွေကိုဖုံးပါ


ကားအတွင်းထဲကလက်တင်တွေမှာပလပ်စတစ်တွေအုပ်ထားရင်အပေါစားအလွန်ဆန်ပါတယ်။ဒီလိုမျိုး အပေါစားမဆန်အောင်ဒီလိုပလပ်စတစ်အုပ်တွေပေါ်မှာသားရေပြန်အုပ်တာပဲဖြစ်ဖြစ်ဗီနိုင်းအုပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။သင့်ကားလေးက luxury ကားလေးလိုကြည့်ကောင်းသွားမှာပါ။ဒီလိုမျိုးကိုတော့ဆိုင်မှာသွားလုပ်မှ ပိုအဆင်ပြေပါတယ်။ကားရဲ့ airbag ကိုမကာမိသွားအောင်တော့သတိထားပါ။


ကားခုံအစွပ်ကောင်းကောင်းသုံးပါ


ပိုက်ဆံလေးသေချာစုပြီးကားခုံအစွပ်ကောင်းကောင်းလေးဝယ်ပြီးစွပ်ပေးပါ။ကိုယ့်ကားအရောင်နဲ့ဆင်တူပြီး သားနားတဲ့ခုံအစွပ်တွေကိုရွေးဝယ်ပါ။ကားအရောင်ကတခြားကားအစွပ်အရောင်ကတစ်ခြားဖြစ်နေရင်သပ်သပ် ဝယ်စွပ်ထားတာသိသာပါတယ်။ကားအရောင်နဲ့ခပ်ဆင်ဆင်တူတဲ့အရောင်ပါတဲ့ခုံစွပ်ကိုသာရွေးချယ်တပ်ဆင်ပါ။


ကားဘီးဒီဇိုင်းကောင်းကောင်းဝယ်တပ်ပါ


ကားဘီးသားနားမှုကလည်းသင့်ကားကိုဈေးကြီးတဲ့ကားအဖြစ်အများအမြင်မှာတင့်တယ်နေစေပါတယ်။ဘီးဒီဇိုင်းဆန်းဆန်းနဲ့ကွာလတီကောင်းကောင်းတွေကိုရွေးချယ်တပ်ဆင်တဲ့အခါမှာကားလည်းသားနားသွားသလို ကားမောင်းရာမှာလည်းအန္တရာယ်ကင်းစေပါတယ်။
  

Writer by
=========================
Euro Nippon
Car Sale Center

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html