ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မြန်မာပြည် မှာ ရပ်ကွက်တွေထဲ ဘာကြောင့် မီးအားတွေ ကျတာလဲ ။

မြန်မာပြည် မှာ ရပ်ကွက်တွေထဲ ဘာကြောင့် မီးအားတွေ ကျတာလဲ
*******************************************************************
Volt drop ကျတာ မြန်မာ ပြည်မှာ အကြောင်း အမျိုးမျိုးတွေ ရှိပေမဲ့ အဓိ က အကျဆုံး အကြောင်း အရင်း ကတော့ လူတွေ သိတဲ့ လိုင်းကြိုး တွေကြောင့်ပါပဲ ။ ကြိုးဆိုဒ်တွေ ကသေးနေပြီ သုံးစွဲတာနဲ့ မမျှတ တာကြောင့်ပါ။
အရင်တုန်း ကတော့ အိမ်ခြေ တွေနဲတော့ အဆင်ပြေခဲ့ပေ မယ့် တိုးလာတဲ့ သုံးစွဲ သူတွေ အိမ် ခြေတွေ လျပ်စစ်  ပစ္စည်းတွေ ရှိလာခဲ့ပေမဲ့ လိုင်းကြိုးတွေ ကတော့ ထပ်မံတိုးချဲ့ နိုင်ခဲ့ ခြင်း မရှိပါဖူး ။ဒီ အတိုင်းပဲ ထပ်ထပ် ပြီး သွယ်လိုက်ကျတာပါ။
သစ်ပင်တွေ အပေါ် ဖြတ်သွားတဲ့ ကြိုးတွေ ကလဲ သစ်ပင် အစိုတွေ ကတဆင့် voltage တွေ မြေကြီးထဲ တချို့စီးသွားပြီး volt drop ကိုလဲ ဖြစ်စေပါတယ်။ နိုင်ငံခြားမှာတော့ နောက်ပိုင်း insulated cable ( အပေါ် မှာ အကာ ပါတဲ့ ) တွေ ကိုပဲ အသုံး များလာပါတယ် ။
လျပ်စစ် ဆိုတာ ဒိကနေ ပို့လိုက်ပေမဲ့ အဆုံးထိ ရောက်တဲ့ အခါ ပို့လိုက်တဲ့ voltage အတိုင်း မရှိတော့ပါဖူး ။ လျော့သွား ပါတယ် ။ အဲဒါ ကို volt drop လို့ခေါ်ပါတယ်။ ဘာ ကိုတည်မှီ နေလဲဆိုတော့
1. လျပ်စစ် current တန်ဖိုး ( ပမာဏ )  နဲ့ အဲဒီ current ကိုသယ် ဆောင်တဲ့ cable ရဲ့ ဆိုဒ် အကြီး အသေး ( cross section area ) ပေါ် ကို မူတည်နေတာပါ ။ ( များများသုံးလေ များများ ကျလေ ဖြစ်မှာပါ )ဒါကြောင့်မို့ load သုံးတာများတဲ့ ညဖက်ပို ကျတာပါ။ ပင်ရင်း transformer high voltage ဘက်မှာတောင် ကျပါတယ် ။
2. cable တွေ တိုင်းမှာ resistance( impendence )  အနည်းငယ်ရှိပါတယ် ။ ဒါကြောင့် မို့ cable ရှည်လေ resistance( impendence )   ပိုများလေ ပါ ။( ဒါကြောင့်မို့ Transformer နဲ့ဝေးလေ Volt  ပိုကျလေ ဖြစ်ပါမယ်
3.  နောက်တချက် က cable မှာပါတဲ့ ပစ္စည်း ပေါ် ကိုလဲ ကြေး ပါဝင်နှုန်း ပေါ်လဲ မူတည်ပါတယ်။ ကြေးပါဝင် နှုံး နဲလေ resistance ပိုများလေ ပါ။ cable  ပစ္စည်း မကောင်းရင် ပို voltage ကျပါတယ် ။ (  အခု ရပ်ကွက်ထဲ က ကြိုးတွေ ကတော့ နှစ်ပေါင်း များစွာ over load ကြောင့် အပူဒါဏ်တွေ ခံရပြီး resistance( impendence )  တွေ များနေပါတယ်)
တွက်တာကတော့ သူ့ဖေါ်မြူလာတွေ ရှိပါတယ်။ အဲဒါတွေ ကို မူတည်ပြီးတော့ project တွေ မှာcable end အဆုံးမှာ voltage ကို ဘယ်လောက် % အထိ ကျ မလဲ ဆိုတာတွက်ပြီး အရှည် နဲ့ size ကို အသုံးပြု တဲ့ load ( Amp ) ကို မူတည် တွက်ချက်  ရွေး ရပါတယ်။
အဲဒီ အကြောင်းကြောင်းတွေ ကြောင့် ကျွန်တော်တို့ မြန်မာပြည် မှာ volt drop အရမ်း ကျကျပါတယ် ။ Volt ကျရင် step up transformer သုံးတယ် ။ ပို current တွေ များလာတယ် ။ ပိုကျတယ် ။ ပိုတင်တယ်။ current ပိုများတယ်။ ကြိုးတွေ ပူလာတေယ်။ နီရဲလာတယ်။ resistance တွေ များလာတယ် ။  နောက်ဆုံး Line fuse တွေ ပါ ပြတ်တယ်။ ဂျာအေး သူ့ အမေရိုက် ဇတ်လမ်းတွေပါ။

အဲဒီတော့ Transformer တွေလဲ  လိုက်ရင်တောင်မှ ကြိုးတွေ ကို  မလဲ ရင် ( လုံလောက်တဲ့ cable size ) တွေ မရှိရင် ဗို့ ကျဆင်းခြင်း ကို ဆက်လက်ကြုံနေရမှာပါ။
Volt drop သက်သာအောင် transformer tapping တွေ ချိန်းလိုက်ပြန်တော့လဲ ည ဖက်မှာ Load နဲချိန်ဆို အရင်းနား က အိမ်တွေ မှာ သတ်မှတ် volt တွေသက် များပြီး safe guard တွေ က over voltage နဲ့ ဖြတ်တာတွေ တွေ ကြုံတွေ့ရပါတယ် ။
ဒါတွေ ကလဲ ဟိုတခါ ကျွန်တော် ပြော သလိုပါပဲ တပြည်လုံးဆိုတော့ အစိုးရ ချည်းပဲ မတတ်နိုင်ပါဖူး ။ ချမ်းသာတဲ့ ရပ်မိရပ်ဖ တွေ စုပေါင်း ပါဝင်လုပ်ဆောင်မှ အဖြေရှိမှာပါ။ volt drop ကဘာတွေ ဖြစ်သလဲဆို တော့ ပြည်သူတွေ သိထား နေတော့ မပြောတော့ပါဖူး။လျပ်စစ် ပစ္စည်း  အပျက် ကလေး တွေ အိမ်မှာ ပုံလာတာပေါ့။
Volt drop ကျ လို့ မကောင်းတဲ့ မီးအားမြှင့်စက်တွေ သုံးရင်လဲ လျပ်စစ် မီ တာ ခ က ၂ ဆလောက် ပိုကျပါတယ် ။ မီးအားမြှင့်စက်တွေ က ၅၀ % လောက် အလကားစားသွားလို့ပါ ။ ပြည်သူ လဲ မရ အစိုးရ လဲ ဆုံးရှုံးပါတယ် ။ အစိုးရ ပိုက်ဆံ ဆိုတာလဲ ပြည် သူ ပိုက်ဆံပါပဲ ။ နောက်ဆုံးတော့ ပြည်သူပဲ ၀န်ထုတ်ဝန်ပိုး ဖြစ်စေတာပါ ။
Volt drop တွေ ပျောက်ချင်ရင်တော့ သင့်တော်တဲ့ ကြိုးဆိုဒ် တွေ ကိုတွက်ချက်ပြီး လဲလှယ် ရမှာပါ ။
တအိမ် ဘယ်လောက် ချမ်းသာတဲ့ သူ က အလှုထည့် ပြီး လုပ်မှ ပဲ မြန်မြန် အဆင် ချော နိုင်ပါတယ် ။
စရိတ် မျပေး ကျန်းမာရေး ဆိုသလိုမျိုးပေါ့။
ပြည်သူများ မီးလဲ မပျက်  Volt drop ဘေး မှ မကြာမီ ကင်းဝေးပါစေ ။

Credit

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html