ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

သင်္ဘောလုပ်ငန်းသုံး Hydraulics နှင့် Pneumatics ပိုင်းဆိုင်ရာ အခြေခံနည်းစံနစ်များ (အပိုင်း - ၄)

သင်္ဘောလုပ်ငန်းသုံး Hydraulics နှင့် Pneumatics ပိုင်းဆိုင်ရာ အခြေခံနည်းစံနစ်များ (အပိုင်း - ၄)
Pilot operated valves
****


ညီညီထွေး (Chief Engineer)
Pilot operated valves
***
(Fig-24 Pilot operated valve ပုံကိုကြည့်ပါရန်)
ရှေ့တွင်တင်ပြခဲ့ပြီးဖြစ်သည့်အတိုင်း poppet valves များ ၊ ပမာဏကြီးမားသော pneumatic valves များနှင့် hydraulic system သုံး valves များသည် အလုပ်လုပ်နိုင်စေရန် စိုက်ထုတ်အသုံးပြုရသည့် အသားတင် အား (net force) ကြီးမားစွာလိုအပ်ပါသည်။ အကယ်၍ ထိုအပ်သော အား (force) သည် လက်ဖြင့် ကိုင်တွယ်အသုံးပြုခြင်း သို့မဟုတ် solenoid တပ်ဆင်အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အား (force) တို့ထက်အဆမတန် အလွန်ကြီးမားနေပါက အဆင့် နှစ်ဆင့် ပါ လုပ်ငန်းစဉ် (two-stage process) အဖြစ်ပြောင်းလဲ အသုံးချလေ့ရှိပြီး ၎င်းကို pilot operation များတွင် သုံးစွဲကြပါသည်။

Fig-24 တွင်ဖော်ပြထားသောပုံမှာ pilot operation တခု၏ အလုပ်လုပ်ပုံ သဘောတရား ဖြစ်ပါသည်။ valve 1 သည် ram ကိုလှုပ်ရှားစေရန် အဓိက အလုပ်လုပ်သွားမည့် valve ဖြစ်၍ ထို valve အလုပ်လုပ်သွားနိုင်စေရန် အသားတင် အား (net force) တစ်ခုလိုအပ်လျှက်ရှိပြီး solenoid အားဖြင့်တိုက်ရိုက်အလုပ်လုပ်နိုင်စေရန် အတွက်လည်း အလွန်ကြီးမား သော အား (force) ဖြစ်နေပါသည်။ ထို့ကြောင့် valve 1 ထက် ငယ်သော valve 2 ကို system တွင် ထည့်သွင်း တပ်ဆင် ပေး၍ system pressure အားဖြင့် အဓိက အလုပ်လုပ်မည့် valve 1 ကို ရွေ့လျှားစေခြင်းဖြစ်ပါသည်။ ဤနေရာတွင် ထပ်မံ တပ်ဆင်လိုက်သော valve 2 ကို pilot valve ဟုခေါ်ပါသည်။ ပုံမှန်အားဖြင့် pilot pressure line ကို circuit diagrams များတွင် မျဉ်းပြတ် (dotted) လိုင်းများဖြင့် ဖော်ပြလေ့ရှိပြီး main valve ပေါ်ရှိ pilot ports များကို Z ၊ Y ၊ X စသည်ဖြင့် ဖော်ပြလေ့ရှိပါသည်။
ဖော်ပြထားသော Pilot operated valve ၌ မူလအနေအထားဖြစ်သည့် valve 2 ၏ solenoid တွင် လျှပ်စစ်စီး ဆင်းမှု ဖြတ်တောက်လိုက်ပါက main valve 1 ပေါ်ရှိ pilot port Z တွင် fluid pressure ကျဆင်းသွား မည်ဖြစ်ပြီး (Z မှ A သို့ တိုင်အောင်ရှိသော pilot pressure line ထဲရှိ fluid ကို valve 2 ၏ အပေါက် R မှတဆင့် drain လုပ်ထားပေးသော ကြောင့်) ram ကို အထဲသို့ ပြန်ဝင်သွားစေမည်ဖြစ်ပါသည်။ တဖန် valve 2 ၏ solenoid တွင် လျှပ်စစ်ပြန်လည်စီးဝင်လာ ပါက valve 2 တွင်အလုပ်လုပ်၍ အပေါက် P မှ A သို့ fluid pressure ဆက်သွယ်မိသွားမည်ဖြစ်ကာ main valve 1 ပေါ်ရှိ pilot port Z တွင် fluid pressure ရောက်ရှိလာသည့်အတွက် main valve 1 အလုပ်လုပ်သွားမည်ဖြစ်၍ အပေါက် P မှ B သို့ fluid pressure ဆက်သွယ်မိသွားပြီး ram အပြင်သို့ ထွက်လာမည်ဖြစ်ပါသည်။
ထိုကဲ့သို့ pilot operation တခုကို ခွဲခြားထားသည့် valve များဖြင့် လုပ်ဆောင်နိုင်သော်လည်း pilot/main နှစ်မျိုး စလုံး ပြည့်စုံစွာထည့်သွင်းတည်ဆောက်ထားသော ကျစ်လစ်သည့် valve block များကိုလည်း hydraulic system များတွင် တပ်ဆင်သုံးစွဲလာကြပါသည်။
Pilot operated 3/2 way valve
***
(Fig-25 Pilot operated 3/2 way valve ပုံကိုကြည့်ပါရန်)
Solenoid အသုံးပြုထားပြီးတိုက်ရိုက်အလုပ်လုပ်စေနိုင်သော 3/2 way pneumatic valve တစ်လုံး၏ တည် ဆောက်ပုံကို Fig-25 တွင်ဖော်ပြထားပါသည်။ Valve ဧရိယာသေးငယ်သည့်အတွက်တိုက်ရိုက်အလုပ်လုပ်နိုင်စေရန်လိုအပ် သော အား (force) မှာလည်း နည်းပါးမည်ဖြစ်၍ solenoid ဖြင့် pilot valve အလုပ်လုပ်စေပြီး တဖန် pilot valve သည် line pressure ကို အသုံးချ၍ control valve ထိပ်ပေါ်တွင် line pressure သက်ရောက်စေကာ control valve ကို အောက်သို့ တွန်းရွေ့သွားစေ၍ exhaust port ကို ပိတ်သွားစေပါသည်။ ၎င်းသည် main valve disc နှင့်ဆက်သွယ်မိသော အခါ အား (force) နှစ်ခုသည် valve stem တွင် သက်ရောက်လာပါသည်။
Pilot valve မှ အသုံးချလိုက်သော အောက်သို့ တွန်းသည့် အား (force) သည် P x D ဖြစ်၍ P မှာ line pressure ဖြစ်ပြီး D မှာ control valve ၏ ဧရိယာဖြစ်ပါသည်။ ထို့ အတူ line pressure ကို အသုံးချ၍ valve stem ကို အပေါ်သို့တွန်းတင်သော အား (force) သည် P x E ဖြစ်ကာ E သည် main valve ၏ ဧရိယာဖြစ်ပါသည်။ Control valve ၏ ဧရိယာ D သည် main valve ၏ ဧရိယာ E ထက်ကြီးမားသော ကြောင့် အောက်သို့ တွန်းသည့် အား (force) လျှော့နည်းသွားကာ valve ပွင့်ခြင်းဖြစ်ပါသည်။ Solenoid တွင် လျှပ်စစ်စီး ဆင်းမှု ဖြတ်တောက်လိုက်ပါက control valve ပေါ်ရှိနေရာမှ pressure ကို အပေါက် A မှတဆင့် စွန့်ထုတ် (vent) လိုက် ခြင်းဖြင့် line pressure နှင့် spring pressure တို့မှ main valve ၏ valve stem ကို ပြန်လည်မြင့်တက်လာစေပြီး valve ပိတ်သွားမည်ဖြစ်ပါသည်။
(Fig-26 Pilot-operated valve ပုံကိုကြည့်ပါရန်)
(Fig-27 Symbol of pilot-operated valve ပုံကိုကြည့်ပါရန်)
Pilot-operated spool valve တစ်လုံး၏ တည်ဆောက်ပုံကို Fig-26 တွင် ဖော်ပြထားပြီး Pilot-operated spool valve တစ်လုံး၏ symbol Fig-27 တွင်ဖော်ပြထားပါသည်။ Hydraulic pressure သုံး pilot-operated valves အများစုတွင် pilot spool အစွန်ဆုံးအပိုင်းမှာ ပြင်ပတွင် မြင်တွေ့နေရလေ့ရှိပါသည်။ ဤအချက်အား ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ရှုထောင့်မှကြည့်လျှင် system ၏အဓိကနေရာမှ အလုပ်လုပ်နေသော valve ကို စစ်ဆေးနိုင်ရန်ခွင့်ပြုပေးသကဲ့သို့ဖြစ်နေသောကြောင့် အလွန်အသုံးတည့်သော တည်ဆောက်မှုပုံစံဖြစ်ပါသည်။ သို့သော် pilot spool ကိုတိုက်ရိုက် တွန်းရွေ့၍ စစ်ဆေးနိုင်ရန် ကြီးမားသော အား (force) လိုအပ်လာသည့်အခါ သင့်တော်သော အရွယ်အစားရှိသံချောင်းတချောင်းအားဖြင့်တွန်းရွေ့ခြင်းပြုလုပ်ပေးရမည်ဖြစ်ပါသည်။ ထိုအခါမျိုးတွင် solenoid ကိုလျှပ်စစ် စီးဆင်းမှု လုံးဝမရှိစေရန် သေချာစွာ ဖြတ်တောက်ထားရန်လိုအပ်ပါသည်။    
ရွှင်လန်းပါစေ။
ပုံစာများ။
****
Fig-24 Pilot operated valve
Fig-25 Pilot operated 3/2 way valve
Fig-26 Pilot-operated valve
Fig-27 Symbol of pilot-operated valve
Reference:
Hydraulic and Pneumatics by Andrew A.Parr, ISBN: 0750644192 Publisher: Elsevier Science & Technology Books
ခရက်ဒစ်

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html