မင်္ဂလာပါခင်ဗျာ :)
လျှပ်စစ်နှင့်ပတ်သတ်သော အမေး၊ အဖြေများ ( အပိုင်း- ၈ ) ဇာတ်သိမ်း
351, Cut-In , Cut-Out System ကို ဘယ် Plant တွေမှာ တပ်သလဲ ?
1. Refer System Low Pressure Cut-In , Cut-Out
2. Hydrophone System
3. Boiler Auto System
4. Air Compressor Auto Start & Stop
352, C.P.P ဆိုတာ ဘာလဲ ?
- Controllable Pitch Propeller
353, C.P.P အကြောင်းပြောပြပါ။
- Propeller Boss ပေါ်မှာ တပ်ထားတဲ့ Propeller Blade တွေဟာ အသေမဟုတ်ဘူး အရှင်ဖြစ်တယ်
- အဲဒီ Blade တွေကို Angle ပြောင်းလို့ရတယ်။
- “0” Angle ထားရင် Shaft လည်နေပြီးတော့ Thrust မရှိဘူး၊ ဘယ်ညာ အလိမ်ပေးလို့ရတယ်။
- ဘယ်ညာ အလိမ်ပေါ်မူတည်ပြီး ရှေ့သွားလို့ရမယ်၊ နောက်သွားလို့ ရမယ်။
- Enginee Speed ပြောင်းစရာမလိုဘူး၊ အဲဒါ C.P.P ပါပဲ။
- ရိုးရိုး Propeller တွေက Fined Propeller တွေပဲ ။
354, Electro Hydraulic System မှာ Electrical Failure ဖြစ်ခဲ့ရင်ဘာနဲ့ ဘယ်လို Control လုပ်မလဲ ?
ဘာ v/v ဖွင့်ရမလဲ ?
1. Chain Block နဲ့ဆွဲမယ်။
2. Modern Ship တွေမှာဆိုရင် Isolating v/v နှင့် By Pass v/v ဖွင့်ပြီး Hand Pump ရိုက်မယ်။
355, Steering Gear Test ၌ 35 to 30° လှည့်ရခြင်းမှာ ဘာကြောင့် 5° ချန်ထားရတာလဲ ?
- Rudder နဲ့ Control Mechanism တွေ ထိခိုက်စိုး၍ 5° ချန်ထားခြင်းဖြစ်သည်။
356, Boat Drill မှာ ဘာတွေလုပ်လဲ ?
1. လူစုမယ်
2. Muster List မှာခွဲထားတဲ့အတိုင်း ကိုယ့်တာဝန်ကိုယ်လုပ်မယ်
3. Life Boat Engine ကို Test Run လုပ်ကြည့်မယ်။
4. L/B ကို Lower Down လုပ်ကြည့်ပြီးရင် ပြန်တင်မယ်။
357, Life Boat ရဲ့ Safety Devices များကို ပြောပြပါ။
1. Limit Switch
2. Centrifugal Brake
3. Mechanical Brake
4. Barbour Safety Pin
5. Tagger Lever
358, Emergency Ship Board တွေကိုပြောပြပါ။ (သို့) Emergency အခြေအနေများကိုပြောပြပါ။
1. Abandon Ship 7. Collision
2. Fire 8. Shifting Cargo At Sea
3. Pollution 9. Explosion
4. Man Overboard 10. Flooding
5. Steering System Failure 11. M/E Failure
6. Grounding 12. Electrical Power Failure တို့ဖြစ်သည်။
359, Muster List ဆိုတာ ဘာလဲ ?
• Emergency Ship Board Situation မှာ Crew Member တစ်ဦးချင်းစီလိုက်နာရမည့် Procedure & Duty များရေးထားတဲ့ Instruction ဖြစ်ပါတယ်။
• Bridge , Fire Station, Engine Control Room, Mess Room တို့မှာကပ်ထားတယ်။
340, Fire Detector ဘယ်နှစ်မျိုးရှိလဲ ၊ ဘာတွေလဲ ?
1. Smoke Detector ---- Photo Electric Cell ကိုသုံး ၊Mechinary Space Accomodation ( Cargo Hold ) အတွက် Bridge မှာတပ် -----
2. Heat Detector - - - Bi-Metal Strip ကိုသုံး Galley မှာတပ် ----
3. Flame Detector ---- Radio Active Source ကိုသုံး Boiler Space, Machinery Space,
Fuel Transfer Pump နားမှာတပ် ---
341, Emergency Fire Pump ဘယ်မှာရှိလဲ ? ဘာနဲ့နှိုးသလဲ ?
1. Engine Room နဲ့ ဝေးတဲ့နေရာမှာ ထားတယ်။ Steering Flat (သို့) Forecastle မှာရှိမယ်။
2. Emergency Fire Pump မှာ Usually I.C Engine တပ်ထားမယ်ဆိုရင် Battery (သို့) Hand Crank နဲ့နှိုးတယ်။
3. တစ်ချို့မှာ Forecastle မှာထားသည်။ Motor နဲ့နှိုးတယ်။ Motor ရဲ့ Power က Engine Generator ကလာတယ်။
342, Emergency Fire Pump ကဘာအမျိးအစားလဲ ?
- Non-Positive Displacement ( Centrifugal ) Pump
- Suction Head ( ရေအောက်မှာရှိရမည်။ မရှိရင် Self Priming ရှိရမယ် )
- Vertical = 4.5m, Horizontal = 40ft, 2 Jets = Ф0.5, Flow Rate = 25 m3 / Hr )
343, Emergency Fire Pump ကို SOLAS Requirement အရရှိရမယ့် ဟာတွေက ဘာတွေလဲ ?
- Passenger Ship 1000 GRT နှင့် Cargo Ship 2000 GRT အထက်သင်္ဘောများမှာ Emergency Fire Pump ပါရမယ်။
- I.C Engine (သို့) Emergency G/E မှ လာတဲ့ Power နှင့် Drive လုပ်တဲ့ Fix Pump ဖြစ်ပြီး Self Cooling စနစ်ပါရှိရမယ်။ ( I.C Engine = Internal Combustion Engine )
- Own Sea Suction ရှိရမယ်။
- အနည်းဆုံး 25 m3/hr Capacity Pump ဖြစ်ရမည်။
- Suction Head သည် 4.5 m ထက်မပိုစေရဘူး ( Under all conduction of list and trim )
- သင်္ဘောပေါ်ရှိ မည့်သည့် Hydrant ၂ခုမှ ½ inch Dia; ရှိ Jet နှစ်ခုကို Horizontal 40Ft ရောက်အောင် ထိုးနိုင်ရမည်။
- Meergency Fire Pump ကို Engine Room နှင့် ဝေးရာမှာ ထားရမည်။
- Sea Level အထက်မှာ ထားရင် Priming Arrangement ပါရမည်။ Tunne ထဲမှာထားရင် Tannel ၏ Water Tight Door ကို E/R အပြင်မှ ပိတ်နိုင်ရမည်။
- I.C Engine ကို Full oad နဲ့ 3Hour မောင်းနိုင်တဲ့ Fuel ကို Service TK ထဲမှာ ရှိရမည်။ 15 Hour Reserve Fuel ကို E/R အပြင်မှာ Reverse Tank နဲ့ ထားရမည်။
344, Emergency Fire pump ရေမလိုက်ရင် ဘာလုပ်မလဲ ?
1. Manual Priming လုပ်မယ်။
2. Pin ဖြုတ်မယ်။ ရိုက်မယ် ( ရေခြူမယ်)။ ရေလိုက်ရင် Pin ပြန်တပ်မယ်။
3. Shaft Tunnel ထဲမှာထားရင် Priming ကို Aft-Peak-Tank မှ ရေယူမယ်။
4. Suction လိုက်ပြီဆို Sea Water ကိုသုံးမယ်။
345, Sprinkler System အလုပ်လုပ်ပုံကို ပြောပြပါ။
1. Pressure Tank တစ်ခုတွင် 8 bar Pressure ဖြင့် Maintain လုပ်ထားသော Fresh Water ကို System ထဲတွင် Charge လုပ်ထားသည်။
2. Sprinkler Head တစ်ခုစီတွင် Quartzoid Bulb တစ်ခုစီပါရှိသည်။ ( Bulb အတွင်းမှ High Expansion Ratio ရှိသော Special Fluid ဖြင့် ဖြည့်ထားသည် )
3. ထို Bulb ဖြင့် Water Pipe Outlet ရှိ Diaphragm ကို ပိတ်ထားပေးသည်။
4. မီူလောင်မှုကြောင့် Temp; တက်လာသောအခါ Quartzoid Bulb အတွင်းရှိ Special Fluuid သည် Expansion ဖြစ်လာသည်။ သတ်မှတ်ထားစော Temp; သို့ရောက်သောအခါ Quartzoid Bulb ကွဲသွားသည်။
5. ထိုအခါ Diaphragm ပွင့်သွာပြီး System ထဲတွင်ရှိနေသော ရေများ Pressure ဖြင့် ထိုးထွက်လာသည်။
6. System တွင် Pressure ကျသွားသောအခါ Bridge တွင် Audible& Visual Alarm လာမည်။ မည်သည့် Suction မှ Alarm သည် သိနိုင်ကြောင့် Fire Location ကို အလွယ်တကူ ရှာဖွေနိုင်သည်။
7. Pressure Tank အတွင်းမှ Pressure ကျသွားပြေီး 5.5 bar သို့ရောက်သွားသောအခါ Sea Water P/p သည် Auto ၍လည်မည်။ System ကိုSea Water ဖြင့် ဆက်လက်ထောက်ပံ့ပေးတယ်။
346, SOLAS အရ Sprinkler System တွင် ဘာတွေလိုအပ်သလဲ ?
1. Sprinkler Head သည် ကြမ်းပြင်ဧရိယာ 16m2 ကို Cover ဖြစ်အောင် ဖျန်းနိုင်ရမယ်။
2. Head တစ်ခုနှင့်တစ်ခု အကွာအဝေးသည် 4m အောက်ရှိရမည်။
3. Head နှင့် နံရံ ( Bulk Head ) အကွာအဝေးသည် 2m အောက်ရှိရမည်။
4. Section တစ်ခုစီအတွက် Sprinkler Head များ၏ အရေအတွက်ကို အခု ၂၀၀ ထ်မပိုစေရပါ။
5. Section aLarm များကို Test Cock များဖြင့် သီးခြားစီ စမ်းနိုင်ရမည်။ ( Weekly )
6. Sea Water Pump နှင့် Auto Alarm များကို နေရာ ၂ခုမှ Power Source ပေးနိုင်ရမယ်။
7. Sprinkler System အတွက် သီးခြား S.W Suction နှင့် SW Pump ကိုသုံးရမယ်။
8. Sprinkler Head မှ ရေတွက်သည့် Rate ကို 51 m2/min မှာ အနည်းဆုံးရှိရမယ်။
9. System တစ်ခုလုံးအတွက် Initial Charge အဖြစ် FW ကို 8 bar ဖြင့်ထိန်းထားသည်။ 8 bar မှ 5 bar ကို ကျသွားလျင် SW pump သည် Auto ထလည်ပြီး SW ကို ဆက်လက်ဖျန်းပေးရပါမယ်။
347, Sprinkler Head ရဲ့ Colour နှင့် Temp; များကို ပြောပြပါ။
1. Red = 68° 2. Green = 93° 3. Violet = 182° 4. Yellow = 79°
5. Blue = 141°
348, Fire Man Out-Fit ဆိုတာ ဘာလဲ ? သင်္ဘောပေါ်မှာ ဘယ်နှစ်ခုရှိလဲ ?
- Fire Man Out-Fit ဆိုတာ မီးသတ်ဝတ်စုံ ဖြစ်တယ်။ ( Protective Clothing )
- အနည်းဆုံး Onboard မှာ ၂ခုရှိရပါမယ်။
349, Fire man Out-Fit မှာ ဘာတွေပါသလဲ ?
1. Protective Clothing ( Protective Suit ) 1, PPE
2. Boots and Gloves 2, B.A Set
3. Rigid Helmet 3, Fire Axe
4. Safety Lamp 4, Life Line
5. Life Line 5, Safety Lamp
6. B.A Set
7. Fire Man Axe တို့ပါဝင်သည်။
400, E/R မှာရှိသော မီးသတ် ပစ္စည်းတွေက ဘာတွေလဲ ?
- Portable Fire Extinguisher
- Non-Portable Fire Extinguisher
- Fire Hose / Hydrant/ Nozzle
- Sand Box ( Capacity = 0.3m3 )
401, Cargo Hold အတွက် Fix Insullation တွေက ဘာတွလဲ ?
1. CO2 2. Inert Gas ( For Tanker )
402, Accommodation အတွက် Fix Installation ကဘာတွေလဲ ?
1. Sprinkler System 2. Fire Hydrant
403, Gallery မီးလောင်ရင် ဘာနဲ့ သတ်မလဲ ?
1. Co2
2. Dry Powder
404, မီးသတ်ဆေးဘူး ( Fire Extinguisher ) တွေမှာ ဘာတွေပါသလဲ ?
1. Operating Instruction 4, Manufacture Date
2. Capacity 5, Inspection Date and Kind
3. Test Pressure
405, မီးသတ်ဆေးဘူး အရောင်တွေကို ပြောပြပါ။
1. Water = Red (အနီ )
2. Foam = Pale Cream ( နို့နှစ်ရောင် ) 4, Halon = Green ( အစိမ်း )
3. CO2 = Black ( အနက်) 5, Dry Powder = French Blue ( အပြာ )
406, Fire Drill မှာ ဘာတွေလုပ်သလဲ ?
1. Fire Station မှာ လူစုမယ်။
2. Muster List မှာ ပါတဲ့အတိုင်း ကိုယ့်တာဝန် ကိုယ်လုပ်မယ်။
3. Emergency Fire Pump ကို မောင်းမယ်။
4. Fire Hydrant ၂ခုနှင့် သရုပ်ဆောင်မီးခြိမ်းမယ်။
407, M/E Space မှာ Fire Fighting Apperatus ဘယ်နှစ်ခုရှိသလဲ ?
- နှစ်ခုရှိပါတယ်။
408, E/R Fire အတွက် Fix Installation တွေကိုပြောပြပါ။
CO2 Flooding System
Mechanical Foam
Sprinkler (or) Pressurized Water
Inert Gas
Emergency Fire Pump, Hydrant , Hose , Nozzle
409, E/R တွင်ရှိသော Portable Fire Extinguisher တွေကို ပြောပြပါ။
CO2
Dry Powder
Chemical ( Powder ) Foam, Air Foam
Soda / acid
410, E/R မှာ မီးသတ်ဆေးဘူးတွေကို နေရာချပြပါ။
1, Engine Control Room ထဲမှာ 2, Boiler အနီးမှာ 3, Generator Engine အနီးမှာ
4, Serv; Tank, SeltTK အနီးတဝိုက်မှာ 5, F.O, D.O Transfer Pump အနီးမှာ
6, Work Shop ထဲမှာ 7, Electrical Room ( Store ) ထဲမှာ
411, Engine Room ရှိ Portable Fire Extinguisher အရေအတွက်က ဘယ်ပေါ်မှာမူတည်သလဲ ?
- E/R ရဲ့ Fire Extinguisher အရေအတွက်က Main Engine ရဲ့ Horse Power ပေါ်မူတည်ပြီး သတ်မှတ်ထားပါသည်။
412, Engine Room မီးမလောင်အောင် ဘယ်လိုဂရုစိုက် ကာကွယ်မလဲ ?
1. E/R ကို သန့်ရှင်းစွာ ထားရမယ်။
2. Oil Leakage ဖြစ်ရင် ချက်ခြင်းပြုပြင်မယ်။
3. Combustible Material တွေကို သတိနဲ့ကိုင်တွယ် အသုံးပြုမယ်။ ( Chemical )
4. Engine ရဲ့ Parts တွေမှာ Hot Spot တွေမရှိအောင် ဂရုစိုက်မယ်။
5. Naked Light သုံးခြင်းမှ ရှောင်ရပါမယ်။
6. Fire Pump, Fire Extinguisher တွေကို ပုံမှန်စစ်ဆေးပါမယ်။
7. Fire detector တွေကို ပုံမှတ် စစ်တေးပါမယ်။
8. Oil Drain တွေပိတ်မနေစေရန် အမြဲသန့်ရှင်းစေပါမယ်။
9. အမှိုက်တွေ Waste Rags တွေ အနှိုက်ပုံးထဲ ထည့်ပြီး ဖုံးထားပါမယ်။
413, Fix Installation တွင် CO2 Arrangement ကိုပြေပြပါ။
- Total CO2 Amount ရဲ့ ------- 30% သည် E/R အတွက်ဖြစ်သည်။
-------- 40% သည် Cargo Hold အတွက် ဖြစ်သည်။
414, CO2 Portable Fire Extinguisher နဲ့ မီးငြမ်းသတ်ပြပါ။
- ဦးစွာ Braker ကို OFF လုပ်မည်။
- Safety Pin ကိုဖြုတ်မယ်။ Lever ကို လက်နဲ့ညှစ်မယ်။ လက်တစ်ထက်က Hom ကိုကိုင်ကာ မီးရှိရာ ဘက်ကို
လှည့် ပြီးမီးငြိမ်းသတ်မယ်။လေ အထက်ကနေရမယ်။
- အခန်းထဲမှာဆိုရင် ထွက်ပေါက်ကို ကျောပေးပြီး မီးငြိမ်းမယ်။ တဖြည်းဖြည်းနောက်ကို ဆုတ်သွားမယ်။
- ကုန်သွားလျင် Bottle ကို အခန်းထဲမှာ ထားခဲ့ ပြီး တံခါးပိတ်ထားခဲ့မယ်။
- Electric Fire အတွက် အကောင်းဆုံးက ( Enclose Area ) ဖြစ်တယ်။
415, CO2 Control Box ကို ဘယ်မှာ ထားလဲ ?
CO2 Room ထဲမှာထားတယ် (သို့) Fire Station မှာ ထားပါတယ်။
416, CO2 ရှုမိရင် ဘာဖြစ်မလဲ ?
အသက်ရှုကြပ်မယ်။ Toxic Gas တော့မဟုတ်ပေမယ့် များများရှုရင် အောက်ဆီဂျင် မရလို့ သေနိုင်တယ်။
417, CO2 သုံးရင် အန္တရာယ်ရှိတဲ့ နေရာက ဘယ်နေရာလဲ ?
- Small Enclose Area ဖြစ်တယ်။
418, CO2 Flooding Systemဲရဲ့ Requirements တွေကို ပြောပြပါ။
o Bottle Capacity 67 Liter ( All steel Cylinder )
o Mass Of CO2 Charge 45 Kg
o Pressure 55 bar
o Safety Disc Burst Pressure 180 bar ( 175 to 195 bar )
o CO2 Bottle များကို Temp; 60°C မပိုစေရ။
o တင်ဆောင်လာသော Fix CO2 ရဲ့ ပမာဏသည် အနည်းဆုံး သင်္ဘောပေါ်ရှိ အကြီးဆုံးအခန်း၏ Gross Volume ရဲ့ 30% နှင့် Machinery Space Gross Volume ရဲ့ 40% ရှိရမည်။
o Co2 ကို Relief လုပ်ရင် 2 min အတွင်း Capacity ၏ 85% လွှတ်နိုင်ရမည်။
( Foam ဆိုရင် 5 min ကြာရင် အကုန်ထွက်မည် )
419, CO2 Cabinet Door ကိုဖွင့်၍ ရသလား? ဘယ်တော့ ဖွင့်သလဲ ? ဖွင့်ရင် ဘာဖြစ်မလဲ ဘယ်မှာထားသလဲ ?
CO2 Cabinet Door ကို ဖွင့်၍ ရသည်။ Fire Alarm မြည်ပြီးတာနှင့် Cabinet Door ကိုဖွင့်လိုက်သည်နှင့် CO2 Alarm မြည်မယ်။ CO2 Room ကို M/R Escape မှာထားတယ်။
420, Spray Nozzle နှင့် Jet Nozzle ဘာကွာသလဲ ?
- Spray Nozzle က Water အတွက်
- Jet Nozzle က Steam အတွက် အသုံးပြုတာပါ။
421, Type Of Fire Extinguishers များနှင့် Fire Class တွေကိုပြောပြပါ။
1. Soda Acid [ Class A ( Wood , Paper , Leather ) ]
2. CO2 , Water [ Class A ( Wood , Paper , Leather ) ]
3. Form [ Class B ( Oil ) ]
4. CO2 [ Class BC ( Oil , Electric ) ]
5. Water Miss [ Class D ( Metal ) ]
6. Dry Power [ All Types ]
422, Fire Detecting System က ဘာတွေလဲ ?
1. Smoke Detector
2. Heat Detector
3. Flame Detector
423, သင်္ဘောပေါ်မှာ Emergency အနေနဲ့ ဘာတွေရှိလဲ ?
1. Emercy; G/E
2. Emercy; Compressor
3. Emercy; Fire Pump
4. Emercy; Lighting
5. Emercy; Bilge Suction v/v
6. Emercy; Escape Doors
7. Emercy; Steering Gear
424, PID က ဘာလဲ ?
- Proportional Integral Derivation
425, Dry Dock မှာ Electrical Survey က ဘာလုပ်သလဲ ?
- Main Switch ရှိ ACB ကို Survey လုပ်သည်။
426, Generator ကို Manual နှိုးပြပါ။ မောင်းပြပါ။
1. L.O Hand Pump ရိုက်မည်။ L.O Cooler သို့သွားသော v/v ကိုပိတ်ပြီး By-Pass v/v ကိုဖွင့်မည်။
2. Sea Water Inlet နှင့် Outlet v/v များကို ဖွင့်မည်။
3. Fuel Control Rack များ Ease ဖြစ်နေစေရန် ဆီထိုးမည်။ Indicator Cocks များကို ဖွင့်မည်။
4. Fly Wheel ကို တစ်ပတ်ပြည့်အောင် လှည့်မည်။
5. Air Kick လုပ်ပြီး Indicator Cock များမှ ဘာထွက်သလဲ စစ်ဆေးမည်။
6. ဘာမှ မထွက်လျင် Indicator Cocks များကို ပြန်ပိတ်မည်။
7. ပြီးလျင် Engine Air Start လုပ်မည်။ Engine နှိုးသွားသောအခါ Starting Air Line v/v ကို ပိတ်မည်။
8. Engine နှိုးပြီးပြီးခြင်း L.O မလိုက်သေးလျင် L.O Pressure ရရှိစေရန် Hand Pump ရိုက်မည်။
9. အနည်းဆုံး 10 min မျှမောင်းပြီးသောအခါ L.O Pressure , Jacket Pressure, Sea Water Pressure နှင့် Exhaust Temp; များ ပုံမှနရှိ မရှိ စစ်ဆေးမည်။
427, Enclose Space ဆိုတာ ဘာလဲ ?
- လေဝင်လေထွက် ( ventilation ) မရှိဘဲ အချိန်ကြာမြင့်စွာ အလုံပိတ်ထားသော အခန်း (သို့) Tank တို့ကို Enclose Space ဟုခေါ်သည်။
428, Onboard ပေါ်မှာ Enclose Space တွေက ဘာတွေလဲ ?
1. Chain Locker
2. Ballast Tanks
3. L.O, F.O, D.O, တို့ရဲ့ Settling TK, Service TK and D.B Tk
4. Dark Keel ( Tunnel )
5. Confider TK
6. Forward Peak TK
7. Aft Peak TK
8. F.W Storage TK
429, Enclose Space ထဲဝင်ရင် လုပ်ရမယ့် Procedures များကို ပြောပြပါ ?
1. Enclose Space Entry Permit ကို Safety Officer ဆီမှတောင်းရမည်။
2. Men Hold ဖွင့်ကာ Ventilation ကို ၂၄ နာရီကြာ ပေးထားရမည်။
3. ပြီးနောက် Entry Permit ကို အဝင်ဝတွင် ချိတ်ဆွဲထားရမည်။
4. Ventilation ကောင်းစွာပေးပြီးနောက် Tank အတွင်းသို့ Gas Detector ဖြင့်တိုင်းတာ စစ်ဆေးကြည့်ကာ အောက်ဆီဂျင် အနည်းဆုံး 18% ရှိပြီး အခြားသော အန္တရာယ် ဖြစ်စေနိုင်သော Gas များမရှိပါက အထဲသို့ အနည်းဆုံး လူနှစ်ယောက်ဝင်ရမည်။
5. အပြင်ဘက်တွင် Confident Person တစ်ယောက်ကို ထားရမည်။
6. Tk ထဲဝင်မယ့်သူများသည် Life Line , Safety Lamp, V.H.F တို့ကို တပါတည်း ယူဆောင်သွားရမည်။
7. TK အဝင်အဝတွင် B.A Set တစ်စုံကို အဆင်သင့်ထားရှိရမည်။
430, Deck Crane မှာ Hydraulic Pump ဖြုတ်မယ်ဆို အဓိက ဘာတွေလုပ်ရမလဲ ?
1. Safety အတွက် Power Breaker ကို ချမယ်။
2. Pump ကိုမဖို့အတွက် Chain Block , Wire Rope , Belt နှင့် Shackle တို့ ကောင်းမကောင်း စစ်ဆေးမယ်။
3. Hydraulic TK မှ Pump သို့ အဝင် Suction Valve ကို ပိတ်မည်။
4. Main Deck ပေါ်မှ Scupper Plug များကိုပိတ်ပါမယ်။
431, Galley နှင့် Accommodation မီးလောင်ရင် ဘာနဲ့ငြိမ်းမလဲ ?
Galley -------- Dry Power , Foam, Fire Blanket
Accomo; ---- Soda Acid, Water Hydrant အဲဒါတွေမရှိရင် Fire Blanket, Sack Cloth Bag (ဂုံနီအိတ်)
ရေစွတ်ပြီး ရိုက်ရန်
Oil Dry Powder
Elect; Co2 , Dry Powder
Wood Water
432, E/R မီးလောင်ရင် ဘယ်လို သိနိုင်လဲ ?
- Smoke Detector မှ Alarm မြည် လို့ သိနိုင်သည်။
433, Control Room မီးလောင်ရင် ဘာနဲ့ ငြိမ်းမလဲ ဘယ်လို ငြိမ်းမလဲ ?
CO2 ငြိမ်းမယ် ။ Dry Powder နဲ့ ငြိမ်းမယ်။
အရေးကြီးတာက လေအထက်ကနေ အမြဲနေရမယ်။ CO2 နဲ့ သတ်မယ့် လေအောက်က နေမယ်ဆိုရင် ဒုက္ခရောက်မယ်။
ထွက်ပေါက်ကို ကျောခိုင်းပြီး ၊ အနည်းဆုံး ၃ပေ အကွာကနေ CO2 Extingusisher နဲ့ သတ်မယ်။
434, Control Room မှာနေစဉ် CO2 Control Box ဖွင့်တာ ဘယ်လိုသိနိုင်မလဲ ?
- CO2 Control Box ဖွင့်လျင် CO2 Alarm မြည်သဖြင့် Control Room မှ သိနိုင်ပါသည်။
435, Explosive Meter ဆိုတာ ဘာလဲ ?
- Fuel And Air Ratio ကို ဖေါ်ပြသော ကရိယာဖြစ်သည်။
436, International Shore Connection က ဘာအတွက်ထားတာလဲ ?
- Shore Fire Fighting Facility အတွက် ထားတယ်။
437, Sea Water On Deck ကို ဘာနဲ့ပေးလဲ ဘာကြောင့်ပေးလဲ ?
1. Fire Pump တွေဖြစ်တဲ့ G.S Pump, Ballast Pump တို့နဲ့ ပေးတယ်
2. Fire Hydrant တွေဆီ ရောက်တယ်
3. သင်္ဘောကျောက်ဆူး Anchor ဆေးတဲ့အခါသုံးတယ်
4. Fire Fighting အတွက်သုံးတယ်။
5. Hydraulic P/P For Cargo Winch Cooling အတွက် သုံးတယ်။
မေတ္တာဖြင့်
T.Y.M.M
No comments:
Post a Comment