ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကျော်မယ် ခွမယ်.. အင်ဗာတာ ဆင် နည်း

ကျော်မယ် ခွမယ်
**************

ညနေပိုင်း အလုပ်သိမ်းပြီဆို အိမ်မပြန်ကြသေး
ပဲ လက်ဘက်ရည်ဆိုင်ထိုင်ကြရတာဟာ ထုးံစံ
လိုဖြစ်လို့နေပါပြီ။ အခုလည်း ဆိုင်ထိုင်နေကြရင်း
ဒီနေ့ လုပ်ခဲ့တဲ့ လုပ်ငန်းအကြောင်းတွေ မနက်
ဖြန် လုပ်ရမယ့် လုပ်ငန်းအကြောင်းတွေကို ဆရာ နဲ့အတူ ပြောကြဆိုနေကြတာပါ။

မနက်ဖြန် ကျနော်က သုးံထပ်တိုက် တစ်လုးံမှာ
မီးအားမြှင့်စက် သွားတပ်ပေးရမှာပါ။ တစ်ထပ်ကိုတစ်လုံး နဲ့ သုးံလုးံတပ်ရမှာပါ။ ဆရာက
အဲဒီမှာ မီးအားမြှင့်စက် သွားတပ်ရင် ဘယ်လို
တပ်မလဲလို့ မေးပါတယ်။ 2pole mcb နဲ့ elcb
ကြားက loop လေးကို ဖြုတ်လိုက်မယ်ဆရာ
ပြီးရင် 2p အထွက်ကို မီးအားမြှင့်စက် ထဲဝင်
မယ်၊ မီးအားမြှင့်စက် အထွက်ကို elcb ထဲဝင်
လိုက်မယ် လို့ ကျနော်ကဖြေလိုက်ပါတယ်။

အေး မီးအားမြှင့်စက် တွေတပ်ပေးရင် နောင်
တချိန် ဒီစက်ကို ဖြုတ်လဲတာတွေ ပြုင် တာတွေ
လုပ်ရင် လွယ်ကူအောင် c/o နှစ်လုးံနဲ့ bypass
လုပ်ပြီးတပ်ပေးရတယ်ကွဆိုပြီး ပုံပါသေချာ
ဆွဲပြီးသင်ပေးလိုက်ပါတယ်။

နောက်နေ့ သုးံထပ်တိုက် ကိုရောက်တော့ အေး
ဆေးပေါ့ဗျာ၊ ဘာပူစရာလိုလဲ ဆရာကိုယ်တိုင်
သေချာပုံဆွဲပေးလိုက်တာပဲ။ c/o တွေကတော့
ကျနော်ရောက်မှ ဝယ်ရမှာပါ။ အိမ်ရှင်ကိုလဲ
မီးအားမြှင့်စက် တပ်ရင် ချိန်အိုဗာ နှစ်လုးံနဲ့ တပ်
ရတယ် ဘယ်လိုအားသာချက်ရှိတယ်ဆိုတာတွေ
ကို အာပေါင်းရင်းသန်သန်နဲ့ ဆရာပြောခဲ့တဲ့
အတိုင်းကို ဆရာကြီးစတိုင်နဲ့ လေကျယ်နေတာ
ပေါ့ဗျာ။

အကို အရင်မီးဆင်ခဲ့တုန်းက 2p သုးံလုးံပိုနေ
တယ် ။ ထည့်ဆင်လို့ရရင်ထည့်ဆင်ပေးပါလို့
အိမ်ရှင်က ပြောလာပါတယ်။ ဒါနဲ့ ကျနော်လဲ
2p တစ်လုးံ c/o တစ်လုးံနဲ့ ကို bypass လုပ်ဖို့
စဉ်းစားတာ ဘယ်လိုမှ မထွက်ဘူးဗျာ။
ကိုယ့်ဆရာတို့သိတဲ့အတိုင်း ကျနော်ကလဲ စူပါ
ထုံလေ။ ဆရာ့ကိုဖုန်းဆက်မေးရတာပေါ့
ထည့်သုးံလို့ရမရ။ ဆရာက ဖုန်းထဲက ပြောပြ
လိုက်တာ အဆင်ပြေသွားတယ်ဗျာ။

တစ်ခါတစ်ခါ ဒီလိုဆိုပြီး ကျနော်ကအပိုင်တွက်
ထားပေမယ့် ဟိုလိုနဲ့တွေ့ရင် ဂွမ်းတာပဲ။

MyatMin Thuya Kyaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html