ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Arduino ဆိုသည်မှာ ( အာဒီနို )

Arduino ဆိုသည်မှာ ( အာဒီနို )

Ardunio ဆိုသည်မှာ အလွယ်တကူအသုံးပြ၍ရသော Hardware နှင့် Software များကိုအခြေခံ၍ တည်ဆောက်ထားသော open-source prototyping platform တခုဖြစ်သည် ။ Open-source ဆိုသည်မှာ အဆိုပါ hardware များတည်ဆောက်ထားပုံနှင့် software များရေးသားထားသည့် နည်းစနစ်မှားအားလုံးကို ပြည်သူမှအလွယ်တကူ အခမဲ့ ရယူပြင်ဆင်နိုင်သည့် သဘောတရားဖြစ်သည်

Arduino Board များကိုအလွယ်ကူးဆုံး ရှင်းပြရလျှင် ၄င်းနှင့်ချိတ်ဆက်ထားသော input device များနှင့် sensor များမှအချက်အလက်များကို ဖတ်ရှုခြင်း မော်တာများကိုမောင်းနှင်စေနိုင်ခြင်း LED မီးလုံးများ ဖွင့်ပိတ်ခြင်း အင်တာနက်နှင့် ချိတ်ဆက်လုပ်ဆောင်ခြင်းများပြုလုပ်နိုင်သည် ထိုသို့ပြုလုပ်နိုင်ရန် ( Wiring ကိုအခြေခံထားသော ) Arduino programming language နှင့် ( Processing ကိုအခြေခံထားသော ) Arduino Software ( IDE ) အသုံးပြု၍ မိမိတို့အလိုရှိသည့် ညွှန်ကြားချက်များကိုရေးသားကာ USB ကြိုးဖြင့် serial port မှာတဆင့် Arduino Board တွင်တပ်ဆင်ထားသည့် micro controller အတွင်းသို့ထည့်သွင်း၍ အလုပ်လုပ်စေခြင်းဖြစ်သည် Arduino သည် အီလက်ထရွန်းနစ်ပစ္စည်းများကို လွယ်ကူစွာ ထိန်းချုပ်စေခိုင်းစေနိုင်အောင် စီမံထားသည့် controller board တခုပင်ဖြစ်သည်

သမိုင်းကြောင်း မှာ
Arduino ကို ၂၀၀၅ ခုနှစ်က အီတလီရှိ Ivrea Institute ရှိ ဆရာအချို့က ကျောင်းသားများ အလွယ်တကူ အသုံးပြုနုင်ရန် ရည်ရွယ်၍ရိုးရှင်း ခေတ်မှီပြီး ဈေးနှုန်းသက်သာသည့် micro controller board အဖြစ် ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်သည် Arduion ဆိုသောနာမည်ကိုမူ ၄င်းတို့ထိုင်နေကျ ကော်ဖီဆိုင်၏ နာမည်မှ ရယူထားခြင်းဖြစ်ပြီး Arduino ဆိုသည်မှာ ဘုရင်ကြီး တပါး ၏ အမည်ပင်ဖြစ်သည်

Arduino ၏ပထမဆုံးဒီဇိုင်းသည် အရွယ်အစားကြီးမားပြီး ရှုပ်ထွေးသည့် ချိတ်ဆက်နည်းများဖြင့်အသုံးပြုခဲ့ရသေးသည် ထို့ပြင် ယနေ့ခေတ်တွင် စံအဖြစ်အသုံးပြုနေပြီဖြစ်သော USB Port လည်းမပါဝင်သေးပေ သို့ရာတွင် အလားအလာများစွာရှိခဲ့သည့် ရှေ့ဆောင်ပုံစံပင်ဖြစ်သည် ယခုအခါတွင်မူ ၄င်း၏ ရိုးရှင်းမှု့နှင့် အသုံးပြုရလွယ်ကူမှု့ကြောင့် နာမည်ကြော်ကြားလာခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များက အင်ဂျင်နီယာ များသာလုပ်ဆောင်နိုင်သည့် project များကို ကွန်ပြူတာအနည်းငယ်သုံးတတ်ရုံမျှဖြင့် ကလေးများကပင် တည်ဆောက်အသုံးပြုနေနိုင်ပြီဖြစ်သည် အသုံးချခြင်း

Arduino ၏ဒီဇိုင်းတခုလုံးအား open source ပြုလုပ်ထားခြင်းကြောင့် ၄င်းကိုရယူကာ clone ပြုလုပ်ထားသော controller board အများအပြားကို ကမ္ဘာ့အနှံတွင် တွေ့မြင်ဝယ်ယူနိုင်ပြီ ဖြစ်သည် Arduino ကိုတည်ထွင်နိုင်ခဲ့မှု့ကြောင့် open source နှင့် 3D printer လှုပ်ရှားမှု့ဖြစ်သော maker အစရှိသည့် နည်းပညာတော်လှန်ရေးများစွာ ဖြစ်ပေါ်လာစေရန် အကောင်းဆုံးတွန်းအားဖြစ်စေခဲ့သည် ကျွန်ုပ်တို့အနေဖြင့် Arduino board အတွင်း code များရေးသားထည့်သွင်းကာ ပါတ်ဝန်းကျင်မှ အချက်အလက်များကို sensor များမှာတဆင့် ရယူနိုင်ပြီး အဆိုပါအချက်အလက်များကို အခြေခံ၍ သက်ဆိုင်ရာ လုပ်ဆောင်မှု့များ ဆုံးဖြတ်ပြုလုပ်နိုင်ပေသည် စက်ရုပ်များ 3 D Printer များ အရုပ်များ သာမက ပေါင်မုန့်မီးကင်စက်များအတွင်းတွင် Arduion ထည့်သွင်း၍ပိုမိုစမက်ကျပြီး အသိဥာဏ်ရှိသော လုပ်ဆောင်မှု့များ ဖန်တီးနိုင်ပြီဖြစ်သည်

ဥပမာ အနေဖြင့်
Arduino နဲ့ပြုလုပ်ထားသော project တချို့မှာ Humidity sensor မှရသော စိုထိုင်းစတန်ဖိုးကို ဖတ်ယူတွက်ချက်ကာ ပန်းပင်နှင့် စားပင် သီးပင်များကို အလိုအလျောက် ရေဖန်းနိုင်ခြင်း အင်တာနက်လွှင့်ထားသည့် router နှင့် ချိတ်ဆက်ကာ stand-alone chat server တခုတည်ဆောက်နိုင်သလို သင့်အိမ်မွေး တိရစ္ဆာန်များ အိမ်ထဲသို့ ဝင်ထွတ်တိုင်း tweeter facebook အကောင့်သို့ message ပို့ပေးနိုင်ခြင်း Home automation system များ မနက်အိပ်ရာထရန် ပေးထားသော alarm မြည်လို့သင်ပိတ်လိုက်သည်နှင့် ကော်ဖီစတည်ပေးမည့် စနစ်များ စသည်ဖြင့် စိတ်ကူးရှိသမျှ တည်ဆောက်နိုင်ပေသည်

Arduino ကိုအသုံးပြုရန်အတွတ် ကွန်ပြူတာထဲတွင် Arduion IDE ကိုကြိုတင်သွင်းထားရန်လိုအပ်ပေသည်
ှSource : Wikipidia

ကျမ်းမာကြပါစေ
လျှပ်စစ်ကျောင်းသား

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html