ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အဝေးက အနမ်း

အဝေးက အနမ်း
**************

ဒီနေ့တော့ ကျနော်တို့အဖွဲ့တွေ အုန်းအုန်းနဲ့
မီးဆင်နေကြရပါတယ်။ စတိုးဆိုင် ဆိုတော့လဲ
ကိုယ့်ဆရာတို့သိတဲ့အတိုင်း ဆိုင်ဘယ်နေ့ဖွင့်
ချင်တယ်တို့ ညာနေ့ဖွင့်ချင်တယ်လို့ဆိုတော့
အလုပ်ကိုဝုန်းနေရတာလဲ မဆန်းဘူးပေါ့ ကိုယ့်
ဆရာတို့ရာ။

ကျနော်ကလဲ အလုပ်ကလေးတွေလုပ်တာကြာ
လာတော့ လက်ယဉ်လာပြီး လုပ်ရတာတွင်လာ
တာပေါ့ဗျာ။ ဘာပစ္စည်းတပ်ရင် ဘာတွက်သုးံ
မယ်ဆိုတာ သဘောပေါက်နေတာပေါ့။

ခဏနေတော့ ဆရာက emergency switch
တွေကို ဒီကြိုး ဒီကြိုးဝင်ဆိုပြီး လာတပ်ခိုင်းပါတယ်။ ဒီဟာတွေကျမှ တပ်သာတပ်နေရတယ် ဘာ
တွက်သုးံမှန်းမသိတော့ စကားပုံထဲကလို ကိုယ်
စီးတဲ့မြင်း အထီးလား အမလား မသိဘူးဖြစ်နေတာပေါ့။ ကျနော်ကိုယ်ကျနော်လည်း တွေးမိပါ
နည်းနည်းသိမယ်ကြံလိုက် မသိလိုက်။ နည်း
နည်းထပ်သိလာလိုက် မသိသေးတာလည်း
ထပ်ပေါ်လာလိုက်နဲ့ သံသရာလည်နေတယ်
ဆိုတာပေါ့ဗျာ။

ညနေအလုပ်သိမ်းလို့ လက်ဘက်ရည်ဆိုင်ထိုင်
ကြပြီဆိုရင်ဖြင့် အဖွဲ့တွေကလဲလူစုံတက်စုံဆိုတော့ တစ်မျိုးပျော်ဖို့ကောင်းပါတယ်။ ကျနော်ကလည်း တဖြည်းဖြည်းစီနီယာကျလာပြီဆိုတော့
အလုပ်ထဲမှာလည်း ဂျူ နီယာတွေလည်းများလာတာပေါ့ဗျာ။ ဂျူ နီယာတွေရှေ့မှာလဲ ကျနော်က
ရှက်နေနိုင်ပါဘူးဗျာ အရင်ကလဲ ကိုယ်မသိရင်
ဆရာ့ကို မေးနေကျဆိုတော့ နေ့လည်ကတပ်တဲ့
Emergency switch တွေ ဘယ်အတွက်သုးံတယ်ဆိုတာ မေးတာပေါ့။

MCCB တွေက short ကြောင့် trip ဖြစ်သလို
MCCB အပေါ်က trip buttom လေးကိုနိပ်ရင်
လည်း trip လုပ်ပေးတယ်။ ဒါ့အပြင် MCCB ထဲကနေ ကြိုးနှစ်ချောင်း အပြင်ကိုထုတ်ပြီး အဝေး
တစ်နေရာကနေ trip လုပ်ပေးလို့ရတယ်။ အဲတာကို shunt trip circuit လို့ခေါ်တယ်။ အ
ရေးပေါ် အကြောင်းတစ်ခုကြောင့် ဘရေကာ
ပိတ်ဖို့ လိုလာပြီဆိုရင် ဘရေကာဆီကို သွားစရာ
မလိုပဲ shunt trip circuit နဲ့ နေရာပေါင်းများစွာ
ကနေ ဘရေကာကို ဖြုတ်ချ ပေးလို့ရတယ်။
အကယ်၍ elcb တပ်တဲ့ အိမ်တွေ shunt trip
လုပ်ချင်တယ်ဆိုရင် DB က neutral နဲ့ earth
ကိုယူပြီး bell switch လေးနဲ့ short circuit
လုပ်ပေးရင်လည်းရတယ် ။ elcb က neutral
နဲ့ earth ထိရင်လဲ ပြုတ်တယ်ကွ ။ဆိုပြီးဆရာကရှင်းပြပါတယ် ။

ဆရာပြောပြမှဘဲ shunt trip အကြောင်းကို
ကျနော်သိတော့တယ်ဗျာ။

MyatMin Thuya Kyaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html