ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မြန်မာ့သိုင်းပညာရပ်များ နှင့် နိုင်ငံခြားသိုင်း မရောစေရန် သိထားသင့်သည်များ

မပြောမပြီးပြောပါရစေ……

မြန်မာ့သိုင်းဆိုတာဟာ ဘယ်နိုင်ငံကမှ မွေးစားထားခြင်းမရှိတဲ့ကိုယ်ပိုင်ပညာနဲ့ ကိုယ်ပိုင်စကားလုံးဖြစ်ပါတယ်။သိုင်းဆိုတာနဲ့ မြန်မာ့သိုင်းဆိုတာကို သိရှိထားရမှာပါ။ပန်ကြပ်ဆီးလပ်၊ဗိုဗီနမ်၊တိုက်ကွမ်ဒို၊ကရာတေးဒို၊ဂျူ ဒိုအစရှိတဲ့ တိုင်းတပါးကိုယ်ခံပညာရပ်တွေမှာ သိုင်းဆိုတဲ့စကားလုံးမပါဝင်ပါဘူး………

မြန်မာနိုင်ငံသိုင်းအဖွဲ့အနေနဲ့တာဝန်ယူကြီးကြပ်သော နိုင်ငံခြားကိုယ်ခံပညာပြိုင်ပွဲ၂ခုရှိပါတယ်။ယခင်က ပန်ကြပ်ဆီးလပ်နှင့် ယခု ဗိုဗီနမ်တို့ဖြစ်ကြပါတယ်။မြန်မာ့သိုင်းပညာနဲ့တော်တော်များများတူတဲ့အတွက် မြန်မာ့သိုင်းကိုစိတ်ပါဝင်စားတဲ့ လူငယ်တော်တော်များများကို အစကနေမသင်ပဲ အပေါ်ရောက်မှ ပန်ကြပ်၊ဗိုဗီနမ်ဆိုပြီး အညွန့်ခူးစားချင်းကိုခံနေရပါတယ်………

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်က ပြုလုပ်တဲ့ပြိုင်ပွဲတွေမှာ မြန်မာ့ရိုးရာသိုင်းဖြစ်သော ဗန်တို၊နိုင်ငံခြားကိုယ်ခံပညာဖြစ်သော (ယခင်)ပန်ကြပ်နှင့်(ယခု)ဗိုဗီနမ်တို့ဖြစ်ကြပါတယ်။ဒီပြိုင်ပွဲ၃ခုစလုံးဟာ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ရဲ့ကျင်းပပေးမူ့ကနေယှဉ်ပြိုင်ရတာပါ……

ပန်ကြပ်ဆီးလပ်ဆိုတာ အင်ဒိုနဲ့မလေးကအခြေပြုသလို၊ဗိုဗီနမ်ဆိုတာ ဗီယမ်နမ်ကအခြေပြုထားတာပါ။ဗန်ဒိုတစ်ခုသာ မြန်မာ့ရိုးရာအမွေကိုအခြေတည်ထားတာပါ………

ယခုလူငယ်တော်တော်များများဟာ မြန်မာ့သိုင်းဆိုတာနဲ့ ပန်ကြပ်နဲ့ဗိုဗီနမ်ကိုပဲမြင်ယောင်နေတာအရမ်းရင်နာစရာကောင်းလှပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ပန်ကြပ်၊ဗိုဗီနမ်ကို ဝင်ရောက်ကစားတာကိုလက်ခံပေမယ့် မြန်မာ့သိုင်းဆိုတာ ပန်ကြပ်(သို့)ဗိုဗီနမ်လို့ပြောဆိုနေတာကိုတော့လက်မခံနိုင်ပါဘူး………

မြန်မာ့သိုင်းဆိုတာ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၁၃၅မျိုးတို့မှဆင်းသက်လာတဲ့ ရိုးရာကိုယ်ခံပညာစစ်စစ်ပါ။အကယ်၍တိုင်းတစ်ပါးတစ်ဦးဦးကနေ မင်းတို့မြန်မာ့သိုင်းဆိုတာ ဘယ်လိုလည်းဆိုပြီးမေးလာရင် ပန်ကြပ်(သို့)ဗိုဗီနမ်ကိုပြမိရင် စောက်ရှက်လုံးလုံးကွဲမှာသေချာပါတယ်……

ဝါသနာပါလို့မြန်မာ့သိုင်းကိုသင်ယူနေကြတဲ့လူငယ်လေးတွေကို သင်ကြားပေးရာမှာ ဒါဟာမြန်မာ့သိုင်း(ဗန်တို၊ဗန်ရှည်)၊ဒါဟာပန်ကြပ်၊ဒါဟာဗိုဗီနမ်ဆိုတာ ခွဲခြားသိမြင်အောင်သင်ပေးကြပါဗျာ။မြန်မာ့သိုင်းနဲ့နိုင်ငံခြားကိုယ်ခံပညာတွေကို ကွဲကွဲပြားပြားသိအောင်လုပ်ပေးကြပါ……

ယနေ့ပိုစ့်လေးတစ်ခုတွေ့မိတယ်။(မြန်မာ့သိုင်းကိုချစ်တယ်။မြန်မာ့သိုင်းကိုမြတ်နိုးတယ်။မြန်မာ့ရိုးရာဘိုးဘွားအမွေကို စောင့်ရှောက်မယ်။)ဆိုပြီးရေးထားပေမယ့် တက်လာတဲ့ပုံတွေ၊ဗီဒီယိုတွေက ဗိုဗီနမ်ကစားနည်းတွေဖြစ်နေတာ ရင်နာနာနဲ့တွေ့ရတယ်……

မိမိကြိုက်နှစ်သက်ရာ သင်ယူခွင့်၊ကစားခွင့်ရှိပါတယ်။ဒါပေမယ့် မိမိကစားတဲ့ပညာရပ် မူရင်းဇစ်မြစ်ကိုသိထားသင့်သလို၊ဆရာတွေကလည်း ပြောပြပေးကြပါဗျာ……

(ဖအေရင်းနဲ့ ပထွေးကို ခွဲခြားသိစေချင်ယုံသာ)    
                                 လေးစားလျှက်    

Writer by
                ထက်အောင်လွင်(ရှမ်းပြည်)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html