ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဒိုင်​အုတ်​ တစ်​လုံးအား ရိုးရှင်းစွာနားလည်​ခြင်းနှင့်​ အနိမ့်​အမြင့်​ပညာရပ်​အ​ကြောင်း အပိုင်း (၂)

ဒိုင်​အုတ်​ တစ်​လုံးအား ရိုးရှင်းစွာနားလည်​ခြင်းနှင့်
အနိမ့်​အမြင့်​ပညာရပ်​အ​ကြောင်း အပိုင်း (၂)


ပညာရပ်​ဆိုင်​ရာ ​ဝေါဟာရများ
(Technical terms) ​ကြောင့်
တစ်​ခါတစ်​ရံ နားလည်​နိုင်​မှု သ​ဘောတရားများကို
အတိုင်းအတာတစ်​ခု အကန့်​အသတ်​တစ်​ခုမှာ
ပိတ်​ပင်​တားဆီးထားသလို ခံစားရတာ​ကြောင့်
ဘာသာရပ်​အသုံးအနှုန်းများမှ ခွဲထွက်​ပြီး
မူရင်း ရသလည်း​ပျောက်​ပျက်​လွန်​ကျုးမသွားရ​လေ​အောင်​ စဉ်းစားခံယူမိပုံ​လေးကို
စက်​ပြင်​ဝါသနာ ပါသူများအတွက်​မျှ​ဝေခြင်းဖြစ်​ပြီး
ဒီ postသည်​ ​ရေးလိုခြင်းအဓိကမဟုတ်​​သေးဘဲ
ပြောလိုတဲ့အ​ကြောင်းအရာတစ်​ခုဆီသို့
ဦးတည်​​နေခြင်းသာဖြစ်​ပါတယ်
ဒိုင်​အုတ်​ လို့​ပြောလိုက်​လျှင်
A ဆိုပြီး အ​​ပေါင်း​သ​င်္ကေတအြ​ဖစ်​ ကိုယ်​စားပြု​ရေးတဲ့
Anode ရယ်
K ဆိုပြီး အနှုတ်​သ​င်္ကေတအဖြစ်​ ကိုယ်​စားပြု​ရေးတဲ့ Cathode ရယ်
ဆိုပြီး အ​တော်​များများ သိ​နေပြီးကြပါပြီ
ဒိုင်​အုတ်​ကို ​ဗို့အား​ပေးသွင်းမှုပုံစံ ၂မျိုးဖြစ်​တဲ့
(၁) Forward Bias
(၂) Reverse Bias
..........ဆိုတဲ့ ဘာသာရပ်
အသုံးအနှုန်းမှာ အနည်းငယ်​ ​လေ့လာစ
လူငယ်​များ မျက်​စိလည်​ နားလည်​မှု
လွဲတတ်​ကြပါတယ်
ဒီသ​ဘော​လေးကို အမြင်​လွယ်​ နားလည်​လွယ်​​စေ​အောင်​နဲ့ Electronic circuit ​တွေ
လေ့လာရာမှာ ဆက်​လက်​အမြင်​ရှင်း​စေနိုင်​ဖို့
ရိုးရှင်း​သောအမြင်​ မြင်​သာ​သောအသုံးအနှုန်းများဖြင့်​ ကိုယ်​ပိုင်​အ​တွေးအ​ခေါ်​လေးများ ​ရော​နှောကာ
မျှ​ဝေလိုပါတယ်
ဘာသာရပ်​အသုံးအနှုန်းများနှင့်​ ကွဲလွဲ​ကောင်း
ကွဲလွဲပါလိမ့်​မယ်​ ဒါကို​တော့
ဆရာသမားများ ခွင့်​ပြုကြ​စေချင်​ပါတယ်
ကျွန်​​တော်​ အလွယ်​မှတ်​တာက
Forward Bias ဆိုတာ
ဒိုင်​အုတ်​ကို
အလုပ်​လုပ်​​အောင်​ ​ဗို့အား​ပေးသွင်းတာပါ
အလုပ်​လုပ်​တယ်​ဆိုတာက အမ်​ပီယာစီးဆင်းမှုဖြစ်​​ပေါ်​စေတဲ့ ချိတ်​ဆက်​​ပေးသွင်းမှုမျိုးကို ဆိုလိုပါတယ်
ဒိုင်​အုတ်​ရဲ့ အလုပ်​လုပ်​ပုံက
လွယ်​လွယ်​​ပြောရရင်
ပြန်​လမ်းမရှိတဲ့သ​ဘော
(အသွားပဲရှိပြီး ပြန်​လာလို့မရဘူး)
ရန်​ကုန်​မြို့ထဲက တစ်​လမ်း​မောင်းကားလမ်း
(One Way)ကဲ့သို့
ဝင်​လို့ရတယ်​ ပြန်​ထွက်​ခွင့်​မ​ပေး
ထွက်​လာလို့ရတယ်​ ပြန်​ဝင်​ခွင့်​မ​ပေး
တဲ့သ​ဘောမျိုး​တွေ​ပေါ့
အဲ​တော့ ပြန်​လမ်းမရှိတဲ့ ဒိုင်​အုတ်​ကို
ဗို့အား​ပေးရာမှာ
သွားလို့ရ​အောင်​ Current စီးလို့ရ​အောင်
ဗို့အား​ပေးသွင်းတာကို 
ရှေ့ညွှန်း​ဗို့အား​ပေးသွင်းတယ်
Forward Bias ​ပေးတယ်
Anode ဆိုတဲ့ အ​ပေါင်းအသွင်​​ဆောင်
P(positive)ကို အ​ပေါင်း​ဗို့်အား
Cathode ဆိုတဲ့ အနှုတ်​အသွင်​​ဆောင်
N(negative)ကို အနှုတ်​​ဗို့အား တို့ဖြင့်
တူရာ တူရာ ​ပေးသွင်းတယ်
အ​ပေါင်း အ​ပေါင်းခြင်း အနှုတ်​ အနှုတ်​ခြင်း
မျိုးတူ​ပေးသွင်းတယ်
ဗို့အားကို အမှန်​အတိုင်း ​ပေးသွင်းတယ်
.....စသဖြင့်​ Forward Bias ​ပေးခြင်းကို
မျိုးစုံ အဓိပ္ပါယ်​ ဖွင့်​ဆိုကြပါတယ်
Reverse Bias ​ပေးသွင်းခြင်းဆိုတာက​တော့
လွယ်​လွယ်​​ပြောရရင်
ဒိုင်​အုတ်​ကို
အမ်ပီယာ စီးလို့မရ​အောင်​ အလုပ်​မလုပ်​​အောင်​ 
ပြောင်းပြန်​​ပေးသွင်းတာပါ
ဒါကိုပဲ အ​ပေါင်းကို အနှုတ်​​ပေး
အနှုတ်​ကို အ​ပေါင်း​ပေး
မတူ​အောင်​​ပေးတယ်
ပြောင်းပြန်​​ဗို့အား​ပေး
သွင်းတယ်
ဆန့်​ကျင်​ဘက်​​ဗို့အား​ပေးသွင်းတယ်​ စသဖြင့်​ မျိုးစုံ ဆိုကြပါတယ်
အဲလို ဘာသာရပ်​ အသုံးအနှုန်း
Forward Bias
Reverse Bias
Positive Voltage အ​ပေါင်း​ဗို့
Negative Voltage အနှုတ်​​ဗို့​တွေ​ကြောင့်
မျက်​စိလည်​နားရှုပ်​ကုန်​ကြသလို
ပိုဆိုးတာက ​လေ့လာသူအများစုသည်
အ​ပေါင်း​ဗို့ဆိုတာနဲ့ Supply ​ဗို့အား ​ပေးသွင်း​ဗို့ကို
တန်းသိကြပြီး
အနှုတ်​​ဗို့ဆိုတာနဲ့
GND ဆိုတဲ့ ဂ​ရောင်းလိုင်း အပ်​လိုင်းကိုပဲ
တန်းမြင်​ကြ​တော့တာပဲ
ကျွန်​​တော်​မှတ်​​စေချင်​တဲ့အလွယ်​နည်းက
ပိုအလုပ်​ဖြစ်​သလို ပိုလည်းအမြင်​လွယ်​ပါတယ်
အမှတ်​နှစ်​ခုရှိ ​ဗို့အားခြားနားမှု
Potential Difference ဖြင့်​သာ အနိမ့်​အမြင့်​သ​ဘောဖြင့်​ပဲ လွယ်​လွယ်​ကူကူမှတ်​ပါမယ်
ဒိုင်​အုတ်​၏စည်းမျဉ်းစည်းကမ်း
(၁) ဒိုင်​အုတ်​သည်​ ဖင်​မြင့်​ရင်​ အလုပ်​လုပ်​ပြီး Current စီးပါတယ်
ဒါကို Forward Bias ​ပေးသွင်းတယ်​လို့
ခေါ်ပါတယ်
သ​ဘောက ဒိုင်​အုတ်​ဖင်​က ​ဗို့မြင့်​​နေပြီး
ခေါင်းဘက်​ကနိမ့်​​နေရင်​ အလုပ်​လုပ်​ပါတယ်
(အရစ်​ပါတဲ့ဘက်​ကို​ခေါင်းဟု​ခေါ်သည်​)
အဲလို အနိမ့်​အမြင့်​မှန်​ကန်​မှု ဖင်​ဘက်​ကမြင့်​​နေ​ပေမယ့်
အမ်​ပီယာစတင်​စီးမယ့်​အနိမ့်​အမြင့်​ကွာခြားချက်
0.7V ဆိုတာ​လေး​တော့ ရှိပါတယ်
ဒါကို ကျွန်​​တော်​က ဘယ်​လိုမြင်​မိလည်းဆိုရင်
ဘယ်​Electronic component မဆို
ဥပမာ အိုင်​စီ​သော်​လည်း​ကောင်း
ခုခံမှုResistor​သော်​လည်း​ကောင်း
သူ့အလုပ်​လုပ်​တဲ့အခါကျသွားမယ့်​​ဗို့အား
(အတွင်းခုခံမှုတန်​ဖိုး​ကြောင့်​)
dropout voltage ​လောက်​မှ မရှိတဲ့​ဗို့အားတစ်​ခုဟာ
သူ့ကို​ကျော်​ဖြတ်​ဖို့ဆိုတာ မဖြစ်​နိုင်​ပါဘူး
သ​ဘောက 500တန်​ပစ္စည်းတစ်​ခုကို ဝယ်​မယ့်​သူက
အနည်းဆုံး သူ့တန်​ဖိုးထက်​မနည်းတဲ့ပိုက်​ဆံပါလာမှ
ဝယ်​လို့ရနိုင်​သလိုပဲ
သူ့ dropout voltage ​လောက်​မှမရှိဘဲ
အဲ့ခုခံမှုကို ​ကျော်​ဖြတ်​လို့မရနိုင်​ဘူးဆိုတဲ့သ​ဘောဟာ
ဒိုင်​အုတ်​သည်​ ဖင်​မြင့်​​နေတာမှန်​​ပေမယ့်​ 0.7V ဆိုတဲ့
ဖင်​နဲ့​ခေါင်း ​ဗို့အားကွာခြားမှုတန်​ဖိုး
အနည်းဆုံးရှိမှဖြစ်​မယ့်​ အနိမ့်​အမြင့်​ တန်​ဖိုး
လောက်​မှ မရှိရင်​​တော့
အဲ့ဖင်​က​ဗို့သည်​ ​ခေါင်းကိုဖြတ်​သန်းစီးဆင်းနိုင်​ဖို့
မစွမ်းသာဘူး​ပေါ့
ဒီသ​ဘောကိုပဲ
Diode ကို Forward Bias ​ပေးသွင်းထား​ပေမယ့်​ ​ပေးထားတဲ့အ​ပေါင်း​ဗို့အားသည်
0.7V ​0.6V​လောက်​ရှိမှ စတင်​ current
စီးဆင်းတယ်​လို့ ​ပြောထားခြင်းဖြစ်​တယ်​လို့
ခံယူမိပါတယ်
အဲ​တော့ ​ပြောချင်​​နေတာက ဒိုင်​အုတ်​ကို
ဗို့အား​ပေးသွင်းချိတ်​ဆက်​ရာမှာ အနှုတ်​​ဗို့ဆိုလိုက်​တာနဲ့ #GND ကိုပဲ ​ပြေးမမြင်​ကြဘဲ
ဖင်​နဲ့​ခေါင်း မှန်​ကန်​စွာ ​ဗို့အားခြားနားပါက သို့မဟုတ်
အနိမ့်​အမြင့်​ ဖြစ်​ပါက Currentစီးဆင်းမှု ဖြစ်​​ပေါ်ပြီး Forward Bias လို့​ခေါ်ပါတယ်
ဖင်​နိမ့်​ပြီး ​ခေါင်းဘက်​ကမြင့်​တာကို 
ပြောင်းပြန်​ဖြစ်​တယ်
ပြောင်းပြန်​​ဗို့အား ​ပေးသွင်းသလိုဖြစ်​တယ်
Current စီးလို့မရဘူးလို့
မှတ်​​စေချင်​ပါတယ်​ ....Reverse Bias​ပေါ့
ဖင်​မြင့်​ရင်​ အလုပ်​လုပ်​ပြီး ပြန်​လမ်းမရှိတဲ့​ကောင်
ဖင်​မြင့်​တာ​တောင်​ နည်းနည်းမြင့်​ရင်​မရဘူး
0.7 ​လောက်​ အနည်းဆုံးမြင့်​ရတဲ့​ကောင်
......ဆိုပြီး မှတ်​လိုက်​ရင်​ မှတ်​ရလွယ်​ပြီး
သ​ဘောလည်း အတန်​သင့်​​ပေါက်​တဲ့ အ​နေအထား
ရ​လောက်​ပါတယ်
ဒီအမြင်​​လေးကို လက်​ခံ​စေချင်​တာက
နောက်​ဆက်​​ပြောချင်​တဲ့
ဆားကစ်​အမြင်​သ​ဘောတရား​လေး​တွေမှာ
ဒီလိုအနိမ့်​အမြင့်​ဆိုတဲ့အမြင်​ရှိမှသာလျှင်
နားလည်​လက်​ခံသ​ဘော​ပေါက်​နိုင်​မှာမို့်ပါ
ဒီလိုဖင်​မြင့်​ရင်​ အလုပ်​လုပ်​ပြီး
ခေါင်း​ချ​(နှိမ့်​)ပေးမှ current စီးတာ​ကြောင့်
ဆားကစ်​တည်​​ဆောက်​သူများက ဒီသ​ဘောကို အသုံးချပြီး
ပြောင်းပြန်​ချိတ်​ဆက်​မှု ကာကွယ်​ပတ်​လမ်း
(Polarity Ptotect )
အေစီမှ ဒီစီ​ပြောင်းခြင်း
(ဖင့်​မြင့်​ချိန်​ အလုပ်​လုပ်​ပြီး ဖင်​နိမ့်​ချိန်​ AC၏ Half-Cycleမှာ Openဖြစ်​ အလုပ်​မလုပ်​ ဒီသ​ဘောပဲ)
Free-Wheel and Bypass Diode များ
(ဆားကစ်​ပုံမှန်​မှာ အလုပ်​မလုပ်
အ​ကြောင်းတစ်​ခုခု​ကြောင့်​ ဖင်​မြင့်​သွားမှ
အလုပ်​လုပ်​တဲ့ သ​ဘော)
...စသဖြင့်​ ​နေရာအ​တော်​များများ မှာ​တွေ့နိုင်​ကြပါတယ်
ဒါ​ကြောင့်​ Diode သ​င်္ကေတကို ​ရေးသား​ဖော်​ပြတဲ့အခါ
ပါ​လေ့ရှိတဲ့ ဖင်​ဘက်​က + လက္ခဏာ
ခေါင်းဘက်​က - လက္ခဏာ တို့ကို
(ဒိုင်​အုတ်​အလုပ်​လုပ်​​စေချင်​တဲ့အခါ )
+ သည်​ မြင့်​ရမည်​ကို ဆိုလိုခြင်းဖြစ်​ပြီး
- သည်​ နိမ့်​ရမည်​ဟု ​ပြောလိုခြင်းဖြစ်​​ကြောင်း
မှတ်​ယူသိမြင်​ပါက ပိုမိုလွယ်​ကူပါ​ကြောင်း....
အ​တွေးအမြင်​ ​လေ့လာမှုများ တိုးတက်​နိုင်​ကြပါ​စေ


Credit
နေဝင်းအီလက်​ထ​ရောနစ်


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html