ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အမျိုးသမီးတိုင်း အမျိုးသားတိုင်း သိထားသင့်သည့် ကာလသားရောဂါ (Sexually Transmitted Infections (STIs) )

အမျိုးသမီးတိုင်း အမျိုးသားတိုင်း သိထားသင့်သည့် ကာလသားရောဂါ (Sexually Transmitted Infections (STIs) )
----

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကိုဆေးပညာမှာ Sexually Transmitted Diseases (STDs) နဲ့ Sexually Transmitted Infections (STIs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။
ကာလသားရောဂါ’ လို့ ခေါ်ပေမယ့် ကာလသားတွေသာမဟုတ်ဘူး၊ အမျီုးသမီး အမျိုးသား အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတတ်ပါတယ်။

ကူးစက်ပြန့်ပွါးနိုင်ပြီး ကုသ ပျောက်ကင်းနိုင်တာ ရှိသလို ကုသလို့ မပျောက်ကင်းနိုင်တာ ရှိပါတယ်။
အဖြစ်များတဲပ ကာလသားရောဂါတွေကတော့
၁။ Chlamydia - လိင်အင်္ဂါ၊ ပါးစပ်၊ ခြေဖ၀ါးလက်ဖ၀ါးတွေမှာ အနာပေါက်တယ်။ ယားတယ်၊ ပူတယ်၊ ဆီးသွားတဲ့ အခါ နာတယ်။
၂။ Gonorrhea ဂနိုရီးယား- လိင်အင်္ဂါမှ အဖြူ (သို့) အ၀ါ (သို့) အစိမ်းဖန့်ဖန့် အရည်များ ထွက်ခြင်း၊ ဆီးသွားတဲ့ အခါ ပူလောင်ခြင်း။
၃။ Syphilis ဆစ်ဖလစ် - လိင်အင်္ဂါမှာ Chancroid လိုအနာပေါက်တယ်၊ ပထမအဆင့်မှာ နာကျင်မှုမရှိတဲ့ အတွက် လူတွေက သိပ်အရေးမစိုက်ဖြစ်ဘူး။ ရောဂါပိုးက သွေးထဲရောက်သွားပြီး အချိန်ကာလတစ်ခု ကျော်ဖြတ်ပြိးတဲ့ အခါ ဦးနှောက်ဖေါက်ပြန်ရူးသွပ်ခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကန်းခြင်း၊ ထုံအခြင်း၊ နှလုံးရောဂါ စသဖြင့် ဖြစ်လာ နိုင်ပြီး သေဆုံးနိုင်လောက်တဲ့အထိ အန္တရာယ်များပါတယ်။ (အသေးစိတ်ကို နောက် post များတွင် ဖေါ်ပြပါမည်)
၎။ ‘Genital herpes လိင်လမ်းရေယုံ’ - လိင်အင်္ဂါမှာ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကိုကူးနိုင်တယ်။
၅။ အမျိုးသမီး အင်္ဂါ ရောင်ခြင်း၊ ယားခြင်း၊ အရည်ဖြူ ဆင်းခြင်း။ ဒါကတော့ လိင်လုံးဝမဆက်ဆံဖူးတဲ့ အမျိုးသမီးများလည်း တကိုယ်ရေသန့်ရှင်းရေး အားနည်းမှုကြောင့် ဖြစ်တတ်ပါတယ်။
၆။ Chancroid ‘ရှန်ကာ’ လိင်အင်္ဂါမှာအနာ၊ အကြိတ်ပေါ်လာမယ်၊ ပေါင်ခြံအကြိတ်တွေ ရောင်လာမယ်။ နာမယ်။
၇။ LymphogranulomaVenereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။
၈။ ‘Genital Warts လိင်အင်္ဂါကြွက်နို့ - Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကနေတချိန်မှာသားအိမ်ဝကင်ဆာ ဖြစ်စေနိုင်တယ်။ ပွါးတာမြန်တဲ့အတွက် တချို့အမျိုးသားများ လိင်အင်္ဂါ ဖြတ်ပစ်ရတဲ့အထိ ဖြစ်ရတတ်ပါတယ်။
၉။ Hepatitis B (ဘီ) ပိုး၊ Hepatitis C (စီ) ပိုး အသဲရောင် (ဘီ) နဲ့ (စီ) လည်း လိင်ဆက်ဆံရာကနေတဆင့်ကူးစက်ပါတယ်။
(၁ဝ) လက်ရှိခေတ်စားနေတဲ့ HIV/AIDS ကတော့ ကုရာနတ္တိဆေးမရှိပါ။ ကို

ကိုယ်ဝန်ဆောင်ရင် အထူးသတိထားပါ။ စောမွေးတာ-ပျက်တာလဲ ဖြစ်နိုင်တယ်။ အထဲကကလေးကိုထိခိုက်နိုင်တယ်။ အသေမွေးနိုင်တယ်။ အလေးချိန်မပြည့်ကလေးမွေးနိုင်တယ်။ ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ရှိနိုင်တယ်။

ဒါဆို ဘယ်လို ကာကွယ်မလဲ
လိင်မဆက်ဆံဘဲနေပါလို့ပြောတာ အမှန်ဆုံးဘဲ။ လက်တွေ့မကျလို့ အကြံကောင်း ပေးတာကို လိုက်နာပါ။ အဖေါ်ကို ပွင့်ပွင့်လင်းလင်းမေးပါ။ ဆေးစစ်ကြပါ။ (ကွန်ဒွမ်) အမြဲသုံးပါ။ လက္စဏာရှိရင် မြန်မြန် ထိထိရောက်ရောက် ဆေးကုပါ။

Condoms (ကွန်ဒွမ်) ကနေအကုန်လုံးကိုမကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) ကနေ Gonorrhea, Chlamydia, HIV နဲ့ Trichomoniasisတွေကိုတော့ ကောင်းကောင်းကာကွယ်နိုင်တယ်။ Herpes, Syphilis နဲ့ Genital warts တွေကိုတော့ ကောင်းကောင်းမကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) မဖုံးတာကိုတော့ မကာကွယ်နိုင်ပါ။ Crabs နဲ့ Scabies တွေကို လုံးဝ မကာကွယ်နိုင်ပါ။

အများစုရောဂါတွေက တခါဖြစ်ပြီး၊ ရောဂါပြီးသွားသလို မဖြစ်စေနိုင်ပါ။ Gonorrhea, Syphilis, Chlamydia နဲ့ Trichomoniasis တွေကို ဆေးကုရင် ရှိနေတာတွေ ကောင်းသွားမယ်။ ဒါပေမဲ့ နောက်ထပ်ဖြစ်ရင် နောက်တခါ ဆေးထပ်ကုရလိမ့်မယ်။ ကိုယ်ကဆေးကုပေမဲ့ အဖေါ်ကဆေးမကုရင် ပြန်ကူးလာမယ်။

# Cred
(Dr. တင့်ဆွေ)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html