ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Battery ဘက်ထရီကို အစို နှင့် အခြောက်

Battery

ဘက်ထရီကို အစို နှင့် အခြောက်
(wet cell and dry cell) နှစ်မျိုး
ခွဲခြား ထုတ်လုပ် သုံးစွဲကြပါတယ်

ဓာတ်ခဲခြောက်များ
( dry cell battery)ကို ကလေး ကစားစရာ မှစ၍  နည်းပညာမြင့် အီလက်ထရောနစ် ပစ္စည်းများတွင်ပါ တွင်ကျယ်စွာ အသုံးပြုပါတယ်

ဓာတ်ခဲအစို များ( wet cell battery)
အရွယ်အစား ကြီး သော ဝန်သုံးစွဲမူများသော နေရာ များတွင်အသုံးပြု ပါတယ်

Battery များ ပေါ်တွင် ရေးသားထား
AH   /   mAh အကြောင်း ပြောပြပေးပါမယ်

AH = ampere hour

mAh = milli ampere hour

AH သင်္ကေတ ကတော့ Ampere Hour
ကို အတိုကောက် ရေသားထားတာပါ

ampere × hour အမ်ပီယာနဲ နာရီ မြှောက် ပြီး ထွက်လာတဲ့ အဖြေကို ပြတဲ့ unit တစ်ခုပါ

ဥပမာ
12V  100AH battery တလုံးကို နမူနာထားပြောပါမယ်

Battery မှထုတ်ပေးနိုင် သော volt က
12v ဖြစ်ပါတယ်

100AH က battery ၏ သိုလှောင် နိုင်စွမ်း  ( capacity )  ကိုဖော်ပြပေးတာ
ဖြစ်ပါတယ်

ဘက်ထရီကို  လျှပ်စီးကြောင်း 100A နူန်းထုတ်ယူသုံးစွဲမယ်  ဆိုရင် တစ်နာရီ ခံမယ် တစ်နာရီသုံးလို့ရမယ်လို့ ဆိုလိုပါတယ်
100 amp × 1hour = 100AH

ဒါပေမဲ့ လက်တွေ့မှ 100AH battery
၁၀၀ အိုး ဘက်ထရီကို  စွမ်းရည်ပြည့်
100 amp လျှပ်စီးကြောင်း
ထုတ် ယူသုံး ခဲ့ရင်  ၁၅ မိနစ်လောက်သာ
အသုံး ပြု နိုင်ပြီး အပူချိန်တတ်လာ ကာ
ပေါက်ကွဲပျက်စီး နိုင်ပါတယ်။

ဒါဆို ဘယ်လို အသုံးပြုရမလဲ???

battery တွေမှာ life time  သက်တမ်းရှိပါတယ် 
အဲပေါ်မှာ တွက်ချက် ပြီးအသုံးပြု ရပါတယ်။

Battery တစ်လုံးကို  discharge time
အသုံး ပြုချိန် ကို အနည်းဆုံး ၈နာရီ နှင် အထက် ထားပြီးအသုံးပြုရပါတယ်
သိုမှသာ  Battery ကို ရေရှည်သက်တမ်း
life time ပြည့် အသုံးပြု နိုင်မှာပါ

၁၀၀ အိုး ဘက်ထရီ တစ်လုံးကို ၈နာရီ အသုံးခံအောင်တွက်ပြပါမယ်

100AH

100 amp ÷ 8 hours = 12.5A

For 1 hour =12.5A

တစ်နာရီကို  12.5A နူန်းသုံးစွဲမယ် ဆိုရင်
၈နာရီခံမယ်  ၈နာရီကြာ သုံးနိုင်ပါတယ်

စံနူန်း များအရ   ဘယ် ဘက်ထရီကိုပဲ ဖြစ်ဖြစ်  သုံးစွဲ ချိန် အနည်း ဆုံး
၈နာရီနှင့် အထက်
ထား တွက်ချက် ပြီး ရလာတဲ့ Amp တန်ဖိုး အတွင်းသာ ထုတ် ယူသုံးစွဲမယ်ဆိုရင်  ဘက်ထရီများ  နှစ်ရှည်ခံ သက်တမ်းပြည့် အသုံးပြုနိုင်မှာ
သေချာပါတယ်

100AH ဘက်ထရီကို တစ်နာရီ 10A နူန်း
ထုတ်ယူသုံး စွဲမယ်ဆိုရင်

100amp ÷ 10hours = 10A

၁၀နာရီကြာ ဆက်တိုက် အသုံးပြုနိုင်ပါတယ်

ဖုန်း ဘက်ထရီတွေပေါ်မှာ mAh နဲဖော်ပြပါတယ်
1 ampere = 1000 milli ampere
ဖြစ်ပါတယ်

1000mAh = 1 AH

1000mAh ရေးထားတဲ့ ဖုန်း lithium battery ဟာ  သိုလှောင်နိုင်စွမ်း (capacity) 1 AH ရှိတယ်လိုနားလည်ရပါမယ်

အတတ်နိုင်ဆုံး စာဖတ်သူတိုင်း နားလည်
အောင်ကြိုးစားပြီးရေးထားပါတယ်

စာဖတ်လို့နားလည် သဘောပေါက်ရင် စာရေးရကြိုးနပ်ပါတယ်......

Writer by joke joke from someone facebook

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html