ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Main ခုံ DB အဝင် ဆင်နည်း

epc လာရင်လုပ်မယ့်အပိုင်း
အခုဒီပုံကိုကြည့်လိုက်ပါ။ ဆွဲထားတဲ့အပိုင်းပေါ့။ ပထမဦးဆုံး fuse ကို ဝင်တယ်။ ပြီးရင် mag contact ကိုဝင်တယ်။ အထွက်ကို mcb ကိုထပ်ဝင်တယ်။ ဘာလို့ mcb သုံးတာလဲဆိုတော့ safety အတွက်ပါ။ မသုံးချင်လည်းမသုံးပါနဲ့။ ဖြစ်ရင်တော့ ခံရမှာက ကိုယ်တိုင်ပါပဲ။ ဘာလို့ဆိုတော့ ဘယ်လို အခြေနေမှာပဲဖြစ်ဖြစ် မီးစက်မီးနဲ့ epc သည်တွေ့ဆုံခွင့်မရှိပါ။ မရှိအောင်လည်း လုပ်ထားပါတယ်။ ဟုတ်ပြီ နောက်တခုက gen မီးအဝင်ကလည်းအခုလိုမျိုးသုံးထားပါတယ်။ ကြည့်လိုက်ပါ။ ဟုတ်ပြီအခု မီးလာရင် KM1 ကို အလုပ်လုပ်ဖို့အတွက် တကယ်မီးလာသလား စစ်မယ်။ ပြီးရင် မီးစက်ရပ်နေသလား မီးစက် KM2' OFF နေသလားစစ်ပါ့မယ်။ဘာလို့လဲဆိုတော့ မီးလာနေရင် မီးစက်ကရပ်ခိုင်းထားရပါမယ်။ ပြီးရင် မီးစက် KM2 OFF ပိတ်ထားရပါမယ်။ KM2 ON ထားရင် ပြသာနာက EPC မီးက GEN ဆီကိုရောက်ပြီးတော့ ပျက်စီးနိုင်ပါတယ်။ ဒါကိုလည်း ထပ်ပြီးစစ်ရပါမယ်။ KM2 ပျက်သွားပြီး EPC မီး မီးစက်ဆီရောက်မလာအောင် KM2 ပျက်နေခဲ့ရင် R1 AND R2 ON နေမှာဖြစ်ပါတယ်။ ဒါဆိုရင်မီးစက်ကနိုးနေမှာပါ။ မီးလာပါရဲ့နဲ့ မီးစက်နိုးနေရင်တော့ KM2 ကိုစစ်သင့်ပါတယ်။ ဟုတ်ပြီ အခုမီးလာပြီ မီးလာတာနဲ့ ON Delay Timer ဆီ Power ရောက်ပါ့မယ်။ TMR ဆိုတာပါ။ အဲ့လိုပဲ တချိန်တည်းတပြိုင်တည်း AC220 Relay နှစ်လုံးအလုပ်လုပ်ပါ့မယ်။ KA1 and KA2 ပါ။ ဟုတ်ပြီ TMR ကို 10 Second ထားပါ့မယ် ။ ပြည့်တာနဲ့ On ပါ့မယ်။ ဒါဆို TMR NO က NC ဖြစ်ပြီးတော့ Power ထွက်လာမယ်။ဝKA1 and KA2 ကို ထပ်ဖြတ်မယ်။ ဘာလို့ဆိုတော့ KA1 and KA2 က အလုပ်လုပ်နေပြီမလို့ ။ပြီးရင် KM2 ကို ထပ်ဖြတ်မယ်။ KM2 ကလည်းမီးစက်နိုးသေးပေမယ့်  OFF နေပါတယ်။ ဘာလို့လဲဆိုတော့ နောက်ရက်မှ ဆက်တင်ပေးပါ့မယ်။

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html