ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Java Basics (1)

Java Basics (1)
============

၁။ Java ဟာ Object-Oriented-Programming Language တခု ဖြစ်တယ်။ Object သဘောတရား ကို အသုံးပြုပြီး ရေးသားရတယ်။

၂။ Object ဆိုတာ

- ဂုဏ်သတ္တိ၊ အခြေအနေ တွေကို ဖော်ပြတဲ့ data

- ပြုမူ လုပ်ဆောင် မှု method

တွေကို စုစည်းထားတဲ့ အရာတခု ဖြစ်တယ်။

၃။ ခွေးလေး တကောင်ဟာ Object ဥပမာ တခု ဖြစ်ပါတယ်။

- သူ့မှာ ဂုဏ်သတ္တိ၊ အခြေအနေတွေကို ဖော်ပြတဲ့ data တွေရှိတယ်။

ခြေထောက် အရေအတွက် = ၎
အရောင် = အညိုရောင်
အသက် = ၁ နှစ်
အမြင့် = ၁ ပေ
အမည် = ၀တုတ်

- သူ့မှာ ပြုမူ လုပ်ဆောင်မှု method တွေ ရှိတယ်။

ဟောင်ပါ --> ၀ုတ်ဝုတ်
အိပ်
စား
ပြေး

၎။ Object တခုဟာ Class တခုကနေ ဖန်ဆင်း ပေါ်ပေါက်လာတာ ဖြစ်တယ်။

၅။ Class ဆိုတာက

Object တခု ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ၊ သူ့မှာ ပါဝင်တဲ့ data တွေ၊ ပါဝင်တဲ့ method တွေကို

သတ်မှတ်ပေးတဲ့ (definition)၊ အသေးစိတ် အစီအစဉ် (blueprint) ဖြစ်ပါတယ်။

၆။ Class ကနေ Object တခုအဖြစ် ပေါ်ထွန်း လာစေတာကို Instantiate (Instantiation) လုပ်တယ်လို့ ခေါ်တယ်။ Object တခုဟာ Class ရဲ့ Instance (ဖန်ဆင်း၍ ပေါ်ထွန်းလာသော အရာဝတ္ထု) တခု ဖြစ်ပါတယ်။

=========
ခရက်ဒစ်.. Nyinyi

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html