ထရန်စဖော်မာများလျောက်ထားခြင်းဆိုင်ရာ သိမှတ်စရာများ
++++++++++++++++++++++++++++++++++++++
အိမ်သုံးမီတာ၊ အိမ်သုံး/စက်မှုသုံး ပါဝါမီတာ၊ ထရန်စဖော်မာများ လျှောက်ထားပါက သတ်မှတ်ချက်များနှင့် ပြည်စုံသော လျှောက်လွှာများအတွက် အိမ်သုံးမီတာ အား နေ့ချင်းပြီး နှင့် လျှောက်ထားပြီး နောက်တစ်ရက်အပြီး တွင်လည်းကောင်း၊ အိမ်သုံး/စက်မှုသုံး ပါဝါမီတာ အား လျှောက်ထားပြီး (၅)ရက်အတွင်း တွင် လည်းကောင်း တပ်ဆင်ပေးလျှက်ရှိပါသည်။ ထို့အပြင် ထရန်စဖော်မာအား လျှောက်ထားပြီး (၁)လအတွင်း တွင်လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ လုပ်ငန်းခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုအတွက် ထရန်စဖော် မာအား လျှောက်ထားပြီး (၅)ရက်အတွင်း တွင်လည်းကောင်း စိစစ်ပြီး ခွင့်ပြုမိန့် ထုတ်ပေးလျှက်ရှိ ပါသည်။ ငွေပေးသွင်းရမည့် နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ဇယား(၁) အိမ်သုံးမီတာအတွက် ပေးသွင်းရမည့်နှုန်းထားများ
************************************************************************
စဉ် အကြောင်းအရာ Digital မီတာပေးသွင်းရမည့် နှုန်းထား(ကျပ်)
၁ မီတာ ၆၅,၀၀၀
၂ မီတာပုံးခွံ ၁၅,၀၀၀
၃ အာမခံစဘော်ငွေ ၄,၀၀၀
၎ ကြိုးသွယ်ခ ၂,၀၀၀
၅ မီးဆက်ခ ၂,၀၀၀
၆ ကြီးကြပ်ခ ၁,၀၀၀
၇ မှတ်ပုံတင်ကြေး ၁,၀၀၀
စုစုပေါင်း ၉၀,၀၀၀
ဇယား(၂) အိမ်သုံးပါဝါမီတာအတွက် ပေးသွင်းရမည့်နှုန်းထားများ
****************************************************************
စဉ် မီတာအမျိုးအစား သတ်မှတ် ကြေး(ကျပ်) အာမခံစ ဘော်ငွေ (ကျပ်) ကြိုးသွယ် ခ/ဆက်ခ (ကျပ်) မှတ်ပုံတင်ကြေး (ကျပ်) Composit Box (ကျပ်) စုစုပေါင်း (ကျပ်)
--------------------------------------------
၁ ၁၀ကီလိုဝပ် 800,000 4,000 6,000 2,000 34,000 846,000
၂ ၂၀ကီလိုဝပ် 1,000,000 4,000 6,000 2,000 34,000 1,046,000
၃ ၃၀ကီလိုဝပ် 1,200,000 4,000 6,000 2,000 34,000 1,246,000
ဇယား(၂) အိမ်သုံးပါဝါမီတာအတွက် ပေးသွင်းရမည့်နှုန်းထားများ
စဉ် မီတာအမျိုးအစား သတ်မှတ် ကြေး(ကျပ်) အာမခံစ ဘော်ငွေ (ကျပ်) ကြိုးသွယ် ခ/ဆက်ခ (ကျပ်) မှတ်ပုံတင်ကြေး (ကျပ်) Composit Box (ကျပ်) စုစုပေါင်း (ကျပ်)
၁ ၁၀ကီလိုဝပ် 800,000 4,000 6,000 2,000 34,000 846,000
၂ ၂၀ကီလိုဝပ် 1,000,000 4,000 6,000 2,000 34,000 1,046,000
၃ ၃၀ကီလိုဝပ် 1,200,000 4,000 6,000 2,000 34,000 1,246,000
မှတ်ချက်။ ။ အထက်ပါ နှုန်းထားများနှင့်အတူ ပါဝါမီတာအရွယ်အစား (ကီလိုဝပ်)အလိုက် ပေးသွင်းရမည့် ကြီးကြပ်ခမှာ အလုပ်ရုံအတွင်း ဝါယာသွယ်တန်း တပ်ဆင်ခ၏ ၁၅% ပေးသွင်းရမည်ဖြစ်ပါသည်။
ဇယား(၃) စက်မှုသုံးပါဝါမီတာအတွက် ပေးသွင်းရမည့်နှုန်းထားများ
******************************************************************
စဉ် မီတာအမျိုးအစား သတ်မှတ် ကြေး(ကျပ်) အာမခံစ ဘော်ငွေ (ကျပ်) ကြိုးသွယ် ခ/ဆက်ခ (ကျပ်) မှတ်ပုံတင်ကြေး (ကျပ်) Composit Box (ကျပ်) စုစုပေါင်း (ကျပ်)
--------------------------------------------------------------------------------
၁ ၁၀ကီလိုဝပ် 800,000 82,500 8,000 2,000 34,000 944,500
၂ ၂၀ကီလိုဝပ် 1,000,000 157,500 8,000 2,000 34,000 1,219,500
၃ ၃၀ကီလိုဝပ် 1,200,000 232,500 8,000 2,000 34,000 1,494,500
မှတ်ချက်။ (က) အထက်ပါ နှုန်းထားများနှင့်အတူ ပါဝါမီတာအရွယ်အစား (ကီလိုဝပ်) အလိုက် ပေးသွင်းရမည့် ကြီးကြပ်ခမှာ အလုပ်ရုံအတွင်း ဝါယာသွယ်တန်း တပ်ဆင်ခ၏ ၁၅% ပေးသွင်းရမည်ဖြစ်ပါသည်။
( ခ) စက်မှုသုံး ပါဝါမီတာအတွက် စည်ပင်လုပ်ငန်းလိုင်စင် ရှိရမည့်အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုမိန့် ပါရှိရမည်ဖြစ်ပါသည်။
ဇယား(၄) ထရန်စဖော်မာအတွက် ပေးသွင်းရမည့်နှုန်းထားများ
*************************************************************
စဉ် ထရန်စဖော်မာ အမျိုးအစား (kVA) သတ်မှတ်ကြေး (Infra-structure) အာမခံစဘော်ငွေ (Deposit) လိုင်းကြိုးဆက် သွယ်ခ (ကျပ်) မီးဆက်ခ (ကျပ်) မှတ်ပုံတင်ကြေး (ကျပ်) စုစုပေါင်း (ကျပ်)
---------------------------------------------------------------------------------
၁ ၅၀ 1,800 000 307,500 6,000 2,000 20,000 2,135,500
၂ ၁၀၀ 2,100,000 607,500 6,000 2,000 20,000 2,735,500
၃ ၁၆၀ 2,400,000 967,500 6,000 2,000 20,000 3,395,500
၎ ၂၀၀ 2,700,000 1,207,500 6,000 2,000 20,000 3,935,500
၅ ၃၁၅ 3,300,000 1,897,500 6,000 2,000 20,000 5,225,500
၆ ၅၀၀ 4,500,000 3,007,500 6,000 2,000 20,000 7,535,500
၇ ၁၀၀၀ 7,800,000 6,007,500 6,000 2,000 20,000 13,835,500
၈ ၁၂၅၀ 9,300,000 7,507,500 6,000 2,000 20,000 16,835,500
၉ ၂၀၀၀၀ 200,000,000 120,007,500 6,000 2,000 20,000 320,035,500
၁၀ ၂၅၀၀၀ 250,000,000 150,007,500 6,000 2,000 20,000 400,035,500
၁၁ ၃၀၀၀၀ 300,000,000 180,007,500 6,000 2,000 20,000 480,035,500
မှတ်ချက်။ (က) အထက်ပါ နှုန်းထားများနှင့်အတူ ထရန်စဖော်မာ(ကေဗွီအေ) အလိုက် ပေး သွင်းရမည့် ကြီးကြပ်ခမှာ မြို့နယ်အလိုက် မီးသွယ်တန်းမှု ကုန်ကျစရိတ် အပေါ် ၁၅% နှင့် အုပ်ချုပ်မှုစရိတ်မှာ တပ်ဆင်ဝန်အားနှင့် ဓာတ်အားလိုင်း အကွာအဝေးအပေါ် အခြေခံ၍ တွက်ချက်ထားသည့် နှုန်းထားများအတိုင်း ပေးသွင်းရမည်ဖြစ်ပါသည်။
( ခ) ထရန်စဖော်မာ လျှောက်ထားရာတွင် ဇုန်အတွင်းဖြစ်ပါက ဇုန်ကော်မတီ၏ ထောက်ခံချက်နှင့် ရပ်ကွက်အတွင်းဖြစ်ပါက မြို့တော်စည်ပင်နှင့် သက်ဆိုင် ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုချက် ပါရှိရမည်ဖြစ်ပါသည်။
(ဂ ) ကျေးရွာမီးလင်းရေးအတွက်ဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိပြီး မီးလင်းရေးကော်မတီများ လိုက် နာရန် မူ (၁၂) ချက်အပေါ် ဝန်ခံကတိပြုရမည်။
(ဂ ) ကျေးရွာမီးလင်းရေးအတွက်ဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိပြီး မီးလင်းရေးကော်မတီများ လိုက် နာရန် မူ (၁၂) ချက်အပေါ် ဝန်ခံကတိပြုရမည်။
(ဃ) ရင်းနှီးမြှုပ်နှံမှုအတွက် ထရန်စဖော်မာ လျှောက်ထားပါက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ ဇုန်အတွင်းဖြစ်ပါက ဇုန်ကော်မတီ၏ ထောက်ခံစာ၊ ဝန်ခံကတိ နှင့် သုံးစွဲမည့် ဝန်အားစာရင်းတို့နှင့်အတူ ရန်ကုန် မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)၊ သစ္စာလမ်းတွင် ဖွင့်လှစ်ထားသော One Stop Service ရုံး (သို့မဟုတ်) သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံး၌ လျှောက်ထားနိုင်ပါသည်။
credit: yesc
No comments:
Post a Comment