ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ရှာပုံတော်

ရှာပုံတော်
********

မီးအလုပ်စ စပြီးလုပ်တဲ့ကျ နော်ဟာ လုပ်ငန်း
သုးံ ပစ္စည်း အခေါ် အဝေါ် တွေကိုတောင်
ကောင်းကောင်း နားမလည်သေးပါဘူး။
စီနီယာ အကိုတွေက screw driver star ယူပေး
စမ်း။ screw driver မိုင်းနပ် ယူပေးစမ်း။
Pipe cutter, cable cutter စတဲ့ အခေါ်အဝေါ်
တွေနဲ့ ပစ္စည်းနဲ့က တွဲပြီး မမြင်တတ်သေးပါဘူး။

ပစ္စည်းလိုအပ်လို့ ကျနော်ကိုယူခိုင်းရင် တလွဲတွေ
ချည်းပါပဲ။ လုပ်ငန်းကို နားမလည် မကျွမ်းကျင်
တဲ့ ကျ နော်နဲ့ဆို ဘယ်သူကမှ အလုပ်အတူ
မလုပ်ချင်ကြပါဘူး။

ကျ နော်တို့ လုပ်ငန်းသဘာဝကလည်း စက်ရုံ
တစ်ရုံမှာ အထိုင်ထားပြီး လုပ်နေစဉ် စက်ရုံ
သူဌေးကနေပြီး သူနဲ့ပတ်သတ်ရာ အိမ်တွေကို
မီးဆင်ခိုင်းတာတို့ ဟိုဘရေကာကျ လို့ ဟိုမီး
လုးံမလာလို့ စတဲ့ အလုပ်တွေအတွက် အခေါ်
ရှိပြီဆိုရင် ဆိုင်ရာ ဆိုင်ရာတွေကို လူတွေခွဲပြီး
သွားလေ့ရှိပါတယ်။

အဲဒီလို လူခွဲကြပြီဆိုရင် ကျနော့ကိုဘယ်သူမှ
မခေါ်ချင်ကြပါဘူး။  ဒီကောင့်ကို မင်းတို့ မခေါ်
ကြရင်လဲ ငါပဲ ခေါ်သွားတော့မယ်ဆိုပြီး ဆရာ
ကပဲ သူနဲ့အတူ ခေါ်သွားလေ့ရှိပါတယ်။
ဒီလိုနဲ့ ကျနော်ဟာ ဆရာနဲ့ အမြဲလိုလို တွဲလုပ်
ခဲ့ရပါတယ်။

အမှန်ပြောရရင် ကျနော်တို့ တစ်ဖွဲ့လုးံက ဆရာ့ကို ကြောက်ကြတယ်။ အလုပ်ထဲကို ဆရာမလာ
သေးတဲ့အချိန်ဆို လုပ်ကြကိုင်ကြတာ သူ့ဘာသာသူ အဆင်ကိုပြေနေတာပါပဲ။ အဲ ဆရာ များရောက်လာပြီဆိုလို့ကတော့ ပျာယာ
ခက်ပြီး ဘာလုပ်ကြရမှန်းမသိကြတော့ပါဘူး။
အဲဒီတော့ ဆရာနဲ့ဆိုရင် မလွတ်လပ်လို့ ဘယ်သူမှ တွဲမလုပ်ချင်ကြဘူး။ ကျနော်ဆို ပိုဆိုးတာ
ပေါ့ဗျာ၊ လုပ်ငန်းက နားမလည် ဆရာ့ကို
ကြောက်ကလဲကြောက်နဲ့ အလုပ်ကနေပြေး
ချင်စိတ်က ခဏခဏ ပေါ်တတ်ပါတယ်။
ဒီလိုမျိုးနဲ့ ဆရာနဲ့အတူတွဲပြီး အလုပ် လုပ်ချိန်တွေ
များခဲ့တယ်ပေါ့ဗျာ။

ဒီနေ့လည်း စက်ရုံတစ်ရုံက control တွေ မကပ်
လို့ လှမ်းခေါ်ပါတယ်။ ဟိုရောက်တော့ ဆရာ
လည်း pannel ကိုဖွင့်ပြီး စစ်တော့တာပေါ့။
Control မကပ်ဘူးဆိုမှတော့ ကိုယိ့ဆရာတို့လဲ
သိတာပဲဗျာ control power ကို အရင်စစ်မှာပေါ့
ဒါနဲ့ ဆရာက စစ်နေတုန်း ကျနော်က test lamp
လေးအမြန်လုပ်နေတာပေါ့။ ကျနော်တို့ Neutral
တွေရောက်မရောက်စစ်ဖို့က သူနဲ့စစ်ရတာလေ သူနဲ့ထောက်ကြည့်လို့ မီးလုးံလင်းရင် neutral
ရောက်တယ်ပေါ့ဗျာ။ သိတယ်မဟုတ်လား
ကျနော်ရဲ့ လုပ်ကွက်မြင်ပုံက။

မင်းဘာလုပ်နေတာလဲ လှမ်းမေးပါတယ်။
ဆရာ Neutral စမ်းရင် အဆင်သင့်ဖြစ်အောင်
လို့ပါဆရာ ဆိုတော့ မလိုဘူးဟေ့ကောင်
Neutral ကို multi metre နဲ့စမ်းလို့ရတယ်။
ဒီမှာကြည့်ဆိုပြီး မီတာကို ဗို့မှာလှည့်ထားပြီး
test pin တစ်ချောင်းကို phase မှာ ထောက်
လိုက်ပါတယ် နောက်တစ်ချောင်းကို သူ့လက်နဲ့
ကိုင်လိုက်ပါတယ်။
တွေ့လား ဗို့ ဘယ်လောက်ရှိလဲလို့ ကျနော့ကို
မေးပါတယ်။ 180v လောက်ရှိတယ်ဆရာ။
အေးအဲဒါဆို phase ရောက်တယ်။

နောက်တစ်ခါ neutral ပေါ်ထောက်ပြီး
နောက်တစ်ချောင်းကို အရင်လိုပဲ ဆရာက
သူ့လက်နဲ့ ကိုင်လိုက်ပါတယ်။ ပြီးတော့ကျနော်
ကိုမေးပါတယ်။ ဆရာဘာမှမပြဘူး ဇီးရိုး ပဲ
တွေ့တယ်။ အေးအဲဒါဆို neutral မရောက်ဘူး။
Neutral ရောက်တယ်ဆို အနည်းဆုးံ 2v 3v ပြတယ်။ အေးအရေးကြီးတာတော့ မှတ်ထား
ဒီပုံစံကို အုမ်း နဲ့လှည့်ပြီးမစမ်းမိစေနဲ့။ သေလိမ့်
မယ် လို့မှာထားပါတယ်။

နောက်ဆို ကျနော်လည်း neutral စမ်းပြီဆိုရင်
Test lamp မလိုတော့ဘဲနဲ့ metre တစ်လုးံနဲ့ပဲအဆင်ပြေနေပါတော့တယ်။

MyatMin ThuyaKyaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html