ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မိမိရဲ့ Facebook page ကို ထိထိရောက်ရောက် manage လုပ်နိုင်နည်း

မိမိရဲ့ Facebook page ကို  ထိထိရောက်ရောက် manage လုပ်နည်း
*******************************
သင်ဟာ ယခုလောလောဆယ် Facebook page တစ်ခုကို manage လုပ်နေပါသလား?
admin features တွေကိုရော အသုံးပြုတတ်ပြီလား?
Marketer တွေနဲ့ Business owner တွေအတွက် သူတို့ရဲ့ Business ကျယ်ပြန့်လာစေဖို့ Facebook pages တွေမှာ tools တွေ အများအပြား ပါဝင်လာပါပြီ။
ဒီ article မှာဆိုရင် ကိုယ့်ရဲ့ page ကိုကောင်းကောင်း manage လုပ်နိုင်စေဖို့ Facebook ရဲ့ features တွေ tools တွေကို ဘယ်လိုသုံးရမလဲဆိုတာ ရှင်းပြပေးသွားမှာပါ။
______________________________________
1. သင့်ရဲ့ Facebook page တွေကို access လုပ်နည်း
သင်ဟာ Facebook page တစ်ခု ဒါမှမဟုတ် တစ်ခုထက်မကကို manage လုပ်နေရပါသလား?
သင် admin, editor, moderator, advertiser ဒါမှမဟုတ် analyst လုပ်နေတဲ့ page တွေအားလုံးကို မြင်ရဖို့ဆိုရင် သင့်ရဲ့ Pages bookmarks ကိုသွားပါ။
အဲဒီမှာမှ သင် access လုပ်ချင်တဲ့ page ကိုရွေးပါ။
သင့်ရဲ့ Facebook page ကနေ တခြား page တွေကို like လုပ်ချင်တာဖြစ်ဖြစ် post တွေမှာ comment လုပ်ချင်တာဖြစ်ဖြစ်ဆိုရင် ပထမဆုံး သင့်ရဲ့ page ကို log in ဝင်ပါ။
ဒါ့အပြင် setting ကို ရွေးချယ်ပြီး Facebook screen ရဲ့ ဘယ်ဘက် slidebar က favorites မှာ သင်ကြိုက်နှစ်သက်ရာ page တွေကို ထည့်ထားလို့ရပါတယ်။
Facebook screen ရဲ့ ထိပ်ဆုံးမှာရှိတဲ့ drop-down arrow ကနေတဆင့်လည်း သင့်ရဲ့ page တွေကို ဝင်ရောက် access လုပ်လို့ရပါတယ်။
______________________________________
2. သင့်ရဲ့ Page Menu ကို အသုံးချပါ
သင် manage လုပ်တဲ့ Facebook page ရဲ့ထိပ်ဆုံးမှာ ဒီ page ရဲ့ main features တွေဆီကို ညွှန်ထားတဲ့ menu ရှိပါတယ်။
သင့်ရဲ့ personal profile ဒါမှမဟုတ် page မှာ log in ဝင်လိုက်ရင် ဒီ menu ကို တွေ့ရမှာပါ။
menu မှာ ပထမဆုံးတွေ့ရမယ့် နာမည်က page ပါ။
သင်ဟာ message box, notifications, settings ဒါမှမဟုတ် ဘာနေရာရောက်နေနေ page ကိုနှိပ်လိုက်ရင် သင့်ရဲ့ main page ကို ပြန်ရောက်သွားပါလိမ့်မယ်။
user တွေနဲ့ message တွေကနေတဆင့် သီးသန့်ဆက်သွယ်ပါ
Message ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ..Facebook user တွေနဲ့ သီးသန့်ဆက်သွယ်လို့ရမယ့် နေရာပါ။
Note # သင့်ဆီကို message ပို့လာတဲ့ သူတွေကိုပဲ reply ပြန်လို့ရမှာပါ။
Message မှာပါတဲ့ feature ကောင်းတစ်ခုကတော့ saved replies ပါ။
Messages တစ်ခုခုကို click လုပ်ပြီး create new reply ကနေတဆင့် ကိုယ်အဓိက reply ပြန်လေ့ရှိတဲ့ message အမျိုးအစားကို ဖန်တီးထားလို့ရပါတယ်။
Notification တွေကို မကြာခဏ စစ်ဆေးပါ
Notification ဟာ ကိုယ့်ရဲ့ page အပေါ် လူတွေရဲ့ တုံ့ပြန်မှုတွေ ထင်မြင်ချက်တွေကို အလွယ်တကူသိနိုင်မယ့် နေရာပါ။
user တစ်ယောက်ယောက်က သင့်ကို ဆက်သွယ်ချင်လို့ information တောင်းတဲ့အခါမျိုးမှာလည်း notification ကြောင့် မြန်မြန်ဆန်ဆန်သိရှိနိုင်ပါတယ်။
Notification ရဲ့ အောက်မှာ တွေ့ရမှာက Activity ပါ။
အဲဒီမှာဆိုရင် သင့်ရဲ့ page ကို user တွေက mention ခေါ်ထားတာမျိုး page က တင်တဲ့ post တွေ share ထားတာမျိုး စတဲ့ activity တွေကိုတွေ့ရမှာပါ။
Insights ကနေတဆင့် analysis review လုပ်ပါ
Insights ကနေတဆင့် သင့်ရဲ့ page မှာ fanတွေ တိုးတက်လာမှုအခြေအနေ တုံ့ပြန်မှုအခြေအနေတွေကို လေ့လာလို့ရမှာပါ။
ဒါ့အပြင် insight မှာ သင်တင်ထားတဲ့ ဘယ် post တွေက တုံ့ပြန်မှုအများဆုံးရသလဲ..ဘယ် Fanတွေကတော့ သင့်အတွက် သင့်တော်တဲ့ customer တွေဖြစ်နိုင်သလဲဆိုတာ တွေ့ရပါလိမ့်မယ်။
ဒါ့အပြင် သင့်ရဲ့ page ကို ဘယ်သူတွေအလည်လာသွားသလဲ ဆိုတာလည်း သိနိုင်ပါတယ်။
Publishing tools ကိုတော့ Facebook update တွေဖန်တီးချင်တာမျိုး post တွေကို sheduleဆွဲပြီးမှ တင်တာမျိုး နောက်မှတင်မယ့် post တွေကို draft အဖြစ် သိမ်းထားမိုးတွေ လုပ်ချင်တဲ့အခါ သုံးပါတယ်။
Post တစ်ခုခုတင်ချင်ပြီဆိုရင် Publish Posts ကိုသွားပြီး ညာဖက်ထိပ်ဆုံးမှာရှိတဲ့ Create ကိုနှိပ်ရမှာပါ။
Schedule ဆွဲပြီးမှ တင်ချင်တယ်ဆိုရင်တော့ schedule posts က create ကိုနှိပ်ပါ။
ပြီးရင် Publish button ရဲ့ ဘေးက drop-down arrow ကို နှိပ်ပြီး schedule, dackdate ဒါမှမဟုတ် draft စတဲ့ ကိုယ်ကြိုက်နှိပ်သက်ရာ option ကိုရွေးပါ။
Publish posts မှာလည်း သေချာ analysis လုပ်လို့ရပါတယ်။
specific updates တွေနဲ့ ပတ်သက်တဲ့ information ကိုသိချင်ရင် keyword နဲ့ ရှာကြည့်ပါ။
အဲဒီမှာ reach တွေအပြင် postတွေတင်တဲ့အခါမှာသုံးခဲ့တဲ့ application နာမည်တွေကိုပါတွေ့ရမှာပါ။
ဒီ data တွေကြောင့် ဘယ် post တွေက တုံ့ပြန်မှုအများဆုံးရသလဲ ဆိုတာသိနိုင်ပြီး third party software သုံးပြီးတင်တဲ့ post တွေနဲ့လည်း နှိုင်းယှဉ်လေ့လာလို့ရမှာပါ။
______________________________________
3. Page Setting တွေကို ချိန်ညှိတတ်ပါစေ
Page setting ကနေတဆင့် သင့်ရဲ့ page ကို အစအဆုံး control လုပ်လို့ရမှာပါ။
ထိပ်ဆုံးမှာရှိတဲ့ Page menu ရဲ့ ညာဖက်မှာ setting ကို access လုပ်လို့ရပါမယ်။
ပထမဆုံးတွေ့ရမှာကတော့ General Setting ပါ
ဒီကနေတဆင့် page ရဲ့ visibility, private messaging, tagging နဲ့ comment စတဲ့ optionတွေကို ချိန်ညှိလို့ရမှာပါ။
Page info ကို update လုပ်လို့ရပါတယ်
Page info ကိုရွေးရင်တော့ page ရဲ့ about ဆိုတဲ့နေရာကို ရောက်ပါလိမ့်မယ်။
ဒီနေရာမှာတော့ page category, name, location, description စတဲ့ အရာတွေကို update လုပ်လို့ရမှာပါ။
About မှာပါတဲ့ itemတွေကို edit လုပ်ချင်ရင် specific section ပေါ်မှာ click ထောက်လိုက်လို့ ပေါ်လာမယ့် Edit button ကိုနှိပ်ပြီး ပြင်လို့ရပါတယ်။
Post Attribution မှာတော့ post တသ်ခုကို page မှာတင်ချင်လား personal profile မှာပဲတင်ချင်လားဆိုတာ ဆုံးဖြတ်လို့ရပါတယ်။
Comments Attribution ကိုလည်း သင်ကြိုက်နှစ်သက်ရာ ပြောင်းလို့ရပါတယ်။
Notification setting မှာဆိုရင် သင့်အနေနဲ့ ဘယ်လို activity တွေက notification တွေကို မြင်ချင်သလဲဆိုတာ ချိန်ညှိလို့ရမှာပါ။
notification တွေကို Facebook ကနေပဲ မြင်ချင်တယ်ဆိုရင် email ဒါမှမဟုတ် text message နဲ့ပို့တဲ့ notification ကို turn off လုပ်ထားပါ။
Page role တွေကို ပေါင်းထည့်တာ ဒါမှမဟုတ် edit လုပ်တာ
Page roles setting မှာကတော့ သင်ရဲ့ page မှာ user တွေထည့်တာမျိုး သူတို့ရဲ့ roles တွေကို edit လုပ်တာမျိုးတွေ လုပ်လို့ရမှာပါ။
ဥပမာ - သင် ရာနှုန်းပြည့် ယုံကြည်စိတ်ချတဲ့သူတွေကို admin ရာထူးထားမယ်ဆိုရင် သူတို့ကလည်း တခြားသူတွေအပြင် သင့်ရဲ့ role ကိုပြောင်းတာ၊ ဖန်တီးတာ၊ ဖယ်ရှားတာတွေပါ လုပ်နိုင်ပါတယ်။
Applications တွေကို configure လုပ်တာ
App setting မှာဆိုရင့် page မှာပေါင်းထည့်ထားတဲ့ custom tabs တွေကို configure လုပ်လို့ရမှာပါ။
cover photo ရဲ့ အောက်က menu မှာပေါ်တဲ့ custom content ကို Facebook apps တွေက ဖန်တီးတာပါ။
ဒါ့အပြင် page ရဲ့ ဘယ်ဖက် sidebar မှာရှိတဲ့ App inbox မှာလည်း တွေ့နိုင်ပါတယ်။
Featured Setting ကို configure လုပ်နည်း
Feature setting မှာကတော့ သင့်ရဲ့ page က like လုပ်ထားတဲ့ တခြား pageတွေနဲ့ page owner ရဲ့ personal profile ကိုမြင်ရမှာပါ။
Feature likes ကိုတော့ page ရဲ့ ဘယ်ဖက် sidebar မှာတွေ့ရပါမယ်။
ဒီ section ကို apps တွေ photo တွေ video တွေနဲ့ visitor post တွေရဲ့ ထိပ်မှာ ဒါမှမဟုတ် အောက်မှာရောက်အောင် ပြန်စီလို့ရပါတယ်။
Feature Page Owner (s) ကိုတော့ page ရဲ့ about မှာတွေ့နိုင်ပါတယ်။
ဘန်းထားတဲ့ user list နဲ့ တခြား user setting ကို စစ်ဆေးပါ
Banned user setting မှာဆိုရင် သင် ဘန်းထားတဲ့ လူတွေကိုတင်မကဘဲ သင့်ရဲ့ page ကို like လုပ်ထားတဲ့သူတွေ subscribers တွေနဲ့ page admin တွေကိုပါ တွေ့ရမှာပါ။
သင်ဟာ page ကို like လုပ်ထားသူတွေထဲကမှ သင့်ရဲ့ page ကို manage လုပ်စေချင်တဲ့သူကို ရွေးချင်ရင် people who like this ကနေ ရွေးနိုင်ပါတယ်။
ဒါ့အပြင် ban ထားတဲ့သူတွေကို ပြန်လက်ခံချင်လို့လည်း ရပါသေးတယ်။
Page support ကနေတဆင့် သင့်ရဲ့ page ကို support လုပ်စေချင်သူတွေကို Requests ပို့ပါ။
Requests တွေကိုတော့ help center ကနေတဆင့် ဖန်တီးလို့ရပါတယ်။
Activity log ကို စစ်ဆေးပါ
Activity log ဆိုတာကတော့ သင့်ရဲ့ page ကလုပ်သမျှ activity တိုင်းရဲ့ အသေးစိတ်ကို ဖော်ပြထားတဲ့နေရာပါ။
ကြိုက်တဲ့ activity ကို သူ့ဘေးက Pencil ပုံလေးကနေတဆင့် hide ဒါမှမဟုတ် delete လုပ်လို့လည်းရပါသေးတယ်။
ဒါ့အပြင် ကိုယ့်ကိုလာ tag ထားတဲ့ တခြား post တွေကို hide ဒါမှမဟုတ် remove tag လုပ်လို့ရပါတယ်။
______________________________________
နိဂုံးချုပ်
အခုဖော်ပြထားသလိုပဲ Facebook ဟာ page တစ်ခုကို manage ကောင်းကောင်းလုပ်နိုင်ဖို့ အသုံးဝင်တဲ့ features တွေ tools တွေအများအပြားကို ပေးထားပါတယ်။
ဘယ်အရာတွေက Facebook marketing အတွက် အဓိက အထောက်အကူပြုလဲဆိုတာကို လေ့လာကြည့်ကြတာပေါ့။
အခုဖော်ပြခဲ့တဲ့အကြောင်းအရာက မိတ်ဆွေတို့အတွက်အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိသွားစေတယ်ဆိုရင် အခြားသူများပါသိနိုင်ဖို့ Share လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ။
Cred#



No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html